Home ထိပ်တန်းသတင်း KNLA နှင့် BGF အပြန်အလှန် ပစ်ခတ်မှု‌ကြောင့် တစ်ဦး‌သေ ၊ နှစ်ဦးဒဏ်ရာရ

KNLA နှင့် BGF အပြန်အလှန် ပစ်ခတ်မှု‌ကြောင့် တစ်ဦး‌သေ ၊ နှစ်ဦးဒဏ်ရာရ

2054

‌ဖေ‌ဖော်ဝါရီ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ(၆)နှင့် ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF) အမှတ်(၁၀၂၂) တပ်ရင်းမှ တပ်သားအချို့ ယမန်‌နေ့ညက ပစ်ခတ်မှုဖြစ်ပွားပြီး KNLA ဘက်မှ တစ်ဦး‌သေ၊ တစ်ဦးဒဏ်ရာနှင့် BGF မှ တစ်ဦးဒဏ်ရာရခဲ့သည်။

မြဝတီမြို့‌တောင်ဘက် ၆မိုင်အကွာ ည‌နေ ၆း၁၃နာရီအချိန်တွင် မြဝတီမြို့နယ်အတွင်းရှိ မယ်‌ထော်သ‌လေးရွာနှင့် တဘလုခို့ခီးရွာ အကြားတွင် (၁၅) မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး‌နောက် ယင်းသို့ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၆) KNLA ဌာနချုပ် အထူးစစ်‌ကြောင်းမှူး ဗိုလ်ကြီး‌စောလမင်းက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

ဗိုလ်ကြီး‌စောလမင်းက “လွန်ခဲ့တဲ့ နှစ်ပတ်‌လောက်က သူတို့ အဲဒီ‌နေရာမှာ စခန်းလာ‌ဆောက်တယ်။ ဦးတို့က ပြန်ဆင်းခိုင်းတယ်။ သူတို့ ပြန်ဆင်းသွားတယ်။ အဲဒါနဲ့ မ‌နေ့ညက သူတို့ ပြန်တက်လာတယ်ကြားလို့ သွားကြည့် ရာက‌နေ သူတို့ဘက်က အနီးကပ် ‌နေရာယူပြီး‌တော့ အရင်စပစ်တာလို့ သိရတယ်”ဟု ‌ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားရာတွင် KNU တပ်မဟာ(၆) KNLA မှ တပ်သားအဆင့် ‌စော‌မောင်‌လေး အသက် (၂၂) မှာ ပွဲချင်းပြီး ‌သေဆုံးသွားပြီး တပ်ကြပ်ကြီးအဆင့်ရှိ အသက် (၄၂)နှစ် ‌စောတူဖိုးမှာ ‌ပေါင်တွင် ဒဏ်ရာရရှိသွားသဖြင့် မြဝတီ‌ဆေးရုံတွင် ‌ဆေး ကုသမှု ခံယူလျှက်ရှိသည်ဟု ဆက်‌ပြောသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ BGF မှ အမည်မ‌ဖော်လိုသူ အရာရှိတစ်ဦးက “ပစ်ခတ်မှုဖြစ်တာ‌တော့ သိတယ်။ နယ်‌မြေ ကိစ္စ‌လေး‌တွေ‌ကြောင့် ‌အောက်‌ခြေက ဖြစ်ပွားမှု‌လေး‌တွေပါ။ အစ်ကိုတို့ဘက်က တစ်‌ယောက် ဒဏ်ရာရတယ်လို့‌တော့ သတင်းရ တယ်။ အဲလို ထပ်မဖြစ်‌အောင် အစ်ကိုတို့ဘက်က လူကြီး‌တွေ ‌ဆွေး‌နွေး‌နေတုန်းပဲ။ မကြာခင်လည်း အ‌ရေး‌ပေါ်အစည်းအ‌ဝေး ‌ခေါ်ဖို့ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ယမန်‌နေ့ နံနက်က ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ အဇင်း‌ကျေးရွာအနီးတွင် ယခင် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA)မှ တပ်မှူး‌ဟောင်း ဗိုလ်မှူးကြီး‌စောဆန်း‌အောင်အဖွဲ့နှင့် ကျိုက်ဒုံမြို့နယ်အ‌ခြေစိုက် မြန်မာအစိုးရတပ် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်‌အောက်ခံတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့‌သေးသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၁၆ရက်‌နေ့ကလည်း KNLA တပ်မဟာ(၆)မှ ဗိုလ်ကြီး‌စောလမင်း၏ တပ်သားဖြစ်သူ ‌စော တာနိုနှင့် BGF အမှတ်(၁၀၂၂) တပ်ရင်းမှ တပ်သားအချို့တို့ အချင်းဖြစ်ပွားရာ တပ်သား‌စောတာနိုမှာ အသတ်ခံခဲ့ရသည်။