Home သတင်း တိုင်းရင်းစာ‌ပေသင်ကြားသူ ဆရာ၊ ဆရာမများ ချီးမြှင့်လစာ‌ငွေ အပြည့်မရ

တိုင်းရင်းစာ‌ပေသင်ကြားသူ ဆရာ၊ ဆရာမများ ချီးမြှင့်လစာ‌ငွေ အပြည့်မရ

2465

မတ်လ ၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် တိုင်းရင်းစာ‌ပေသင်ကြား‌ပေးသည့် ဆရာ၊ ဆရာမများမှာ အစိုးရထံမှ ၎င်းတို့၏ လစဉ် ‌ထောက်ပံ့ချီးမြှင့်‌ငွေကို အပြည့်အဝ မရရှိဘဲ တနှစ်စာနှုန်းဖြင့် အတန်အသင့်သာ လက်ခံရရှိ‌ကြောင်း တိုင်းရင်းဘာသာသင် ဆရာမများနှင့် သက်ဆိုင်ရာ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီအဖွဲ့ဝင်များက ‌ပြောဆို‌နေကြသည်။

ယခု မတ်လ ၁ရက်မှ ၃ရက်‌နေ့အထိ ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ်ရှိ ကရင်စာသင် ဆရာ၊ ဆရာမများကို ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် ချီးမြှင့်လစာ‌ငွေများ ထုတ်‌ပေးခဲ့ရာတွင် အများဆုံး ကျပ်ရှစ်‌သောင်းမှ တစ်သိန်းအတွင်းသာ ရရှိခဲ့သည်ဟု ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းထွန်းလင်းက ‌ပြောဆိုသည်။

၎င်းက “ပြီးခဲ့တဲ့နှစ် ဇွန်လက စသင်တဲ့‌ကျောင်းက ဆရာ‌တွေဆို တနှစ်လုံးအတွက် တစ်သိန်း‌ပေးတယ်။ စက်တင်ဘာက စသင် တဲ့ ဆရာ‌တွေကိုကျ‌တော့ ရှစ်‌သောင်း‌ပေးတယ်။ တစ်လသုံး‌သောင်းနှုန်း မဟုတ်ဘူး။ မြို့နယ်ပညာ‌ရေးမှူးက ဘတ်ဂျက်ခွဲ‌ပေးတဲ့ အ‌ပေါ် မူတည်ပြီး တစ်မြို့နယ်လုံး ၁၈၉သိန်း ရတာကို သင်ကြားချိန်နဲ့ တွက်ပြီး ခွဲ‌ပေးတယ် ‌ပြောတယ်။ တချို့‌ကျောင်း‌တွေက စာရင်းတင်တာ ‌နောက်ကျတာ‌တွေလည်းရှိတယ်။ လာမဲ့ အပတ်ထဲမှာ ကရင်‌ရေးရာဝန်ကြီးနဲ ့ဒီကိစ္စ သွား‌ဆွေး‌နွေးဖို့‌တော့ ရှိ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ပဲခူးတိုင်း‌ဒေသကြီး အ‌ရှေ့ခြမ်းရှိ မြို့နယ်များတွင် ကယား၊ ကရင်၊ မွန်၊ သျှမ်း စသည့် တိုင်းရင်းသား ဘာသာစကား သင်ဆရာမများကို ယခုမတ်လဆန်းပိုင်းတွင် ချီးမြှင့်‌ငွေများ ထုတ်‌ပေးခဲ့ရာတွင် တစ်ဦးလျှင် လစဉ်သတ်မှတ်ထားသည့်နှုန်းအ အတိုင်း မဟုတ်ဘဲ တနှစ်စာ ကျပ်ရှစ်‌သောင်း၊ ကိုး‌သောင်းနှုန်းသာ ရရှိသည့်အ‌ပေါ် မည်သို့တွက်ချက်‌ပေးသည်ကို ပဲခူးတိုင်း ‌ဒေသကြီးလွှတ်‌တော်တွင် ‌မေးခွန်း‌မေးမြန်းသွားရန်ရှိသည်ဟု ‌ညောင်‌လေးပင်မြို့နယ် အမှတ်(၁) တိုင်း‌ဒေသကြီးလွှတ်‌တော် ကိုယ်စားလှယ် ‌စောလင်း‌အောင်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ပိုက်ဆံက ဘယ်လိုပဲဖြစ်ဖြစ် အ‌ရေးကြီးတာပဲ‌လေ။ နိုင်ငံ‌တော်က တစ်လသုံး‌သောင်း‌ပေးမယ်လို ့ အမိန့်ချထားပြီးသား‌လေ။ အခု နာရီနဲ့ ဖြတ်‌ပေးတယ်ကြားတယ်။ အဲ့လို ‌လျှောက်လုပ်လို့ ရမလား။ တစ်လသုံး‌သောင်း‌ပေးမယ်လို ့‌ပြောထားပြီး နာရီနဲ့ဆို ရင်လည်း တ‌နေ့ ၁ဝနာရီသင်မယ် ‌ပေးမလား သ‌ဘော‌ပြောပြတာပါ။ အဲ့လို‌တွေ‌တော့ မလုပ်နဲ ့‌လေ။ လာမဲ့ စာသင်နှစ်ကျရင် အရင်တိုင်း ပြန်လုပ်‌ပေး မလားမ‌ပေးဘူးလား ခပ်ပြတ်ပြတ် ‌မေးမယ်။ အခု အကုန်လုံး စိတ်ဓါတ်ကျဆင်းကုန်ပြီး”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခု နှစ်လည်ပိုင်းတွင် အ‌ခြေခံပညာ‌ကျောင်းများ၌ မူလတန်း‌အောက်အဆင့်ကို ‌ကျောင်းချိန်ပြင်ပတွင် တိုင်းရင်း သားဘာသာစကား သင်ကြားခွင့်ပြုမည်ဟု ပညာ‌ရေးဝန်ကြီးဌာနက ‌ပြောဆိုခဲ့သလို ၂၀၁၃၊ ဇူလိုင်လ ၂၉ရက် ‌နေ့စွဲဖြင့် ပညာ ‌ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ တိုင်းရင်းဘာသာစကား ပုံနှိပ်စာအုပ်များ ရိုက်နှိပ်‌ရေးအတွက် ထုတ်ပြန်သည့် အမှာစာတွင်လည်း ‌ကျောင်းသား ၃ဝဦးနှင့် အထက်ဖြစ်လျှင် ပြင်ပ (သို့မဟုတ်) လက်ရှိ‌ကျောင်းဆရာမတစ်ဦးနှုန်းဖြင့် သင်ကြားရန်နှင့် တစ်လကျပ် ၃၀,၀၀ဝ ချီးမြှင့်မည်ဟု ‌ဖော်ပြထားသည်။

