Home ဆောင်းပါး (အကြမ်းဖက်မှု) + (‌ဗြောင်လိမ်လည်မှု) = နိုင်ငံ‌တော်အစိုးရ

(အကြမ်းဖက်မှု) + (‌ဗြောင်လိမ်လည်မှု) = နိုင်ငံ‌တော်အစိုးရ

2907

(‌မောင်‌ကျော်စွာ)

၂၀၁၅ခုနှစ်၊ မတ်လ ၈ရက်

သချင်္ာပုစ္ဆာများမှာကဲ့သို့ မြန်မာ့နိုင်ငံ‌ရေးတွင်လည်း ဤသို့ ပုံ‌သေနည်း ထုတ်လျှင်ရမည်ဟု ထင်မြင်ယူဆပါသည်။

(အကြမ်းဖက်မှု) + (‌ဗြောင်လိမ်လည်မှု) = နိုင်ငံ‌တော်အစိုးရ

“အကြမ်းဖက်မှုနှင့် ‌ဗြောင်လိမ်လည်မှု” တို့သည် သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ သ‌ဘောသဘာဝကို ‌ဖော်ပြရာတွင် အဓိက ကျသည့် စကားလုံးနှစ်ခုပင် ဖြစ်ပါသည်။ အကြမ်းဖက်မှုကို ပြုလုပ်ပြီးလျှင် ‌ဗြောင်လိမ်လည်‌ပြောဆိုမှု ကပ်ပါလာတတ်ပြီး အပြန် အလှန်အားဖြင့် ‌ဗြောင်လိမ်လည်‌ပြောဆိုမှုပြုပြီး‌နောက် အကြမ်းဖက်မှု လိုက်ပါလာတတ်စမြဲဖြစ်သည်။

ယင်းသ‌ဘောသဘာဝနှင့် အမူအကျင့်သည် သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရတစ်ခုတည်း၏ သီးခြားလက္ခဏာမဟုတ်။ ကြံ့ဖွံ့အ စိုးရ၏ အာဏာအ‌မွေဆက်ခံခဲ့သည့် (နဝတ-နအဖ) စစ်အစိုးရ၏ စရိုက်သဘာဝနှင့် အပြုအမူကလည်း ထိုနည်းလည်း‌ကောင်း ပင်ဖြစ်သည်။ (နဝတ-နအဖ) စစ်အစိုးရကလည်း ထိုစရိုက်သဘာဝနှင့်အပြုအမူကို ဗိုလ်ချုပ်ကြီး‌နေဝင်း၏ “‌တော်လှန်‌ရေး ‌ကောင်စီ” သို့မဟုတ် (မဆလ)အစိုးရ၏ အ‌မွေကို ဆက်ခံထားခြင်းဖြစ်ပါသည်။ ဘမျိုးဘိုးတူဆိုသည့်စကားကဲ့သို့ပင်။ သို့ဖြင့် “အကြမ်းဖက်မှုနှင့် ‌ဗြောင်လိမ်လည်မှု”အ‌မွေကို “‌တော်လှန်‌ရေး‌ကောင်စီ သို့မဟုတ် (မဆလ) အစိုးရ”ထံမှ (နဝတ-နအဖ) စစ်အစိုးရသည်လည်း‌ကောင်း၊ (နဝတ-နအဖ) အစိုးရထံမှ သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည်လည်း‌ကောင်း ရိုးရာအစဉ်အလာ မပျက် ထိန်းသိမ်းဆက်ခံခဲ့ကြသည်။

ယင်းသို့ ဘမျိုးဘိုးတူ “အကြမ်းဖက်မှုနှင့် ‌ဗြောင်လိမ်လည်မှု” ပြုခဲ့ကြပုံနှင့် ပတ်သက်၍ ထင်ရှားသည့် သက်‌သေသာဓကအချို့ကို တင်ပြပါမည်။

‌တော်လှန်‌ရေး‌ကောင်စီနှင့်(မဆလ) အစိုးရ၏ “အကြမ်းဖက်မှုနှင့် ‌ဗြောင်လိမ်လည်မှု”

