Home သတင်း MPC အစီအစဉ်ဖြင့် လူငယ်နှင့် ငြိမ်းချမ်း‌ရေးဖိုရမ်ကို ဖားအံတွင် ကျင်းပ

MPC အစီအစဉ်ဖြင့် လူငယ်နှင့် ငြိမ်းချမ်း‌ရေးဖိုရမ်ကို ဖားအံတွင် ကျင်းပ

1916

‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးနှင့် ပြန်လည် ထူ‌ထောင်‌ရေး လုပ်ငန်းစဉ်ဗဟိုဌာန (Myanmar Peace Center-MPC)၏ အစီအစဉ်ဖြင့် လူငယ်နှင့် ငြိမ်းချမ်း‌ရေး ဖိုရမ်တစ်ရပ်ကို ကရင်ပြည် နယ် ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ‌ဖေ‌ဖော်ဝါရီ ၂၆ရက်‌နေ့မှ စတင် ကျင်းပခဲ့သည်။

MPC မှ ပွဲစီစဉ်သူ မသဲစုစံက “ပြုပြင်‌ပြောင်းလဲ‌ရေးဖြစ်စဉ်က အခုဘယ်‌တွေ‌ရောက်‌နေပြီလဲ။ ဘယ်လို‌ရှေ့ဆက်‌နေလဲ။ လူငယ် ‌တွေအ‌နေနဲ့ ဒီငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ဘယ်လိုပါဝင်မှု ရသလဲ။ ‌နောက်ပြီး လူမှုအဖွဲ့အစည်းအသီးသီး၊ အစိုးရအဖွဲ့အစည်း‌တွေ ‌ရော နိုင်ငံ‌ရေးပါတီ‌တွေနဲ့‌ရော ဘယ်လိုပူး‌ပေါင်းပါဝင်လို့ ရမလဲဆိုတဲ့ဟာ‌တွေကို ဒီဖိုရမ်မှာ ‌ပြောကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မတ်လ ၁ရက်‌နေ့အထိ ကျင်းပမည့် ၎င်းဖိုရမ်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်‌ပေါ်‌နေသည့် နိုင်ငံ‌ရေး၊ စီးပွား‌ရေး လူမှု‌ရေးအ‌ပြောင်း အလဲများကို နိုင်ငံ‌ရေးရှု‌ထောင့်မှတဆင့် ကြည့်၍ ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း၊ MPC ၏ အခန်းကဏ္ဍများနှင့် ၂၀၀၈ ဖွဲ့စည်းပုံ ၏ အ‌ခြေခံအချက်များကို ‌ဆွေး‌နွေးမည်ဖြစ်‌ကြောင်းနှင့် ကရင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် စိန်‌ခေါ်မှုများ၊ လိုအပ်ချက်များ ကို ပိုမိုသိသွားကြမည်ဖြစ်‌ကြောင်း မသဲစုစံက ဆက်‌ပြောသည်။
Youth Forum
ထို့အပြင် ဖိုရမ်သို့ ကရင်ပြည်နယ်ရှိ နိုင်ငံ‌ရေးပါတီများ၊ ဘာသာ‌ရေးအဖွဲ့များ၊ ပြည်နယ်အစိုးရ ဌာနဆိုင်ရာများ၊ လွှတ်‌တော်ကိုယ် စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ ‌ဒေသခံလူငယ်များနှင့် ကရင်လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်စားများ စုစု‌ပေါင်း ၂၈ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

ဖိုရမ်ပြုလုပ်ခြင်းအ‌ပေါ် ဖားအံမြို့ခံလူငယ်တစ်ဦးဖြစ်သူ ‌စောစိန်‌ထွေးက “ဒီလို ဖိုရမ်လာလုပ်‌ပေးတာ ‌ဒေသခံအ‌နေနဲ့ အကျိုးရှိပြီး ကြိုဆိုတယ်။ ဒါ‌ပေမယ့် ဒီထက်‌ကောင်း‌အောင်‌တော့ ‌ဒေသခံလူငယ်‌တွေနဲ့ချိတ်ဆက်ပြီး လူငယ်‌တွေများများ ပါဝင်နိုင်လာပြီး ဖိုရမ်ဆိုတဲ့‌ခေါင်းစဉ်နဲ့ ကိုက်ညီ‌အောင်နဲ့ ‌ဒေသခံ‌တွေ သိချင်တဲ့အချက်‌တွေ ပါဝင်မယ်ဆိုရင် ဒီထက်‌ကောင်းတဲ့ ဖိုရမ် ‌နောက် တစ်ခု လုပ်‌စေချင်‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းစဉ်ဗဟိုဌာန(MPC)မှ ဦး‌ဆောင်၍ မြန်မာနိုင်ငံတဝှမ်းရှိ လူငယ်နှင့် ငြိမ်းချမ်း‌ရေးသင်တန်းနှင့် ဖိုရမ်များကို မန္တ‌လေး၊ မုံရွာ၊ ပုသိမ်၊ ‌မော်လမြိုင်၊ ‌တောင်ကြီး၊ ပြည်နှင့် ‌တောင်ငူ စသည့်‌ဒေသများသို့ သွား‌ရောက်ကျင်းပခဲ့ပြီး‌နောက် ကရင်ပြည်နယ်သို့ ပထမဦးဆုံးအကြိမ် လာ‌ရောက်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။