Home ထိပ်တန်းသတင်း ‌ရေကာတာစီမံကိန်းများ‌ကြောင့် ငြိမ်းချမ်း‌ရေးကို ထိခိုက်နိုင်ဟု KRW ‌ပြောဆို

‌ရေကာတာစီမံကိန်းများ‌ကြောင့် ငြိမ်းချမ်း‌ရေးကို ထိခိုက်နိုင်ဟု KRW ‌ပြောဆို

1633

မတ်လ ၁၅ရက်၊၂၀၁၅ ခုနှစ်။ ‌စောညွန့်‌သောင်း

တိုင်းရင်းသား‌ဒေသ ပဋိပက္ခဖြစ်ပွားရာ ‌နေရာများတွင် အ‌ကောင်အထည်‌ဖော်မည့် ‌ရေကာတာစီမံကိန်းများ ‌ကြောင့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို ထိခိုက်လာနိုင်သည်ဟု ကရင်မြစ်‌ချောင်းများကွန်ရက် (KRW) မှ ‌စောသာဘိုး က မတ်လ ၁၄ ရက်‌နေ့တွင် ‌ကေအိုင်စီသို ့‌ပြောဆိုသည်။

၎င်းက “ အခု ကရင်ပြည်နယ် ဟတ်ကြီး ‌ရေကာတာစီမံကိန်း တည်ရှိရာ‌ဒေသ အနီးတစ်ဝိုက်ကို ထိန်းချုပ်နိုင်ဖို ့ အတွက် အစိုးရစစ်တပ်က စစ်စခန်း‌တွေတိုးချဲ့ချထား လာတယ်၊ ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်‌နေတယ်လို ့ ‌ပြောပြီး တစ်ဖက်မှာ ‌ဒေသခံ‌တွေအတွက် အကျိုးမရှိတဲ့ ‌ရေကာတာ တည်‌ဆောက်ဖို့ အခုလို စစ်အင်အား တိုးချဲ့တာက နှစ်ဖက် ယုံကြည်မှု‌တွေ ပျက်စီးပြီး ငြိမ်းချမ်း‌ရေးကို ထိခိုက်လာနိုင်ပါတယ် ” ဟု‌ပြောသည်။

မတ်လ ၁၄ ရက်‌နေ့တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုုင်ရာမြစ်‌ချောင်းများ ထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဟတ်ကြီး ‌ရေကာတာ တည်‌ဆောက်မည့် ‌နေရာ၌ ‌ဒေသခံများနှင့်ကရင်မြစ်‌ချောင်းကွန်ရက်တို့ စီမံကိန်းကို ကန် ့ကွက်ဆန္ဒထုတ်‌ဖော်ပွဲ တစ်ရပ်ပြုလုပ်ခဲ့ပြီး အခမ်းအနားသို ့ လူအင်အား ၂၀ဝ ‌ကျော်တက်‌ရောက်ခဲ့သည်။

အခမ်းအနားတက်‌ရောက်လာသူ ‌ဒေသခံ တစ်ဦးဖြစ်သည့် ‌စောသန်းရီက “ သံလွင်မြစ်ဟာ ‌ဒေသခံ အတွက် ‌တော့ အသက်‌သွေး‌ကြောပါပဲ။ ‌ရေကာတာ‌ဆောက်ဖြစ်ရင် ကျ‌နော်တို့ကို သတ်လိုက်တာနဲ့ အတူတူပဲ။ အခြား ‌နေရာ‌တွေမှာလည်း လုပ်ကိုင်စား‌သောက်လို့ မတတ်ကြဘူး။ ‌ဒေသခံ‌တွေက ‌တော‌တောင်‌တွေမှာပဲ လုပ်ကိုင် စား‌သောက်တတ်ကြတာ တခြား‌နေရာ ‌တွေမှာမလုပ်စားတတ်ဘူး။ အသက်ရှင်‌နေသ၍ ‌ရေကာတာ တည် ‌ဆောက်‌ရေးကို ဆန့်ကျင်သွားမယ် ” ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