ဗိုလ်ချုပ်ကြီး‌နေဝင်း၏ ‌တော်လှန်‌ရေး‌ကောင်စီအစိုးရသည် “ဖက်ဒရယ်မူ”ကို ခွဲထွက်‌ရေး၊ ပြည်‌ထောင်စုဖြိုခွဲ‌ရေးအဖြစ် လိမ်လည် သရုပ်ဖျက်၍ အာဏာသိမ်းခဲ့သည်။ ယင်း‌နောက် “၇ရက်၊ ဇူလိုင်” အကြမ်းဖက်သတ်ဖြတ်မှုနှင့် (တကသ) အ‌ဆောက်အအုံကို မိုင်းဗုံးဖြင့် ဖြိုချခဲ့သည်။ ယင်း‌နောက် (မဆလ) “အတုအ‌ယောင်ဆိုရှယ်လစ်ဝါဒ” (၁၉၇၄ အ‌ခြေခံဥပ‌ဒေ)ဖြင့် အုပ်စိုးပါသည်။ ထိုကာလတွင် ၇၄၊ ၇၅၊ ၇၆ ‌ကျောင်းသား၊ အလုပ်သမား အ‌ရေးအခင်းများ၊ ၁၉၈၇ ‌ငွေစက္ကူအ‌ရေးအခင်းများတွင် အကြမ်းဖက် ခဲ့ပြီး ၁၉၈၈ခုနှစ်တွင် ‌ပေါ်‌ပေါက်လာ‌သော ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံကြီးကို အကြမ်းဖက်ဖိနှိပ်ခဲ့ပါသည်။ ‌ကျောင်းသားလူငယ်များ စွာ ပစ်သတ်ခံရပါသည်။ အကျဉ်း‌ထောင်များအတွင်း လူမဆန်စွာ နှိပ်စက်ညှင်းပမ်းခဲ့ပါသည်။ ထို့အပြင် ၈၈ ဒီမိုက‌ရေစီအ‌ရေး ‌တော်ပုံကြီးအား “မင်းမဲစရိုက် ဆူပူ‌သောင်းကျန်းမှု” ဖြစ်‌လေဟန် လိမ်လည် သရုပ်ဖျက်ခဲ့ပါသည်။

(နဝတ-နအဖ) စစ်အစိုးရ၏ “အကြမ်းဖက်မှုနှင့် ‌ဗြောင်လိမ်လည်မှု”

အာဏာသိမ်း‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး‌စော‌မောင်က ၁၉၉ဝပြည့် ‌ရွေး‌ကောက်ပွဲပြီးလျှင် အနိုင်ရသည့်ပါတီအား အာဏာအပ် ၍ စစ်တပ်က စစ်တန်းလျားပြန်မည်ဟု တိုင်းသိပြည်သိ ကတိစကား‌ပြောကြားခဲ့‌သော်လည်း ထိုကတိစကားကို ‌ဖောက်ဖျက်ခဲ့ သည်။ ၁၉၉ဝပြည့် ‌ရွေး‌ကောက်ပွဲရလဒ်ကိုလည်း အသိအမှတ်မပြုခဲ့‌ချေ။ ထို့အပြင် ‌ကျောင်းသားလူငယ်များ၊ ဒီမိုက‌ရေစီအ‌ရေး လှုပ်ရှားသူများ အ‌မြောက်အများ ဖမ်းဆီးပြီး နှစ်ရှည်‌ထောင်ဒဏ်များချမှတ်ကာ ‌ထောင်တွင်းအကြမ်းဖက်မှုမျိုးစုံဖြင့် ဖိနှိပ်သတ် ဖြတ်မှုများကို လက်ရဲဇက်ရဲ ပြုလုပ်ခဲ့ကြပါသည်။
ထို့‌နောက် “‌ညောင်နှစ်ပင်ညီလာခံ” သို့မဟုတ် အတုအ‌ယောင် အမျိုးသားညီလာခံ ဖန်တီးခဲ့သည်။ ယင်းသို့ လိမ်ညာမှုများ ပြုခဲ့ ပြီး‌နောက် ရန်ကုန်မြို့‌ပေါ်တွင် တုတ်ဓါးကိုင်စွမ်းအားရှင်များဖြင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်အား အကြမ်းဖက်မှုများ၊ ခြိမ်း ‌ခြောက် အနိုင်ကျင့်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။

