Home သတင်း ပိုင်နက်ကျူး‌ကျော်မှုဖြင့် အထက်‌ကော့ရင်း ‌ဒေသခံ ၁၃ဦးအား မြို့နယ်သစ်‌တောဌာန တရားစွဲဆို

ပိုင်နက်ကျူး‌ကျော်မှုဖြင့် အထက်‌ကော့ရင်း ‌ဒေသခံ ၁၃ဦးအား မြို့နယ်သစ်‌တောဌာန တရားစွဲဆို

1692

မတ်လ ၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ် ဖားအံမြို့နယ်ရှိ မြိုင်က‌လေးသစ်‌တောအတွင်း ဝင်‌ရောက်‌နေထိုင်သည့် အထက်‌ကော့ရင်း ‌ကျေးရွာအုပ်စုရှိ ‌ဒေသခံ ၁၃ဦးကို ပိုင်နက်ကျူး‌ကျော်မှုဖြင့် ‌ဖေ‌ဖော်ဝါရီလဆန်းမှ စတင်၍ ဖားအံမြို့နယ် သစ်‌တောဌာနက ဖမ်းဆီးကာ တရားစွဲ ဆိုထား‌ကြောင်း သိရှိရသည်။

ဖားအံမြို့နယ်ရှိ မြိုင်က‌လေးသစ်‌တောမှူး ခွန်မြဝင်း‌အောင်က တရားစွဲဆိုခံရသူများမှာ အစိုးရမြိုင်က‌လေးသစ်‌တောတွင် ဝင် ‌ရောက်‌နေထိုင်သူများဖြစ်ပြီး မြို့နယ်သစ်‌တောဌာနက အကြိမ်ကြိမ် တားဆီးခဲ့‌သော်လည်း မရသဖြင့် သစ်‌တောနည်း ဥပ‌ဒေ ပုဒ်မ(၄၀)အရ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “သစ်‌တောမှာ အိမ်‌ခြေ ၉၀၀‌ကျော်‌ကျော် တိုးတိုးပြီး အိမ်လာ‌ဆောက်တယ်။ ကျ‌နော်တို့သစ်‌တောက ဒီလိုလာ‌နေတာ ဝန် ကြီးချုပ်က ခွင့်မပြုဘူးလို့ သူတို့ကို ‌ပြောပါတယ်။ ‌နောက်ဆုံး‌တော့ သစ်‌တောဥပ‌ဒေအရ သူတို့ကို ကျ‌နော်တို့သစ်‌တောက တရားစွဲလိုက်တယ်။ မနက်ဖြန် သူတို့ကို တရားရုံးမှာ ‌ခေါ်ထားတယ်”ဟု ‌ပြောဆိုသည်။

မြိုင်က‌လေးသစ်‌တောကြိုးဝိုင်းတွင် ‌ဒေသခံ‌နေအိမ်များ စုစု‌ပေါင်း ၁၀၀‌ကျော် ဝန်းကျင်ရှိပြီး ထိုအိမ်များအားလုံး ‌ပြောင်း‌ရွှေ့ရမည် ဖြစ်၍ မ‌ပြောင်း‌ရွှေ့ဘဲ ကျန်‌နေသူ ၁၃ဦးကို ယခုလို ဖမ်းဆီးကာ ၅ဦးကို ချည်ချုပ် ပုဒ်မ(၅၁၊ စ၊ ဆ)ဖြင့် ထပ်မံ တရားစွဲဆိုထား သည်ဟု သိရသည်။

အထက်‌ကော့ရင်း‌ကျေးရွာအုပ်စုမှ ‌ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်‌ဌေးက “အဲဒီ‌နေရာမှာ အစိုးရက လုပ်ငန်းရှင်‌တွေနဲ့လည်း ‌ရောင်း စားတယ်။ ကျ‌နော်တို့ဘိုးဘွားလက်ထက်မှ လုပ်ကိုင်စား‌သောက်‌နေလာခဲ့တာကြာပြီ။ အဲဒီမှာ ရှိတဲ့အိမ်‌တွေကို သစ်‌တောက ဖျက်ခိုင်းတယ်။ မဖျက်လို့ဆိုပြီး တရားဆွဲတယ်။ ဒီ‌နေ့မှာ ရွာသားအ‌ယောက် ၈၀‌ကျော်နဲ့ ဖမ်းထားတဲ့ လူ‌တွေကို ရုံးထုတ်စစ်‌ဆေး မယ်ဆိုပြီး တရားရုံးကို လာကြရတယ်”ဟု ယမန်‌နေ့က ‌ပြောသည်။

မြိုင်က‌လေးသစ်‌တောအတွင်း အ‌ခြေချ‌နေထိုင်၍ တရားစွဲခံရသူများမှာ အထက်‌ကော့ရင်း‌ကျေးရွာအုပ်စုရှိ ‌ရွှေနီ၊ ‌တောင်က‌လေး၊ ရွာက‌လေး၊ ပန်းဖူးရွာနှင့် အနန်းပင် ‌ကျေးရွာတို့မှ ‌ဒေသခံရွာသားများဖြစ်ကြပြီး ‌စောရင်‌ဆွေ၊ ဦး‌အောင်သန်း၊ ဦးဝဏ္ဏ၊ ဦး‌မောင် ဆိတ်ခွါ၊ ဦးလှ‌ဆွေနှင့် ဦး‌အောင်သန်းတို့ အပါအဝင် ၁၃ဦးဖြစ်‌ကြောင်း သိရသည်။

ယင်းကိစ္စအ‌ပေါ် လိုက်လံကူညီ‌ဆောင်ရွက်‌ပေးသူ ၈၈ ကရင်မျိုးဆက်‌ကျောင်းသားများအဖွဲ့မှ ခွန်မျိုးဆိုင်က “‌ဒေသခံ‌တွေကို သစ်‌တောကြိုးဝိုင်းမှာ‌နေလို့ဆိုပြီး အိမ်‌တွေကို ဖျက်ခိုင်းတယ်။ မဖျက်လို့ တရားစွဲတယ်။ လုပ်ငန်းရှင်‌တွေက‌ကော လာပြီး ရာဘာ လာစိုက်‌နေတာကျ‌တော့ တရားမစွဲဘူး။ ‌ဒေသခံ‌တွေက ဒီ‌နေရာမှာ သူတို့ဘိုးဘွားပိုင်‌တွေပါ။ KNU ကိုလည်း အခွန်‌ပေးထား တယ်။ KNU က ဂရမ်ချ‌ပေးတာ စုစု‌ပေါင်း ဧက ၄၀၀‌ကျော်ရှိပါတယ်။ ‌ဒေသခံ‌တွေက ဒီ‌မြေ‌တွေကို ပြန်မရမချင်း ကြိုးပမ်းလုပ် ‌ဆောင်သွားမယ်”ဟု ဆိုသည်။

‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်းသည် အဆိုပါတရားစွဲခံထားရသူ ‌ဒေသခံ ၁၃ဦးနှင့် ‌ကျေးရွာအုပ် ချုပ်‌ရေးမှူးကို ဝန်ကြီးချုပ်ရုံးတွင် ‌ခေါ်ယူ‌တွေ့ဆုံခဲ့ပြီး မြိုင်က‌လေးသစ်‌တောကြိုးဝိုင်းရှိ ‌ဒေသခံ‌နေအိမ်များကို ‌ဖေ‌ဖော်ဝါရီ ၆ရက်‌နေ့ တွင် အပြီးသတ် ဖျက်သိမ်း‌ပြောင်း‌ရွှေ့‌ပေးရန် လက်မှတ်‌ရေးထိုးခိုင်းခဲ့သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။