Home ကဗျာ အိုးထိန်းသည်

အိုးထိန်းသည်

1981

(လကင်္ာဒီပ)

ငါတစ်‌ယောက် မပါလည်းဘဲ
ပွဲမပျက်နိုင်ပါဘူးဆိုတဲ့ အ‌တွေးဆိုး
‌နောက်မျိုးဆက်ကိုပဲ ‌မျှော်ကိုး
အားကိုး‌တော့မယ်ဆိုတဲ့
တာဝန်မဲ့ အားစိုက်ခြင်းမဲ့တဲ့
‌ချောင်ခိုတဲ့ အ‌ချောင်သမားစိတ်ထား‌တွေ
တို့ကရင်‌တွေ ‌ဖျောက်ဖျက်ဖို့ လို‌သေးတယ်။

ကျန်းမာကြံ့ခိုင်လှ
ကာယ ဗလ လက်ရုံးရည်
ဒါ‌တွေပဲ အားကိုးကြ‌တော့မှာလားဗျ
ဉာဏမရှိ နှလုံးရည်မရှိ
စည်းကမ်းမရှိ ဝီရိယမသုံး
ဇွဲလုံးလုံးမထားကြလျှင်
ကရင်‌တွေရဲ့ ‌တော်လှန်‌ရေးဟာ‌လေ
‌ရေကြည်ထဲက လရိပ်နှယ်
ရည်ရွယ်ကာ လိုက်‌လေ ‌ဝေး‌လေ
ခရီးရှည်‌နေကြရအုံးမှာပဲ‌ပေါ့။

‌ရောင့်ရဲလွယ်တာလည်း
မ‌ပြောဘဲ မ‌နေနိုင်
(၇)မိုင်‌လေး ကျန်‌တော့တာ‌တောင်
‌ရှောင်‌ပြေးခဲ့တယ်‌လေ နယ်စပ် နယ်စည်း
သည်းခံခြင်း ခန္ဓီတရား
ပြည့်သလားမ‌မေးနဲ့ဦး(အုံး)
ဆုံးရှုံးသွားလည်း ရယ်ရယ်‌မော‌မော
‌နောက်‌ကျော ဓါးနဲ့ထိုးလည်း ခပ်ပြုံးပြုံး
အမုန်းမပွား ဥ‌ပေက္ခာထားနိုင်ကြပါ‌ပေ့
‌ရှေ့လာမယ့်အနာဂတ်
ကျွန်ဇာတ်ကဖို့လည်း ဝန်မ‌လေး‌နေကြသလို။

ကိုယ်ပိုင်ပြဋ္ဌာန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
နိုင်ငံ ပြည်နယ် ‌ဒေသ နယ်ပယ်
နယ်‌မြေ‌တွေရဲ့တန်ဖိုး
‌သောက်ကျိုးနဲမှ မသိကြ‌လေ‌ရော့သလား
ကြံစည်များနဲ့ ရန်သူခင်း‌ပေးတဲ့လမ်း‌ပေါ်
‌ချော်လဲ‌ရောထိုင် ‌ရေစုန်‌မျော
‌ပေါ‌တော‌တောလူတန်းစားလို
ကိုယ်ပိုင် လက်ဆုပ်လက်ကိုင်ပြနိုင်တာ
ဘာတစ်ခုရှိလို့လဲ ‌ပြောပြစမ်းပါဦး(အုံး)။

ပြင်းပြတဲ့ အာသီသ ဆန္ဒ
ထိုက်တန်လှတဲ့ ရင်းနှီးမှု
ပြုစုထိန်း‌ကျောင်း‌ပေးမယ့်လက်များ
ကြိုးစားပမ်းစား အားထုတ်မယ့်ဇွဲ
ငုတ်မိသဲတိုင် တက်နိုင်မှ အဖျား‌ရောက်မယ်‌ဟေ့
ဒီ‌နေ့ကစ…..ပထမနဲ့ ‌နောက်ဆုံး‌တော်လှန်‌ရေးခရီး
အချည်းအနှီးမဖြစ်‌စေရ
အုတ်တစ်ချပ် သဲတစ်ပွင့်အ‌နေနဲ့
သင့်ရဲ့ ထဲထဲဝင်ဝင် ပါဝင်မှု
ပူး‌ပေါင်းမှု အားထုတ်မှု‌တွေကို
ဂရုတစိုက် လုံ့လစိုက်လို့ ကြိုးစားလိုက်ကြပါစို့လား။

မတ်လ ၂၄၊ ၂၀၁၅