Home သတင်း ‌ရှေး‌ဟောင်းယဉ်‌ကျေးမှု ကရင်မြို့‌ဟောင်း‌နေရာကို ပြန်လည်‌ဖော်ထုတ်ရန် ‌ကော်မတီဖွဲ့စည်း

‌ရှေး‌ဟောင်းယဉ်‌ကျေးမှု ကရင်မြို့‌ဟောင်း‌နေရာကို ပြန်လည်‌ဖော်ထုတ်ရန် ‌ကော်မတီဖွဲ့စည်း

2039

မတ်လ ၆ရက်၊ ၂၀၁၅ခုနှစ်၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်း၊ ‌ကော့နွဲ‌ကျေးရွာအုပ်စုရှိ မြို့‌ဟောင်းရွာတွင် တည်ရှိ‌နေသည့် ‌ရှေး‌ဟောင်းယဉ် ‌ကျေးမှု ကရင်မြို့‌ဟောင်း‌နေရာကို ‌ဖော်ထုတ်ထိန်းသိမ်းရန်အတွက် မတ်လ ၂ရက်‌နေ့က အံဖကြီး‌ကျောင်းတွင် ‌ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။

အံဖကြီး‌ကျောင်း၌ ပြုလုပ်သည့် ‌ရှေး‌ဟောင်းသမိုင်းဝင် အမျိုးသားယဉ်‌ကျေးမှု အ‌မွေအနှစ်ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး အစည်း အ‌ဝေးတွင် ယင်း‌ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဆရာ‌တော်သံဃာ‌တော်များ၊ ‌ကော့ကရိတ်မြို့နယ်ရှိ ‌ကေအဲန်ယူတာဝန်ရှိသူများ၊ အစိုးရဘက်မှ ‌ကော့ကရိတ်မြို့နယ်ရှိ တာဝန်ရှိသူများနှင့် ‌ဒေသခံများ စုစု‌ပေါင်း လူဦး‌ရေ ၂၈ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

‌ကော်မတီအဖွဲ့တွင် ဥက္ကဌအဖြစ် ‌ရွေးချယ်တင်‌မြှောက်ခြင်းခံရသည့် ‌ကော့ပလံ‌ကျောင်းမှ ဆရာ‌တော် အရှင်‌ခေမာစာရက “‌ကော့ ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ ‌ရှေး‌ဟောင်းယဉ်‌ကျေးမှု‌တွေ မပ‌ပျောက်ဖို့၊ ကာကွယ်ထိန်းသိမ်းဖို့ အခု နန်းမြို့‌ဟောင်းလို့ ‌ပြော တယ်။ ကျန်တဲ့ ဘုရား‌စေတီပုထိုး‌တွေလည်း ပါတာ‌ပေါ့။ အဓိက ကာကွယ်ထိန်းသိမ်း‌စောင့်‌ရှောက်ဖို့ပါ။ အစွမ်းကုန်‌တော့ ကြိုး စားမှာပါ”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

ယင်းကရင်မြို့‌ဟောင်း‌နေရာကို မတ်လအတွင်းက ပထမဦးဆုံးအ‌နေဖြင့် ‌မြေ‌နေရာသတ်မှတ်ခြင်း၊ ‌မြေ‌နေရာတွင် အုတ်ဖုတ်ခြင်း၊ သဲထုတ်ခြင်း၊ အ‌ဆောက်အဦးများ မ‌ဆောက်လုပ်ရန် ထိန်းသိမ်းကာကွယ် လုပ်‌ဆောင်သွားမည်ဖြစ်သလို နှစ်‌ပေါင်းမည်မျှကြာခဲ့ ပြီးဖြစ်‌ကြောင်း သိရှိရန် သမိုင်းပညာရှင်များကို ‌ခေါ်ယူကာ ‌ဖော်ထုတ်သွားမည်ဖြစ်သည်ဟု အဆိုပါဆရာ‌တော်က ဆက်လက် မိန့်ကြားသည်။

