Home သတင်း ‌ရွှေကျင်လျှပ်စစ်စီမံကိန်း‌ကြောင့် ‌လျော်‌ကြေးရရှိရန် ‌ဒေသခံများ ဒုသမ္မတ ဦးဉာဏ်ထွန်းထံ အသိ‌ပေးစာပို့

‌ရွှေကျင်လျှပ်စစ်စီမံကိန်း‌ကြောင့် ‌လျော်‌ကြေးရရှိရန် ‌ဒေသခံများ ဒုသမ္မတ ဦးဉာဏ်ထွန်းထံ အသိ‌ပေးစာပို့

1970

,h4>မတ်လ ၉ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ရွှေကျင်မြို့နယ် ‌ရွှေကျင်‌ချောင်း‌ပေါ်တွင် အစိုးရမှ တည်‌ဆောက်ခဲ့သည့် ‌ရွှေကျင်‌ရေအား လျှပ်စစ်စီမံကိန်း ‌ကြောင့် ဆုံးရှုံးမှုများအတွက် နစ်နာ‌ကြေးရရှိရန် ‌ဒေသခံများက မတ်လ ၃ရက် ‌နေ့စွဲဖြင့် ‌မြေယာ စီမံအသုံးချမှု စီမံခန့်ခွဲ‌ရေး ဗဟို ‌ကော်မတီ ဥက္ကဌ ဒု-သမ္မတ ဦးဉာဏ်ထွန်းထံသို့ အသိ‌ပေးစာ ပို့ခဲ့သည်။

အစိုးရ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ‌ရေအားလျှပ်စစ်အ‌ကောင်ထည်‌ဖော်‌ရေးဦးစီးဌာန အမှတ်(၄) တည်‌ဆောက် ‌ရေးဌာနမှ တည်‌ဆောက်သည့် ယင်းစီမံကိန်းတွင် ဥယျာဉ်ခြံ၊ လယ်ယာ‌မြေနှင့် ‌နေရာ‌ပြောင်း‌ရွှေ့ခံရ‌သော ‌ဒေသခံများ ‌လျော် ‌ကြေးပြန်ရရန် ‌ရွှေကျင်မြို့နယ် ဝင်းခနိမ်‌ကျေးရွာမှ ဦးချိုဝင်း၊ ‌အောက်မဲ‌ဇောင်း‌ကျေးရွာမှ ‌စောဝါးဒီးနှင့် ‌ရွှေကျင်မြို့ ရှမ်း‌ကြေးရပ်ကွက်မှ ဦးစံညွန့်၊ ဦးဘူး‌ဖောတို့က ဦး‌ဆောင်၍ စာတင်ပြ ‌ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဦး‌ဆောင်စာတင်‌ပေးသူ တစ်ဦးဖြစ်သည့် ဦးချိုဝင်းက “အခုချိန်မှာ ကျ‌နော်တို့‌တွေ ဆုံးရှုံးနစ်နာသွားတဲ့သူ‌တွေက အလုပ်အကိုင် အခွင့်အ‌ရေးရရှိဖို့၊ ပြီး‌တော့ နစ်နာသွားတဲ့ လူတစ်ဦးဆီတိုင်း နစ်နာ‌ကြေး အပြည့်အဝ ပြန်ရဖို့ ကျ‌နော်တို့က လိုချင်တယ်။ ကျ‌နော်တို့ကို တတ်နိုင်ဘက်က‌နေ ကူညီ‌ပေးဖို့‌မျှော်လင့်ပြီး ကျ‌နော်တု့ိ‌ဒေသခံ‌တွေစုပြီး စာတင်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအသိ‌ပေးစာကို ဒု-သမ္မတ ဦးဉာဏ်ထွန်းအပြင် မြန်မာနိင်ငံ လူ့အခွင့်အ‌ရေး‌ကော်မရှင်နှင့် မြန်မာနိုင်ငံ လယ်ယာ‌မြေ စုံစမ်း စစ်‌ဆေး‌ရေး‌ကော်မရှင်ထံသို့လည်း တွဲ၍ ‌ပေးပို့ခဲ့သည်ဟု ဦးချိုဝင်းက ဆက်လက် ‌ပြောဆိုသည်။

အဆိုပါစာထဲတွင် ‌နေပြည်‌တော်ရှိ သိမ်းဆည်းခံ‌မြေစုံစမ်း‌ရေး ‌ကော်မတီဥက္ကဌသို့ ၂၀၁၂ခုနှစ်၊ စက်တင်ဘာ ၂၇ရက်‌နေ့ကတစ် ကြိမ်၊ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၃ဝရက်‌နေ့ကတစ်ကြိမ် စာ‌ပေးပို့ခဲ့ပြီး‌နောက် ၂၀၁၄ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၆ရက်‌နေ့တွင် မြို့နယ်‌မြေ အသုံးချမှု စီမံခန့်ခွဲ‌ရေး‌ကော်မတီမှ အမှုတွဲပါ ‌ဒေသခံများကို ဝင်‌ရောက်စစ်‌ဆေး ‌မေးမြန်းခြင်းတစ်မျိုးသာ ပြုလုပ်ကာ နစ်နာ‌ကြေး များ ‌ပေး‌လျော်ခြင်းမရှိခဲ့‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် ‌ရေအားလျှပ်စစ်စီမံကိန်း‌ကြောင့် ‌ရေနစ်မြှုပ်ဆုံးရှုံး‌သော ဥယျာဉ်ခြံနှင့် လယ်‌မြေဧက‌ပေါင်း ၂၄၈၂ဧက ရှိသလို ဖျက် သိမ်း‌ပြောင်း‌ရွှေ့ရ‌သော ‌ကျေးရွာ၂ရွာမှ မိသားစု‌ပေါင်း ၄၂၂စုနှင့် ဘုန်းကြီး‌ကျောင်းသုံး‌ကျောင်း ပါဝင်သည်ဟု ‌ဒေသခံများက ဆို သည်။

ဥယျာဉ်ခြံ‌ရေမြှုပ်ခံရသူ ‌ဒေသခံ ‌စောကွာလိုက “လုပ်စားဖို့ ခြံ‌တွေက ‌ရေနစ်မြုပ်ကုန်ပြီ။ နစ်မြှုပ်သွားကတည်းက အခုချိန်ထိ ဘယ်သူမှ မလာကြည့်ဘူး၊ ဘာမှမ‌ပေးဘူး။ ကျ‌နော်တို့က လုပ်စားဖို့ ခြံ‌တွေ မရှိ‌တော့ဘူး။ တကယ်လို့ သူတို့ နစ်နာ‌ကြေး‌တွေ နည်းနည်းပြန်‌ပေးရင်‌တော့ အရမ်း‌ကောင်းတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရွှေကျင်‌ရေအားလျှပ်စစ်စီမံကိန်းသည် ‌ရွှေကျင်မြို့ အ‌ရှေ့‌မြောက်ဘက်ခြမ်း ၆မိုင်အကွာ ‌ရွှေကျင်‌ချောင်း‌ပေါ်တွင် ၂၀၀၁ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ အစိုးရ၏ လမ်းညွန်မှုဖြင့် စတင် အ‌ကောင်ထည်‌ဖော်ကာ ၂၀၁၁ခုနှစ်မှစ၍ လျှပ်စစ်ဓာတ်အား (၇၅) မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံ ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။