Home သတင်း လက်နက်ကိုင် ပဋိပက္ခ‌လျှော့ချရန် NCCT နှင့် UPWC တို ့နားလည်မှု ရရှိ

လက်နက်ကိုင် ပဋိပက္ခ‌လျှော့ချရန် NCCT နှင့် UPWC တို ့နားလည်မှု ရရှိ

1574

မတ်လ ၁၇ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများကို ‌လျှော့ချသွားရန် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့များဖြင့် ဖွဲ့ထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး ညှိနှိုင်း‌ရေးအဖွဲ့ (Nationwide Ceasefire Coordination Team-NCCT) နှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ (Union Peacemaking Working Committee -UPWC) တို ့ ယ‌နေ ့‌ဆွေး‌နွေးပွဲတွင် နားလည်လက်ခံခဲ့သည်ဟု NCCT အဖွဲ့‌ခေါင်း‌ဆောင် နိုင်ဟံသာက ‌ကေအိုင်စီသို ့‌ပြောသည်။

၎င်းက “ ဒီက‌နေ ့‌ဆွေး‌နွေးပွဲက အစီအစဉ်‌ရေးဆွဲထားတဲ့ အတိုင်း လက်နက်ကိုင် ပဋိပက္ခ ‌လျှော့ချ‌ရေးအပိုင်း ကို‌ဆွေး‌နွေးခဲ့တယ်၊ ဒါနဲ ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ပဋိပက္ခ‌လျှော့ချရမယ်ဆိုတာကို နားလည်လက်ခံတယ်၊ ဒီ‌နေ ့‌ဆွေး‌နွေးပွဲက‌တော့ ‌ကောင်းမွန်မှုရှိပါတယ် ” ဟု‌ပြောဆိုသည်။

NCCT နှင့် UPWC တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးစာချုပ် (Nationwide Ceasefire Agreement -NCA) အတွက် (၇) ကြိမ်‌မြောက်
အစည်းအ‌ဝေးကို မတ် ၁၇ ရက်၊ ‌နေ ့လည် ၁၁ နာရီမှ ည‌နေ ၃ နာရီထိ ရန်ကုန်မြို့၊ ‌ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်း ချမ်း‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ စတင်ပြုလုပ်ခဲ့ပြီး ‌ဆွေး‌နွေးပွဲပထမ‌နေ ့တွင် NCA ကို‌ဆွေး‌နွေးမှုမပြုလုပ်‌သေးပဲ အခုလို လက်နက်ကိုင်ပဋိပက္ခ ‌လျှော့ချ‌ရေး အပိုင်းကိုသာ ‌ဆွေး‌နွေးခဲ့သည်ဟု NCCT ဘက်က ‌ပြောသည်။

ယ‌နေ ့စတင်သည့် ၇ ကြိမ်‌မြောက်‌ဆွေး‌နွေးပွဲ ကျန်ရက်များတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး စာချုပ် အပြီးသတ် သ‌ဘောတူညီမှုရရန် ဆက်‌ဆွေး‌နွေးမည်ဖြစ်သလို သ‌ဘောတူညီမှုမရသးသည့် အပိုင်းများကို ‌ဆွေး‌နွေးကြည့်မှသာ အ‌ခြေအ‌နေ‌ကောင်းမ‌ကောင်း သိနိုင်မည်ဟု NCCT အဖွဲ့‌ခေါင်း‌ဆောင်နိုင်ဟံသာက ဖြည့်စွက် ‌ပြောသည်။

ထိုအပြင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်အတွက်နှစ်ဖက် သ‌ဘောတူညီမှုမရ‌သေးသည့် အပိုင်းများကိုအပြီးသတ် ညှိနှိုင်းနိုင်ရန် UPWC အ‌နေဖြင့် ပြင်ဆင်ထားသည်ဟု အဖွဲ့‌ခေါင်း‌ဆောင် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းက ‌ဆွေး‌နွေးပွဲ အဖွင့်အမှာစကားတွင် အခုလို‌ပြောသည်။

“ သ‌ဘောတူညီမှုမရ‌သေးတဲ့ အချက် ၈ ချက်ကို ‌ကျော်လွှားနိုင်ဖို့ အစိုးရ၊ လွှတ်‌တော်နဲ့ တပ်မ‌တော်‌ခေါင်း ‌ဆောင်များပါဝင်တဲ့ UPCC က မူဝါဒ‌တွေကို ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းမှာ ချမှတ်‌ပေးတယ်။ UPWC ကိုယ်စားလှယ် ‌တွေအ‌နေနဲ့လည်း ချမှတ်‌ပေးထားတဲ့ မူဝါဒ‌တွေ အ‌ပေါ်ကို အ‌ခြေခံပြီး ဒီအစည်းအ‌ဝေးမှာ ကျန်ရှိ‌နေတဲ့ အချက် များကို အပြီးသတ်ညှိနိူင်းဖို့ ပြင်ဆင်ခဲ့ကြပြီး ဖြစ်ပါတယ် ” ဟု ‌ပြောသည်။

‌နေ ့တစ်ဝက်နီးပါး ပြုလုပ်ခဲ့သည့် ‌ဆွေး‌နွေးပွဲသို ့ NCCT မှ အဖွဲ့‌ခေါင်‌ဆောင် နိုင်ဟံသာ၊ ပဒို‌စောကွယ်ထူးဝင်း နှင့် ဗိုလ်ချုပ်ဂွမ်‌မော်တို ့ဦး‌ဆောင်တက်‌ရောက်ခဲ့သလို အစိုးရဖက်မှ UPWC ‌ခေါင်‌ဆောင် ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း၊ ဒုအဖွဲ့‌ခေါင်း‌ဆောင် ပြည်သူ ့လွှတ်‌တော်ကိုယ်စားလှယ် ဦးသိန်း‌ဇော်၊ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး ဦး‌ဆောင်သည့် ကိုယ်စားလှယ်များ၊ ပြည်‌ထောင်စု လွှတ်‌တော်ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့သည်။

NCCT နှင့် UPWC တို ့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပြုလုပ်သည့် ၆ ကြိမ်‌မြောက် အစည်းအ‌ဝေးထိ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် မူကြမ်း ၁၀၄ ချက်အနက် သ‌ဘောတူညီမှုရရန် ကျန်‌နေသည့် ၈ ချက်ကို မတ်လ ၁၇ မှ ၂၁ ထိ ပြုလုပ်‌နေသည့် ၇ ကြိမ်‌မြောက်‌ဆွေး‌နွေးပွဲတွင် ဆက်လက်‌ဆွေး‌နွေး သွားမည်ဟု နှစ်ဖက်ကိုယ်စား လှယ် များထံမှ သိရသည်။