ထိုသို့ အကြမ်းဖက်မှုများအနက် ၂၀၀၃ခုနှစ်၊ ‌မေလ ၃ဝရက်‌နေ့တွင် ကျူးလွန်ခဲ့ကြသည့် “ဒီပဲယင်းအကြမ်းဖက် သတ်ဖြတ် မှု”သည် အကြီးမားဆုံး‌သော အကြမ်းဖက်မှုဖြစ်သည်။ ထို “ဒီပဲယင်း အကြမ်းဖက်သတ်ဖြတ်မှု”ကို ဗိုလ်ချုပ်မှူးကြီး သန်း‌ရွှေ ကိုယ်တိုင်က အမိန့်‌ပေးပြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ဦး‌ဆောင်၍ အဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်တို့က အနီးကပ် ဦး‌ဆောင်ကွပ်ကဲခဲ့ကြ‌ကြောင်း ဝန်ကြီးချုပ်‌ဟောင်းခင်ညွန့်က သူ၏ကိုယ်တိုင်‌ရေးစာအုပ် “ကြုံ‌တွေ့ခဲ့ရ‌သော ကျွန်‌တော့်ဘဝ အ‌ထွေ‌ထွေစာအုပ်”တွင် ဖွင့်ချ‌ရေးသားထားပါသည်။ သူ့တွင်လည်း တာဝန်ရှိ‌ကြောင်း ဝန်ခံထားပါသည်။

ထို့အပြင် ၂၀၀၇ခုနှစ်တွင် ‌ပေါ်‌ပေါက်ခဲ့‌သော ‌ရွှေဝါ‌ရောင် သံဃာအ‌ရေးအခင်းကိုလည်း အကြမ်းဖက်ခဲ့သည် မဟုတ်ပါလား။

ယင်းသို့ အကြမ်းဖက်မှုများပြုလုပ်ပြီး‌နောက် “လမ်းပြ‌မြေပုံ ၇ချက်”ကို ထုတ်ပြန်ကာ အ‌ခြေခံဥပ‌ဒေ (၂၀၀၈)ကို စိတ်ကြိုက် ‌ရေး သားခဲ့ကြပါသည်။ ယင်း‌နောက် နာဂစ်မုန်တိုင်းကြီး ကျ‌ရောက်‌နေစဉ်မှာပင် အတင်းအဓမ္မ အတည်ပြုခဲ့ပါသည်။
11031644_858248417546993_475160421614854486_n
သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ “အကြမ်းဖက်မှုနှင့် ‌ဗြောင်လိမ်လည်မှု”

(‌တော်လှန်‌ရေး‌ကောင်စီ)၊ (မဆလ)၊ (နဝတ-နအဖ)စစ်အစိုးရတို့၏ အ‌မွေခံအစိုးရဖြစ်‌သော သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည် လည်း “အ‌ဖေထက်သား တစ်လကြီး” ပြီး “ဆရာထက် တပည့် လက်‌စောင်းထက်ကြသူများ”ဟု ဆိုရပါလိမ့်မည်။

ပါးစပ်မှ “မိဘပြည်သူများခင်ဗျား – ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး နိုင်ငံ‌ရေးယဉ်‌ကျေးမှု”ဆိုသည်များကို ‌ပြော‌နေ‌သော်လည်း လက်‌တွေ့ တွင်မူ မီး‌လောင်ဗုံး၊ ‌သေနတ်၊ လက်ကိုင်ဒုတ်၊ ဘူဒိုဇာ၊ “အမည်မသိ တုတ်ဓါးကိုင်လူအုပ်ကြီးများ”ကို အသုံးပြု၍ အကြမ်းဖက်မှု မျိုးစုံကို ၄နှစ်တာကာလအတွင်း စံချိန်တင် ကျူးလွန်ခဲ့ကြပါသည်။

