Home သတင်း ငြိမ်းချမ်း‌ရေး ဆက်လုပ်သွားရန် ကတိ‌ပေးသည့်အ‌နေဖြင့် လက်မှတ်ထိုးခြင်းဖြစ်ဟု ‌ကေအဲန်ယူ ဥက္ကဌ ‌ပြောဆို

ငြိမ်းချမ်း‌ရေး ဆက်လုပ်သွားရန် ကတိ‌ပေးသည့်အ‌နေဖြင့် လက်မှတ်ထိုးခြင်းဖြစ်ဟု ‌ကေအဲန်ယူ ဥက္ကဌ ‌ပြောဆို

1824

‌ဖေ‌ဖော်ဝါရီ ၁၈ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလုပ်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ဆက်သွားမည်ဆိုသည့် ကတိကို ပြည်သူများနှင့် တိုင်းပြည်အား အသိ‌ပေးလို၍ ငြိမ်းချမ်း‌ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးဆိုင်ရာ ကတိပြုချက်ကို လက်မှတ်ထိုးခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ‌ပြောဆိုလိုက်သည်။

‌ဖေ‌ဖော်ဝါရီ ၁၂ ရက်‌နေ့က ‌နေပြည်‌တော်၌ အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် နိုင်ငံ‌ရေးပါတီအချို့တို့ ကတိပြုချက် လက်မှတ်ထိုးပြီး‌နောက် ‌ကေအဲန်ယူသည် ‌ဖေ‌ဖော်ဝါရီ ၁၆ ရက်‌နေ့က အင်းစိန်မြို့နယ်၊ ဟိုက်ပတ်လမ်းရှိ Maranatha (မရာနသန်) အသင်း‌တော်ခန်းမ၌ လူထုအား ပြန်လည်ရှင်းလင်းခြင်း အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ထိုသို ့‌ပြောခဲ့ခြင်းဖြစ်သည်။

၎င်းက “ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးဆိုင်ရာ ကတိပြုချက်ဟာ အပစ်အခတ်ရပ်စဲ‌ရေး စာချုပ်မဟုတ်ဘူး။ ပြည်သူ‌တွေ စိုးရိမ်‌ကြောင့်ကြ‌နေတဲ့ ‌တွေးပူ‌နေတဲ့ ဒီငြိမ်းချမ်း‌ရေးဟာ ဖြစ်ပါ့မလားဆိုတဲ့ စဉ်းစားမှု‌တွေကို ကျ‌နော်တို့က မစိုးရိမ်ကြပါနဲ့ ဆက်သွားပါမယ်ဆိုတဲ့ ကတိကဝတ်ကို ပြည်သူ‌တွေနဲ့ တိုင်းပြည်ကို ‌ပေးလိုက်ခြင်းပဲဖြစ်ပါတယ်လို့ ‌ပြောလိုပါတယ်”ဟု ‌ပြောသည်။

ည‌နေ ၆ နာရီမှစ၍ နှစ်နာရီနီးပါးကြာပြုလုပ်ခဲ့သည့် အဆိုပါရှင်းလင်းပွဲတွင် ‌ကေအဲန်ယူ ဥက္ကဌ အပါအဝင် ဗဟို ‌ကော်မတီဝင် ပဒို‌စောလှထွန်း၊ ဒူးပလားယားခရိုင် ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်းနှင့် ဥက္ကဌရုံးအဖွဲ့မှူး ‌စောတာမူလာ တို့ တက်‌ရောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ ကရင်အမျိုးသား ၁၅ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကရင်အမျိုးသားငြိမ်းချမ်း‌ရေးနှင့် စည်းလုံးညီညွတ်‌ရေး‌ကော်မတီဝင် မန်းသန်းဝင်းဦးက ယင်းကတိပြုချက်နှင့်ပတ်သက်၍ ကာကွယ်‌ရေးဦးစီးချုပ်က လက်မှတ်မထိုးသည့်အ‌ပေါ် ‌ကေအဲန်ယူအား ‌မေးမြန်းခဲ့ရာ ‌ကေအဲန်ယူ ဥက္ကဌရုံးအဖွဲ့မှူး ‌စောတာမူလာက ယခုလို ပြန်လည်‌ဖြေကြားခဲ့သည်။

“ကျ‌နော်တို့ကလည်း ကာချုပ်ကြီးကို လက်မှတ်ထိုး‌စေချင်ပါတယ်။ ကာချုပ်ကြီးက မ‌လေးရှားကို သွားတယ်၊ ပြန်လာတယ်။ တိုက်ဆိုင်မှု‌တွေရှိ‌တော့ ဘယ်လို‌ပြောမလဲ။ အဆင်သင့် မဖြစ်‌သေးတဲ့ အချိန်ဖြစ်‌နေ‌သေး‌တော့ ဒီလိုလွဲခဲ့ရတဲ့အချိန်မှာ သူ့ကို ထိုးဖို့လည်း ကျ‌နော်တို့အဖိုး(‌ကေအဲန်ယူဥက္ကဋ္ဌ)‌တော့ သူ့ကို အမြဲတမ်း ဆက်ဆံပါ တယ်။ တူလိုသားလို ဆက်ဆံတဲ့အ‌ပေါ်မှာ ထိုးပါလို့ သွား‌ပြောထားခဲ့ပါတယ်”ဟု ‌စောတာမူလာက ‌ပြောသည်။

ထို့အပြင် အခမ်းအနားတက်‌ရောက်သည့် အငြိမ်းစား‌ကျောင်းအုပ်ဆရာတစ်ဦးဖြစ်သူ ‌စော‌မောင်တုတ်က “ကတိပြုချက် လက်မှတ်ထိုးခဲ့တာက စာချုပ်မဟုတ်ဘူးဆိုတာ‌တော့ နားလည်တယ်။ ငြိမ်းချမ်းအ‌ရေးအတွက် ယုံကြည်မှုတည်‌ဆောက်‌နေတာကိုလည်း သိတယ်။ ဒါ‌ပေမဲ့ ‌ပြော‌တော့ တစ်မျိုး၊ လုပ်‌တော့တစ်မျိုး မဖြစ်ဖို့ လိုတယ်။ ‌နောက်ပြီး အခမ်းအနားမှာ အစိုးရအ‌ပေါ် ရာခိုင်နှုန်းပြည့်ယုံကြည်တယ်လို ့‌ပြောသွားတာ‌တော့ သံတမန်ဆန်ဆန် ‌ပြောဆိုတယ်လို့ပဲ မှတ်ယူတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု‌ဖေ‌ဖော်ဝါရီ ၁၂ရက်‌နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၄)ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)၊ KNU/KNLA-PC နဲ့ ရှမ်း(သျှမ်း)ပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS)တို့သည် အစိုးရနှင့် ‌နေပြည်‌တော်တွင် ငြိမ်းချမ်း‌ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးဆိုင်ရာ ကတိပြုချက်ကို လက်မှတ်‌ရေးထိုးခဲ့ကြခြင်းဖြစ်သည်။