Home သတင်း ‌ဖောက်လုပ်‌နေဆဲ မြဝတီ-‌ကော့ကရိတ် အာရှလမ်းမ ကားလမ်းသစ် သွားလာခွင့် ပိတ်ပင်ထား

‌ဖောက်လုပ်‌နေဆဲ မြဝတီ-‌ကော့ကရိတ် အာရှလမ်းမ ကားလမ်းသစ် သွားလာခွင့် ပိတ်ပင်ထား

1685

မတ်လ ၆ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်အတွင်း အာရှလမ်းမဟု လူသိများ‌နေ‌သော ‌ဖောက်လုပ်‌နေဆဲ မြဝတီ- ‌ကော့ကရိတ် ကားလမ်းသစ်တွင် တရားမ ဝင် သွားလာ‌နေကြသည့် ‌မော်‌တော်ယာဉ်များကို မတ်လ ၄ရက်‌နေ့မှစတင်၍ ကရင်လက်နက်ကိုင်များ ညီညွတ်‌ရေး‌ကော်မတီက သွားလာခွင့်ပိတ်လိုက်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဆက်ဆံ‌ရေးရုံး တာဝန်ခံ ဗိုလ်မှူး‌စော‌ဇောရိုး က ထုတ်‌ဖော်‌ပြောဆိုသည်။

၎င်းက “အဓိက‌တော့ လမ်း‌ဖောက်လုပ်‌နေတဲ့ ထိုင်းကုမ္ပဏီမန်‌နေဂျာက ကား‌တွေသွား‌နေ‌တော့ လမ်း‌ဖောက်ရတာ ‌နှောင့်‌နှေး ကြန့်ကြာမှုရှိတဲ့အတွက် အကူအညီ‌တောင်းလို့ အစည်းအ‌ဝေးထိုင်ပြီး ပိတ်လိုက်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လက်နက်ကိုင်များညီညွတ်‌ရေး‌ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် KNU၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/KNlA(PC)မှ တာဝန်ရှိသူများ အပါအဝင် လမ်း ‌ဖောက်လုပ်‌နေသည့် ထိုင်းကုမ္ပဏီ တာဝန်ရှိသူတို့ မတ်လ ၃ရက်‌နေ့က မြဝတီမြို့ရှိ KNU တပ်မဟာ(၇) ဆက်ဆံ‌ရေးရုံးတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြပြီး‌နောက် ကားလမ်းသစ်အား သွားလာခွင့် ပိတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ ‌ဆွေး‌နွေးကြရာတွင် တရားမဝင် ကုန်တင်ကားနှင့် ခရီးသည်တင်ကားများ သွားလာခွင့်မပြု‌တော့ခြင်း၊ လက်နက်ကိုင်အဖွဲ့ အစည်းများ သွားလာမည်ဆိုပါက သက်ဆိုင်ရာ ဆက်ဆံ‌ရေးရုံးများတွင် တင်ပြရခြင်း၊ အစိုးရဌာနဆိုင်ရာ ကားများဖြစ်ပါက ဆက်ဆံ‌ရေးရုံးများသို့ အသိ‌ပေးခြင်း စသည့်အချက်များ ဆုံးဖြတ်ချက်တွင် ပါဝင်သည်။

သို့ရာတွင် ဆိုင်ကယ်ဖြင့် သွားလာခြင်း၊ လမ်း‌ကြောတစ်‌လျှောက်မှ ‌ကျေးရွာများဖြစ်သည့် ထီးမူးထာ့၊ နို့ဖိုးနှင့် မဲ့ကနဲ ‌ကျေးရွာလူ ထုအတွက်မူ ချွင်းချက်အ‌နေဖြင့် သွားလာခွင့်‌ပေးထားကာ အခြား‌သောကားများကို လမ်း‌ဖောက်လုပ်ပြီးစီးမှသာ ဖြတ်သန်းသွား လာခွင့် ‌ပေးနိုင်မည်ဖြစ်‌ကြောင်း သိရသည်။

‌ဆွေး‌နွေးမှုတွင် ပါဝင်‌သော BGF တပ်နယ်(၃) မှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က “အခုက ကား‌တွေ သွားလာမှုက အရမ်းများ‌တော့ လမ်း‌ဖောက်တဲ့သူ‌တွေ အ‌နှောက်အယှက်ဖြစ်တာ‌ပေါ့။ အခုလို ခဏဒုက္ခခံလိုက်‌တော့ ‌ရေရှည် ‌အေး‌အေး‌ဆေး‌ဆေး သွားရတာ‌ပေါ့။ လမ်းက သူတို့ဖြစ်သလို လုပ်လိုက်ရင် ‌နောင်အစ်ကိုတို့ ပြည်သူပဲ ‌သောကများဖို့ ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကားလိုင်း‌ပြေးဆွဲသူ ကို‌မောင်လွင်က “ကျ‌နော်က‌တော့ ‌ပေးမသွားဘူးဆိုလည်း ဘယ်သူမှ ‌ပေးမသွား‌တော့နဲ့။ အိမ်စီးကား‌ရော အဖွဲ့အစည်းကား‌ရော ခရီးသည်တင်ကား‌ရော‌ပေါ့။ ဘာကားပဲဖြစ်ဖြစ်‌ပေါ့။ မဟုတ်ရင် လာဘ်ထိုးပြီး သွား‌နေကြမှာပဲ။ အရင်က အဲဒီလမ်း‌ကြောင်းသွားတာ အသွားအပြန် ဂိတ်‌ကြေးသက်သက်ပဲ ကျပ် ၈‌ထောင်‌လောက် ‌ပေး‌နေရတယ်”ဟု ‌ပြောဆိုသည်။

အဆိုပါကားလမ်းသစ်ကို ၂၀၁၄ခုနှစ်မကုန်ခင်ကတည်းက ကားများ ဖြတ်သန်းသွားလာမှု ရှိ‌နေခဲ့ပြီး ထိုလမ်း‌ကြောတစ်‌လျှောက် တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်၊ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်၊ ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့များအပြင် မြန်မာအစိုးရတပ်ကလည်း ဂိတ်ထားရှိကာ ‌ကောက်ခံမှုရှိ‌နေခဲ့သည်။ ထို့အပြင် ဘာသာ‌ရေးအရ အလှူ‌ငွေ‌ကောက်ခံသည့် ‌နေရာ တစ်ခုလည်း ရှိသည်ဟု မြင်‌တွေ့ခဲ့သူ ခရီးသည်များက ‌ပြောသည်။

ယခု‌ဖောက်လုပ်‌နေ‌သော မြဝတီ-‌ကော့ကရိတ်‌တောင်ပတ်လမ်းသစ်ကို ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် See Sang Karnyotah Co.ltd မှ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလကတည်းက တာဝန်ယူ‌ဖောက်လုပ်‌ပေးခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလတွင် အပြီးသတ် ‌ဖောက်လုပ် မည်ဖြစ်ကာ ဩဂုတ်လတွင် လမ်းဖွင့်လှစ်သွားရန်ရှိ‌ကြောင်း သိရသည်။