လက်ပံ‌တောင်း၊ မိတ္ထီလာ၊ ထန်းကုန်း၊ ဥက္ကံ၊ လားရှိုး၊ မန္တ‌လေးမြို့တို့တွင် ‌ပေါ်‌ပေါက်လာခဲ့‌သော အကြမ်းဖက်မှုများ၌ သမ္မတ ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်‌နေပါသည်။ ထိုသို့ ဘာသာ‌ရေးလူမျိုး‌ရေး ခုတုံးလုပ် ဗန်းပြပြီး ဖြစ်‌ပေါ်ခဲ့‌သော အကြမ်းဖက်သတ်ဖြတ်မှုများသည် ၂၀၀၈အ‌ခြေခံဥပ‌ဒေ အတည်ပြုပြီး‌နောက် ‌ပေါ်‌ပေါက်လာသည့် အရုပ်ဆိုး၊ အကျည်းတန်ဆုံး ‌သော၊ အရိုင်းစိုင်းဆုံး‌သော၊ အကြမ်းဖက်မှုများလည်း ဖြစ်ပါသည်။ ထိုလှုပ်ရှားမှုများ၏ လက်သည်တရားခံဖြစ်သည့် “အမည်မသိ တုတ်ဓါးကိုင် လူအုပ်ကြီးများ”ကို ယ‌နေ့အထိ တိတိကျကျ ထုတ်‌ဖော်‌ပေးခြင်းလည်း မရှိခဲ့‌ချေ။

ထို့အပြင် စစ်တပ်နှင့်ရဲက ကျူးလွန်သည့် အကြမ်းဖက်မှုများဖြစ်‌သော “ကိုပါကြီး၊ ‌ဒေါ်ခင်ဝင်းတို့အား သတ်ဖြတ်မှု၊ ‌စေတနာ့ဝန် ထမ်း ကချင်‌ကျောင်းဆရာမ‌လေးနှစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှု စ‌သော လူမဆန်သည့် အကြမ်းဖက်မှုများကို ဆက်တိုက် ဆို သလို ပြုလုပ်ခဲ့ကြပါသည်။

သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည် ထိုသို့ လူမဆန်‌သော အကြမ်းဖက်မှုမျိုးစုံကို ‌ဖော်ထုတ်နိုင်ခြင်းမရှိသည့်အပြင် ပိုမို အတင့်ရဲ ရမ်းကားလာ‌သော အကြမ်းဖက်မှုတစ်ခုကို ပြုလုပ်‌စေခဲ့ပြန်ပါသည်။

လွန်ခဲ့‌သော မတ် ၅ရက်‌နေ့က ရန်ကုန်မြို့လည်‌ခေါင်တွင် “တာဝန်” လက်ပတ်နီပတ်ထားသည့် ‌တေ‌လေဂျပိုးများ”၏ အကြမ်း ဖက်မှု ‌ပေါ်‌ပေါက်လာခဲ့ပါသည်။ ထို“တာဝန်”လက်ပတ်နီပတ်ထားသည့် ‌တေ‌လေဂျပိုးများသည် ရန်ကုန်မြို့‌တော်ခမ်းမထဲမှ ထွက် လာကြပြီး အကြမ်းဖက်ရန်ပြုပါသည်။ ယင်း‌နောက် ရန်ကုန်မြို့‌တော်ခမ်းမထဲ ပြန်လည်ဝင်‌ရောက်သွားကြသည်။ ထို“တာဝန်” လက်ပတ်နီပတ်ထားသည့် ‌တေ‌လေဂျပိုးများသည် အကြမ်းဖက် ရန်ပြုပြီး‌နောက် အသင့်‌စောင့်ဆိုင်း‌နေသည့် တုတ်ဒိုင်းကိုင် ရဲများက ဆန္ဒပြသူများကို ဝင်‌ရောက်ရိုက်နှက်ပါသည်။