အံဖကြီး‌ကျောင်း၌ ပြုလုပ်သည့် အစည်းအ‌ဝေး၌ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ‌ကော့ကရိတ်မြို့နယ် အတွင်း‌ရေး မှူး ပဒို‌စောအယ်‌ကော်‌သော၊ လယ်ယာဌာနမှူး ပဒိုမန်းသူ‌လောင့်၊ ဗိုလ်‌လောင်အဲနှင့် အစိုးရဘက်မှ ‌ကော့ကရိတ်မြို့နယ် အုပ်ချုပ် ‌ရေးမှူး ဦးနိုင်မင်းဦး၊ ကရင်ပြည်နယ် စာ‌ပေနှင့် ယဉ်‌ကျေးမှုအသင်းဥက္ကဌ ‌စော‌အေးမြနှင့်အဖွဲ့၊ ကရင်ပြည်နယ်ရှိ ဘုန်းကြီး‌ကျောင်း ၃၅‌ကျောင်းမှ ဆရာ‌တော် သံဃာ‌တော်များနှင့် ‌ကျေးရွာ ၂၂ရွာမှ ‌ဒေသခံများ စုစု‌ပေါင်း လူဦး‌ရေ ၁၀၀‌ကျော် တက်‌ရောက် ‌ဆွေး ‌နွေးခဲ့ကြသည်။

ကရင်ပြည်နယ် စာ‌ပေယဉ်‌ကျေးမှုအသင်း ဥက္ကဌ ‌စော‌အေးမြက “အခုလိုမျိုး ပြန်လည်‌ဖော်ထုတ်တာ‌တော့ လုပ်သင့်တာကြာပြီး လို့ ကျ‌နော်မြင်တယ်။ ‌ရှေး‌ဟောင်းအ‌မွေအနှစ်က ထိန်းသိမ်းသင့်တာ‌ပေါ့။ ကရင်ချည်းပဲ မဟုတ်ဘူး၊ အခြားလူမျိုးပဲဖြစ်ဖြစ် ‌ရှေး ‌ဟောင်းအ‌မွေအနှစ်ဟာ အကုန်လုံး ထိန်းသိမ်းသင့်တယ်။ ဒီလိုလုပ်တဲ့အခါမှာလည်း ကရင်အမျိုးသားတရပ်လုံး ဝိုင်းဝန်းပံ့ပိုးဖို့ လိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌ကော်မတီဝင်တစ်ဦးဖြစ်သည့် အံဖကြီး‌ကျေးရွာသူ နန်းတူကလည်း “ကျမတို့ ကရင်လူမျိုးမှာ အရင်တုန်းက ဘုရင်ရှိခဲ့တယ်ဆို တာ မသိခဲ့ရဘူး။ အခုပြန်သိရတဲ့အခါကျ‌တော့ အရမ်းကို ဝမ်း‌မြောက်ဝမ်းသာဖြစ်မိတယ်။ ကျမတို့ရဲ့ဘုရင်ရှိခဲ့တဲ့ အ‌မွေအနှစ်ဟာ မပ‌ပျောက်ရ‌အောင် ပြန်လည်ကာကွယ်ထိန်းသိမ်းပြီး‌တော့ အမြန်ဆုံး‌ဖော်ထုတ်‌စေချင်တယ်”ဟု ‌ပြောဆိုသည်။

‌ကော့နွဲ‌ကျေးရွာအုပ်စုရှိ ‌ရှေး‌ဟောင်းယဉ်‌ကျေးမှု ကရင်မြို့‌ဟောင်း‌နေရာသည် ဗုဒ္ဓဘုရားမပွင့်မီကပင် ဘိုး‌တော်အဉ်ဖနမင်း ဖြိုခွင်း သက္ကရာဇ် ၈၈ခုနှစ်၌ ကရဏ္ဏကတိုင်း၊ သထုံသုဘိန္နမြို့ရှင် တိဿသက္ကမင်းကြီး တည်‌ထောင်ခဲ့သည့် ပိုင်တ‌ရောင့်ဒုံ (‌ခေါ်) ‌ဇေယျ မြို့ကို အုပ်စိုး‌သော ‌စောဗျညားဣန္ဒ‌သေနရာဇာဘွဲ့ခံ သုံးဆယ်သုံးဆူဘုရားဒါယကာ အဓူလာမင်းကြီး၏ ‌ရှေး‌ဟောင်းသမိုင်းဝင် ကျုံး၊ မြို့ရိုး၊ ‌ရေကန်များ ယခုထက်တိုင်ရှိ‌နေ‌ကြောင်း ဆရာ‌တော်များ၏ ‌ပြောပြချက်များအရ သိရသည်။