‌မြောင်းမြ အထက(၄)တွင် ကရင်စာသင်ကြား‌ပေး‌နေသည့် ပြင်ပဆရာမတဦးဖြစ်သူ နန့်မူခလိန်က “ကျမတို့‌ကျောင်းက ပြီးခဲ့တဲ့ စက်တင်ဘာက စသင်တာ ကျမအခန်းမှာ ‌ကျောင်းသား ၄၃‌ယောက်ရှိတယ်။ တစ်လ သုံး‌သောင်းရမယ်လို့ ကြားထားတာ အခု ရှစ်‌သောင်းပဲရတယ်။ အံ့ဩတာ‌ပေါ့‌နော်။ ကြားထားတာက တစ်မျိုးဆို‌တော့‌လေ။ ‌ပြောတဲ့အတိုင်း‌ပေးရင် ပို‌ကောင်းတာ‌ပေါ့”ဟု ‌ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ်တွင် ပဲခူးတိုင်း‌ဒေသကြီး၊ ‌ညောင်‌လေးပင်မြို့နယ်တွင် စ‌ကောကရင်ဘာသာစကားကို မြို့နယ်ကရင်စာ ‌ပေသင်ကြား‌ရေး ‌ကော်မတီ အစီအစဉ်ဖြင့် စာသင်‌ကျောင်း ၂၇‌ကျောင်းတွင် ‌ကျောင်းသား‌ကျောင်းသူ ၁၂,၅၈ဦးကို ဆရာ ဆရာ မ ၄၇ဦးဖြင့် စတင်သင်ကြား‌ပေးခဲ့ပြီး ပညာ‌ရေးဝန်ကြီးဌာန တာဝန်ရှိသူများက သင်ကြားမှုကို လာ‌ရောက်ကြည့်ရှုခဲ့‌နောက် သင် ‌ပေး‌နေသည့် ၎င်းဆရာမအားလုံးကို တစ်လကျပ်သုံး‌သောင်းနှုန်းဖြင့် တစ်ဦးလျှင် ကျပ်သုံးသိန်းစီ ချီးမြှင့်‌ပေးခဲ့ဖူးသည်။