ဟတ်ကြီး ‌ရေကာတာစီမံကိန်းသည် ပြည်သူများအတွက် အကျိုးမရှိသဖြင့် ပြည်သူလူထုဆန္ဒသ‌ဘောအတိုင်း ‌ရေကာတာမဖြစ်‌မြောက်‌စေရန် ကာကွယ်သွားမည်ဟု ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်‌တော် (DKBA) ကလိုထူးလားအဖွဲ့မှ ‌တောင်ကြားစခန်း တပ်ရင်းမှူး ‌စောသိန်းဝင်းက ‌ကေအိုင်စီသို ့ ‌ပြောသည်။

လက်ရှိ ‌ရေကာတာများတည်‌ဆောင်မည့်‌နေရာများကို ထိန်းချုပ်ရန် အစိုးရစစ်တပ်များ တိုးချဲ့ ချထားခြင်း၊ ‌ဒေသခံလူထု သ‌ဘောထားရယူခြင်း၊ လိုအပ်သည့် သတင်းအချက်အလက် များချပြမှုမရှိခြင်း၊ စီမံကိန်း‌ကြောင့် ‌ဒေသခံများ ဘိုးဘွားအစဉ်အဆက်လုပ်ကိုင်စား‌သောက်‌နေသည့် ‌မြေယာများ ဆုံးရှုံးခံရပြီး ‌လျော်‌ကြေး မရရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်းများ ဖြစ်‌ပေါ်နိုင်သည်ဟု KRW က ဆိုသည်။

လျှပ်စစ်စွမ်းအားအများစုသည် ပြည်ပနိုင်ငံများအတွက်သာ ဖြစ်ပြီး ရရှိလာမည့် အကျိုးအမြတ်များကို ‌ဒေသခံများ ခံစားရမည်မဟုတ်သည့်အတွက်စီမံကိန်းကို အလိုမရှိဟု ကရင်မြစ်‌ချောင်းများကွန်ရက်က မတ်လ ၁၄ ရက်က ထုတ်ပြန်သည့် ‌ကြေငြာချက်တွင်‌ဖော်ပြ ထားသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန၊ ဒုဝန်ကြီး ဦး‌မော်သာ‌ထွေးကမူ သံလွင်မြစ်‌ပေါ်မှ စီမံကိန်းများတွင် တမံအဆင့်ဆင့်‌ကြောင့် ဖြစ်‌ပေါ်လာမည့် သက်‌ရောက်မှုများကို ‌လေ့လာပြီး လုပ်‌ဆောင်ရန်စီစဉ်ထားသလို ‌ဘေးအန္တရာယ်ကင်း‌ရေး အစီအမံများ‌ဆောင်ရွက်ပြီးစီးထားမှုများ အ‌ခြေအ‌နေ အလိုက် ပြည်သူများသို ့ အလျင်သင့်သလို အသိ ‌ပေးသွားရန် ရှိသည်ဟု မတ်လ ၁၂ ရက်‌နေ ့ပြည်သူ့ လွှတ်‌တော်အစည်းအ‌ဝေးတွင် ‌ပြောဆိုထားသည်။

အစိုးရက သံလွင်မြစ်‌ပေါ်တွင် ကွမ်းလုံ၊ ‌နောင်ဖာ၊ မန်‌တောင်၊ တာဆန်း(သို ့)မိုင်းတုံ၊ ရွာသစ်နှင့် ဟတ်ကြီး ‌ရေကာတာများတည်‌ဆောက်ရန် ထိုင်းနှင့် တရုတ်ကုမ္ပဏီများအပြင် International Group of Entrepreneurs Co. Ltd, Shwe Taung , Asia World စသည့် မြန်မာကုမ္ပဏီများလည်း ယင်းစီမံကိန်းတွင်ပါဝင် မည်ဖြစ်သည်ဟု စီမံကိန်းများကို ‌စောင့်ကြည့် ‌နေသည့် လူမှုအဖွဲ့ အစည်းများထံမှသိရသည်။