Home ထိပ်တန်းသတင်း KWO ဗဟို အမြဲတမ်း‌ကော်မတီဝင်များကို နိုင်ငံ‌ရေးသင်တန်း‌ပေးရန် ဆုံးဖြတ်

KWO ဗဟို အမြဲတမ်း‌ကော်မတီဝင်များကို နိုင်ငံ‌ရေးသင်တန်း‌ပေးရန် ဆုံးဖြတ်

1489

‌ဖေ‌ဖော်ဝါရီ ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောခါးစူးညား

နိုင်ငံ‌ရေးစွမ်းရည် မြှင့်မားလာ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် ပိုမို အ‌ထောက်အကူပြု‌စေရန် ရည်ရွယ်၍ ကရင်အမျိုးသမီးအစည်းအရုံး(KWO)က ၎င်းတို့၏ ဗဟိုအမြဲတမ်း‌ကော်မတီဝင်များကို လာမည့် ဩဂုတ်လအတွင်းတွင် တစ်လကြာ နိုင်ငံ‌ရေးသင်တန်းတစ်ရပ် ပြုလုပ်‌ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ထိန်းချုပ်နယ်‌မြေ ဖာပွန်(မူ‌တြော်)ခရိုင်၊ ဘူးသို မြို့နယ်၊ ခို‌ကေရွာရှိ KWO ဆက်သွယ်‌ရေးဗဟိုဌာနချုပ်တွင် ‌ဖေ‌ဖော်ဝါရီ ၅ မှ ၆ရက်‌နေ့အထိ ပြုလုပ်သည့် ၂၀၁၅ခုနှစ်၊ KWO ဗဟိုအမြဲတမ်း‌ကော်မတီဝင် အစည်းအ‌ဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု KWO ဥက္ကဋ္ဌ နန်းဒါးအဲ့ကလယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျမတို့ အဖွဲ့အစည်းမှာ ဗဟိုအမြဲတမ်း‌ကော်မတီ သုံးဆယ့်ငါး‌ယောက် ရှိပါတယ်။ အဖွဲ့ရဲ့ ရည်ရွယ်ချက် ‌တွေထဲမှာ အမျိုးသမီး‌တွေ ‌ခေါင်း‌ဆောင်မှုနဲ့ နိုင်ငံ‌ရေးဦး‌ဆောင်မှု‌တွေဟာ တစ်ခုအပါအဝင်ဖြစ်တယ်။ ဒါ‌ကြောင့် ဒီသင်တန်းဟာ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်း အ‌ရောက်သွားဖို့ ကျမတို့ လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”ဟု နန်းဒါးအဲ့ကလယ်က ‌ပြောဆိုသည်။

ထို့အပြင် လတ်တ‌လောအ‌ခြေအ‌နေအရ ငြိမ်းချမ်း‌ရေးရရှိ‌ရေး ကြိုးပမ်း‌ဆောင်ရွက်‌နေစဉ်ကာလတွင် KWO အ‌နေဖြင့် နိုင်ငံ‌ရေး စွမ်းရည်မြှင့်တင်ပြီး ‌ကေအဲန်ယူအား ပိုမို ပံ့ပိုး‌ပေးနိုင်‌ရေးနှင့် ပြီးပြည့်စုံသည့် ပူး‌ပေါင်း ပါဝင်မှုဖြစ်‌ရေးအတွက် နိုင်ငံ‌ရေးအ‌တွေးအမြင် မြှင့်တင်ရန် လိုအပ်သည်ဟု နန်းဒါးအဲ့ကလယ်က ဆက်‌ပြောသည်။

အဆိုပါ နိုင်ငံ‌ရေးသင်တန်းကို ကရင်ပြည်နယ်အတွင်းရှိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တစ်‌နေရာရာတွင် ပြုလုပ်သွားရန် လျာထားပြီး သင်တန်းတွင် ဖက်ဒရယ်ဆိုင်ရာ မူဝါဒလမ်းစဉ်၊ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေထဲက အမျိုးသမီးဆိုင်ရာ ဥပ‌ဒေများ၊ ခွဲတမ်း(Quota)စနစ်နှင့် အခြားနိုင်ငံများ၏ ငြိမ်းချမ်း‌ရေးဆိုင်ရာ သိ‌ကောင်းစရာများ စသည်တို့ကို ပို့ချသွားရန် ရှိသည်ဟု KWO က ဆိုသည်။

KWO တွဲဘက်အတွင်း‌ရေးမှူး(၂) ‌နော်စီးယို‌ဖောကလည်း “ကျမတို့ အရင်တုန်းက ဒီလိုသင်တန်း လုပ်တာ ရှိ‌ပေမယ့် ဒီလိုပုံစံမျိုး‌တော့ မဟုတ်ဘူး။ ဒီတစ်ကြိမ် လုပ်မှာက ဗဟိုအမြဲတမ်း‌ကော်မတီဝင်‌တွေ အားလုံး စုံစုံလင်လင်ပါတဲ့ သ‌ဘောမျိုးပါ။ သင်တန်းကို‌တော့ ကျမတို့ အဖွဲ့ထဲကအပြင် အခြားနိုင်ငံ‌ရေး တတ်သိပညာရှင်‌တွေကို ဖိတ်‌ခေါ်ပြီး ပို့ချသွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ခို‌ကေတွင် ပြုလုပ်သည့် KWO ဗဟိုအမြဲတမ်း‌ကော်မတီဝင် အစည်းအ‌ဝေးတွင် ခရိုင်နှင့် ဒုက္ခသည်စခန်းများ ရှိ KWO ဗဟို‌ကော်မတီဝင်များ၊ ‌လေ့လာသူများ စုစု‌ပေါင်း ၄ဝ နီးပါး တက်‌ရောက်ခဲ့ပြီး အစည်းအ‌ဝေး မစတင်မီ ‌ဖေ‌ဖော်ဝါရီ ၂ နှင့် ၃ရက်‌နေ့အထိ နည်းဗျူဟာဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သလို ‌ဖေ‌ဖော်ဝါရီ ၄ရက်‌နေ့တွင် ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်း(CSO)များနှင့်လည်း ‌တွေ့ဆုံခဲ့ကြသည်။ ၎င်းအစည်းအ‌ဝေးသည် KWO ၏ (၆)ကြိမ်‌မြောက်ညီလာခံအပြီး (၃)ကြိမ်‌မြောက် ဗဟိုအမြဲတမ်း‌ကော်တီ အစည်းအ‌ဝေးဖြစ်သည်။

KWO ကို ၁၉၈၅ခုနှစ်၊ ကရင်ပြည်နယ် ဖားအံခရိုင်၊ ‌ကေအဲန်ယူ ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် ဖွဲ့စည်း ခဲ့ပြီး ကရင်အမျိုးသမီးစွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများ၊ အမျိုးသမီးနှင့် က‌လေးသူငယ် အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှု ပ‌ပျောက်‌စေ‌ရေး အပါအဝင် ပညာ‌ရေးနှင့် လူမှု‌ရေးလုပ်ငန်းများလည်း လုပ်‌ဆောင်လျှက်ရှိ ‌ကြောင်း သိရသည်။