Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် DKBA လူထု‌တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်

ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ် DKBA လူထု‌တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်

1587

‌ဖေ‌ဖော်ဝါရီ ၁ဝ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)က လက်ရှိ‌ဖော်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး လူထုအသံကို သိနိုင်ရန် ရည်ရွယ်၍ ‌ဖေ‌ဖော်ဝါရီ ၉ ရက်‌နေ့၌ ကရင်ပြည်နယ် ‌ဒေါနအ‌ရှေ့ ဘက်ခြမ်း စူကလိမြို့နယ်ခွဲ၊ ဆုံဆည်းမြိုင်‌ကျေးရွာတွင် လူထု‌တွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

DKBA စစ်ဦးစီး (ဒုတိယတန်း) ဗိုလ်မှူးထွန်းထွန်းက “စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်က‌နေ ညွန်ကြားချက်အရ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ခြေအ‌နေ‌တွေကို တပ်မှူးတပ်သား‌တွေ အပါအဝင် လူထုကို ချပြရှင်းပြပြီး လူထုသ‌ဘောထားကို သိချင်လို့ အခုလို ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူထု‌တွေ့ဆုံရှင်းလင်းပွဲသို့ ကလိုထူး‌ဘော အစည်းအရုံး(KKO) မှ အတွင်း‌ရေးမှူး ဗိုလ်မှူး‌စောလုံ့လုံ၊ ဗိုလ်မှူး ထွန်းထွန်း၊ DKBA စစ်ဖက်ဆိုင်ရာအရာရှိများ၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) (၂၀၁) ဒု-တပ်ရင်မှူး ဗိုလ်မှူး‌စောကြည်‌အောင် အပါအဝင် ‌ဒေါနအ‌ရှေ့ဘက်ခြမ်းရှိ ‌ကျေးရွာ (၄၀)‌ကျော်မှ ‌ကျေးရွာအုပ်ချုပ် ‌ရေး ကိုယ်စားလှယ်များ စုစု‌ပေါင်း ၃၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌တွေ့ဆုံရှင်းလင်းပွဲ တက်‌ရောက်ခဲ့သည့် ‌သေ့‌ဘောဘိုး‌ကျေးရွာမှ ‌စောအယ်ခူက “ဒီရှင်းလင်းမှုက ‌ကောင်းတယ် လို့ မြင်တယ်။ ကျ‌နော်တို့ပြည်သူ‌တွေ ‌မျှော်လင့်တာက‌တော့ လျင်လျင်မြန်မြန်နဲ့ တိကျခိုင်မာတဲ့ လက်မှတ်ထိုးပွဲ တစ်ခု လိုချင်တယ်။ အဲလိုမှမဟုတ်ရင် လက်မှတ်ထိုးပြီးလည်း အရင်လိုပဲ ပြန်ပြီး တိုက်ပွဲပြန်ဖြစ်တာမျိုးကို‌တော့ မလိုချင်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC_1417
ရှင်းလင်းပွဲတွင် ငြိမ်းချမ်း‌ရေးနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် ချုပ်ဆိုနိုင်‌ရေး ကြိုးပမ်းမှု များ၊ ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC)၏ သ‌ဘောထားများ၊ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်အ‌ပေါ် DKBA ၏ သ‌ဘောထားများ စသည်တို့ကို DKBA မှ ရှင်းလင်းခဲ့ပြီး လူထုသိလိုသည်များကို အပြန်အလှန် ‌ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ရှင်းလင်းပွဲတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် ချုပ်ဆိုနိုင်‌ရေးအတွက် ‌ဖေ‌ဖော်ဝါရီ ၁၂ ရက်‌နေ့တွင် လက်မှတ်ထိုးနိုင်ရန် ရည်ရွယ်ထားကြ‌သော်လည်း စာချုပ်မူကြမ်းတွင် မ‌ပြေလည် ‌သေးသည့် အချက်များ ကျန်ရှိ‌နေသဖြင့် ‌ဖေ‌ဖော်ဝါရီ တတိယအပတ်တွင် ပြုလုပ်မည့် NCCT နှင့် UPWC တို့၏ သတ္တမအကြိမ် ‌တွေ့ဆုံမှုတွင် ထပ်မံ‌ဆွေး‌နွေးသွားကြရန်ရှိသည်ဟု DKBA က ဆိုသည်။

တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးနိုင်‌ရေး ဆက်လက်‌ဆွေး‌နွေးသွားမည့်အ‌ပေါ် KKO အတွင်း‌ရေးမှူး ဗိုလ်မှူး ‌စောလုံ့လုံက “ကျ‌နော်တို့ တစ်နိုင်ငံလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့အတွက် အားလုံးနဲ့အတူ အ‌ကောင်းဆုံးဖြစ်‌အောင် ‌ဆောင်ရွက်‌နေပါတယ်။ သူများ‌တွေ အားလုံးလက်မှတ်ထိုးရင် ကိုယ်ကလည်း ထိုးရမှာ‌ပေါ့။ အ‌ကောင်းဆုံးကို ‌မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ထားရမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရအ‌နေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်ကို မတ်လတွင် ချုပ်ဆိုနိုင်ရန်နှင့် ‌မေလတွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုများ စတင်နိုင်ရန် ဆန္ဒရှိသည်ဟုလည်း ဗိုလ်မှူး ‌စောလုံ့လုံက ‌ပြောသည်။

DKBA သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်‌နေ့က ဖာအံမြို့တွင် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ ‌ရေး သ‌ဘောတူစာချုပ် လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း စူကလိမြို့နယ်ခွဲရှိ တာအိုထာ့ နှင့် ဝါးမီထာ့‌ကျေးရွာ တို့တွင် လူထု‌တွေ့ဆုံရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။