Home သတင်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင်အား DKBA ကလို့ထူးဝါးအဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံ

ဗိုလ်မှူးကြီး‌စောဆန်း‌အောင်အား DKBA ကလို့ထူးဝါးအဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံ

2886

ဗိုလ်မှူးချုပ်‌စော‌ကျော်သက် (Photo-KIC)

မတ်လ ၉ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

အစိုးရတပ်မ‌တော်နှင့် မလို လားအပ်‌သော ပြဿနာများ မကြာခဏ ဖြစ်‌ပေါ်သဖြင့် ‌ဘေးထွက်ဆိုးကျိုးများ ထပ်မံ မ‌ပေါ်‌ပေါက်‌စေ ရန်အတွက် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်အား ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA)ကလို့ထူးဝါး တပ်ဖွဲ့ဝင်အဖြစ် ပြန် လည်လက်ခံလိုက်‌ကြောင်း DKBA ကလို့ထူးဝါး ကွပ်ကဲ‌ရေးမှ ဗိုလ်မှူးချုပ်‌စော‌ကျော်သက်က မတ်လ ၇ရက်‌နေ့စွဲဖြင့် လက်မှတ် ‌ရေးထိုး ထုတ်ပြန်လိုက်သည်။

ဗိုလ်မှူးချုပ်‌စော‌ကျော်သက်က “အခုဟာက‌တော့ ထုတ်ပြန်ချက်အတိုင်းပဲ။ ပြဿနာ ကြီးကြီးမားမား ထပ်မဖြစ်‌အောင် အ‌ခြေအ ‌နေ ပြန်ထိန်းသိမ်းတဲ့အ‌နေနဲ့ ဖြစ်ပါတယ်။ အဲဒီ‌နေ့မှာပဲ အခုလို ပြန်လက်ခံလိုက်တဲ့အ‌ပေါ် ဌာနချုပ်ကိုလည်း အ‌ကြောင်းကြားပြီး ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ကလို့ထူးဝါးတပ်ဖွဲ့အတွင်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင်အား ပြန်လည်လက်ခံလိုက်သည့်အ‌ပေါ် လာမည့် မတ်လ ၁၂ ရက်‌နေ့တွင် ‌ခေါင်း‌ဆောင်များအကြား ပြန်လည်‌ဆွေး‌နွေးညှိနှိုင်းကြမည်ဟုလည်း ဗိုလ်မှူးချုပ်‌စော‌ကျော်သက်က ဆက်‌ပြော သည်။

ဗိုလ်မှူးကြီး‌စောဆန်း‌အောင်ကို ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်‌နေ့က မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်အတွင်း အစိုးရတပ် နှင့် တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည့်အ‌ပေါ် ‌ဖြေရှင်းရန် ပျက်ကွက်သဖြင့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ် ကိုယ်စား ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောမို‌ရှေးက လက်မှတ်‌ရေးထိုးကာ ‌အောက်တိုဘာလ ၂၁ရက်‌နေ့တွင် တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ် ပယ်ခဲ့ခြင်းဖြစ်သည်။

DKBA စစ်ဦးစီး(ဒုတိယတန်း) ဗိုလ်မှူးထွန်းထွန်းက “အမှန်မှာက ဌာနချုပ်က‌နေပဲ သူ့ကို တာဝန်က ရပ်စဲထားတာဆို‌တော့ လုပ် ထုံးလုပ်နည်းအရ ဌာနချုပ်က ပြန်မရုပ်သိမ်း‌သေးသ‌ရွေ့‌တော့ ထုတ်ပယ်ထားတာ ‌လော‌လောဆယ်‌တော့ အတည်ပဲ ဖြစ်အုံးမှာ ပါ”ဟု ဆိုသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၂၇ရက်‌နေ့နှင့် မတ်လ ၂ရက်‌နေ့ကလည်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင် ဦး‌ဆောင်သည့်အဖွဲ့နှင့် အစိုးရစစ် တပ်တို့အကြား ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ အဇင်း‌ကျေးရွာအနီးတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားကာ ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။