Home သတင်း MKO အမှု‌ဆောင်အသစ်များ ပြန်လည်‌ရွေးချယ်ခန့်အပ်

MKO အမှု‌ဆောင်အသစ်များ ပြန်လည်‌ရွေးချယ်ခန့်အပ်

1852

‌ဖေ‌ဖော်ဝါရီ ၃ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

မ‌လေးရှား ကရင်အဖွဲ့အစည်း(MKO)၏ အမှု‌ဆောင်အသစ်များကို ‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့က မ‌လေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ MKO ရုံး၌ ပြန်လည်‌ရွေးချယ်ရာတွင် ဥက္ကဋ္ဌအဖြစ် ‌စောစံထူး၊ ဒု-ဥက္ကဌ ‌စောဖား၊ အတွင်း‌ရေးမှူး ‌စောထွန်းဝင်း၊ တွဲဖက်အတွင်း ‌ရေးမှူး ‌စော‌ကျော်မင်းနိုင်တို့ကို အသီးသီး ‌ရွေးချယ်ခန့်အပ်ခဲ့ကြသည်။

ဥက္ကဌဖြစ်လာသူ ‌စောစံထူးက “ဘယ်သူ့ကိုပဲ ‌ရွေး‌ရွေး အဓိကက‌တော့ ကိုယ့်ကရင်‌တွေ စည်းစည်းလုံးလုံးနဲ့ အဆင်‌ပြေဖို့ပါ။ ဒီ ‌ရွေးချယ်အမှုအပြီး လာမည့် တနဂင်္‌နွေ‌နေ့မှာ အစည်းအ‌ဝေးတစ်ရပ် ‌ခေါ်ယူပြီး တာဝန် အသီးသီးခွဲ‌ဝေမှုပြီးမှ ‌ရှေ့ဆက်လုပ်‌ဆောင် သွားမည့် လုပ်ငန်း‌တွေကို စီစဉ်‌ဆောင်ရွက်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

MKO တွင် အမှု‌ဆောင်အဖွဲ့ဝင် ၁၆ဦးရှိပြီး အမှု‌ဆောင်အသစ်များဖြစ်သည့် ဥက္ကဋ္ဌနှင့် အတွင်း‌ရေးမှူးတို့ကို အဖွဲ့ဝင် (၁၀၀)‌ကျော် က မဲ‌ပေး‌ရွေးချယ်ခဲ့ကြပြီး‌နောက် လာမည့် ‌ဖေ‌ဖော်ဝါရီ ၇ရက်‌နေ့တွင် ကျန်ရှိ‌နေ‌သေးသည့် အမှု‌ဆောင်အဖွဲ့ဝင်များကို ဆက် လက် ‌ရွေးချယ်ခန့်အပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။
10967346_1540495619561246_1721697670_o
ယခုလို ပြန်လည်‌ရွေးချယ်နိုင်ခဲ့ခြင်းအ‌ပေါ် အနားယူသွားသည့် MKO ဥက္ကဌ‌ဟောင်း မန်းဒုံ‌ယောင်းက “ကျ‌နော်တို့ရဲ့ အမှု‌ဆောင် အသစ်‌တွေကို ပြန်လည်‌ရွေးချယ်နိုင်တာ ‌ကျေနပ်မိတယ်။ လိုအပ်မယ်ဆိုရင် သူတို့ကို တတ်စွမ်းသမျှ ကူညီညွှန်ပြ‌ပေးသွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မ‌လေးရှားနိုင်ငံ အ‌ခြေစိုက် MKO သည် မ‌လေးရှားနိုင်ငံရှိ ကရင်ဒုက္ခသည်အ‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးလုပ်ငန်းများကို အဓိက ထား လုပ်‌ဆောင်‌နေပြီး ၂၀၀၈ခုနှစ်မှ စတင်ကာ Learning Center တစ်ခု ဖွင့်လှစ်၍ အဂင်္လိပ်စာ၊ ကရင်စာ (စ‌ကော၊ အ‌ရှေ့ပိုး၊ အ‌နောက်ပိုး)၊ ကွန်ပြူတာသင်တန်းများကို သင်ကြားပို့ချ‌ပေးလျှက်ရှိသည်။

ထို့အပြင် MKO သည် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများအဖြစ် ‌ဆေးဝါးအခမဲ့‌ပေးခြင်း၊ ‌ဆေးဝါးကုသ‌ပေးခြင်းများနှင့် မ‌လေးရှား ‌ရောက် ကရင်ဒုက္ခသည်များအတွက် တတိယနိုင်ငံ ထွက်ခွာနိုင်ရန် ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ အစိုးရမ ဟုတ်‌သော အဖွဲ့အစည်း(NGO)တို့နှင့်အတူ ပူး‌ပေါင်းကာ စီစဉ်‌ဆောင်ရွက်‌ပေး‌နေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ယခင်က MKO ဥက္ကဋ္ဌအဖြစ် မန်းဒုံ‌ယောင်း၊ ဒုဥက္ကဋ္ဌ(၁) ‌စောဖား၊ ဒုဥက္ကဋ္ဌ(၂) မန်းကံမြင့်၊ အတွင်း‌ရေးမှူး ‌နော်အယ်ဖိုး၊ တွဲဖက် အတွင်း‌ရေးမှူးအဖြစ် ‌စောထွန်းဝင်းတို့က အသီးသီး တာဝန်ယူခဲ့ကြသည်။ မ‌လေးရှား‌ရောက် ကရင်တိုင်းရင်းသားများ အ‌ရေးအ တွက် လုပ်‌ဆောင်နိုင်ရန် ရည်ရွယ်၍ Malaysia Karen Orga-nization (MKO)ကို ၂၀၀၅ခုနှစ်၊ ဇန်နဝါရီ ၃၁ရက် (ကရင့်‌တော် လှန်‌ရေး)‌နေ့တွင် အတည်ပြု ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။