ထိုသို့ “တာဝန်” လက်ပတ်နီပတ်ထားသည့် ‌တေ‌လေဂျပိုးများနှင့် တုတ်ဒိုင်းကိုင်ရဲများ ပူး‌ပေါင်း၍ အကြမ်းဖက်ခဲ့မှုကို ပြန်ကြား ‌ရေးဝန်ကြီးက “အကြမ်းဖက်ခြင်းမဟုတ် အင်အားသုံးခြင်းသာဖြစ်သည်”ဟူ၍ ‌ဗြောင်လိမ်လည်‌ပြောဆိုပါသည်။ အစိုးရပိုင် သတင်းစာမှ‌နေ၍လည်း အဖြစ်မှန်ကို ဖုံးကွယ်၍ လိမ်လည်‌ရေးသားပါသည်။ ဤသည်မှာ သူတို့‌လေ့ကျင့် ‌မွေးမြူထားသည့် ‌တေ‌လေဂျပိုးများ၏ အကြမ်းဖက်လုပ်ရပ်ကို ပြည်‌ထောင်စုအဆင့်ဝန်ကြီး (သို့မဟုတ်) သမ္မတ‌ပြော‌ရေးဆိုခွင့်ရှိသူက ‌ဗြောင်လိမ် လည်၍ အကာအကွယ်‌ပေးခြင်းသာ ဖြစ်ပါသည်။ ထိုသို့‌ပြောဆိုမှုသည် “တာဝန်” လက်ပတ်နီပတ်ထားသည့် ‌တေ‌လေဂျပိုးများ ၏ အကြမ်းဖက်ရမ်းကားမှုကို “နိုင်ငံ‌တော်အစိုးရက အကာအကွယ်‌ပေးခြင်း” ဖြစ်သည်။

ထိုအကြမ်းဖက်မှုကို ‌ဖော်ထုတ်‌ပေးရမည်။ အမိန့်‌ပေး‌စေခိုင်းသူများကို ထိထိ‌ရောက်‌ရောက် အပြစ်‌ပေးအ‌ရေးယူရမည်။ ထိုအ ကြမ်းဖက်မှုကို ငြိမ်းချမ်း‌ရေးနှင့်ဒီမိုက‌ရေစီကို လိုလားသူတိုင်းက ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်ကြရမည်သာဖြစ်သည်။ အကြမ်း ဖက်မှုနှင့်ပတ်သက်၍ မသိဟန်၊ မကြားဟန်‌ဆောင်‌နေသူ၊ မည်သည့်စကားမျှလည်းမဆိုသူများ၊ ပါတီအဖွဲ့အစည်းများသည် အကြမ်းဖက်မှုကို လက်ပိုက်ကြည့်‌နေသူများ၊ အား‌ပေးအား‌မြှောက်ပြု‌နေသူများ၊ ပူး‌ပေါင်းကြံစည်သူများသာ ဖြစ်ပါလိမ့်မည်။

အထက်တွင် တင်ပြခဲ့သည့် ဖြစ်ရပ်မှန် သာဓကအချို့ကိုကြည့်ပြီး ဗိုလ်ချုပ်ကြီး‌နေဝင်း၏ ‌တော်လှန်‌ရေး‌ကောင်စီအစိုးရ၊ ဥက္ကဋ္ဌ ကြီးဦး‌နေဝင်း၏ (မဆလ)တပါတီအာဏာရှင်အစိုးရ၊ ဗိုလ်ချုပ်မှူးကြီး‌စော‌မောင် – ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွန့် တို့၏ (နဝတ-နအဖ) စစ်အာဏာရှင်အစိုးရ၊ သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့၏ အဓိကတူညီ‌သော စရိုက်လက္ခဏာနှင့် အပြုအ မူမှာ “အကြမ်းဖက်မှုနှင့် ‌ဗြောင်လိမ်လည်မှု”သာဖြစ်သည်ဟု ‌ကောက်ချက်ချရလိမ့်မည်သာ ဖြစ်ပါ‌တော့သည်။