Home သတင်း ၆၈ ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ကို မဲ‌ဆောက်မြို့၌ အစဉ်အလာမပျက် ကျင်းပ

၆၈ ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ကို မဲ‌ဆောက်မြို့၌ အစဉ်အလာမပျက် ကျင်းပ

2265

‌ဖေ‌ဖော်ဝါရီ ၄ ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

‌ဖေ‌ဖော်ဝါရီ ၄ရက်‌နေ့တွင် ကျ‌ရောက်‌သော (၆၈)ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ အခမ်းအနားကို မဲ‌ဆောက် ‌ဒေသ‌ရောက် မွန်အမျိုးသားများပူး‌ပေါင်း၍ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ အမိုးနီဘုန်းကြီး‌ကျောင်းတွင် အစဉ်အလာမပျက် ယ‌နေ့ ပြုလုပ်ကျင်းပခဲ့ကြသည်။

မဲ‌ဆောက်မြို့၊ မွန်အမျိုးသား‌နေ့ဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင် နိုင်မင်း‌ထွေး‌အောင်က “ကျ‌နော်တို့ မွန်လူမျိုးနဲ့ မွန်ဘာသာ မ‌ပျောက်ပျက်‌အောင် ကျ‌နော်တို့ မွန်အမျိုးသား‌တွေ ဘယ်‌နေရာကိုပဲ‌ရောက်‌ရောက် မွန်အမျိုးသား တို့ရဲ့ ရိုးရာယဉ်‌ကျေးမှုနဲ့ စာ‌ပေ‌တွေကို ထိန်းသိမ်းတတ်ဖို့ နှစ်စဉ်ကျင်းပ‌ပေးတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့နံနက် ၉နာရီမှ ‌နေ့လည် ၁၂နာရီအထိ ကျင်းပသည့် ၎င်းမွန်အမျိုးသား‌နေ့တွင် မွန်အမျိုးသားအလံ‌တော် ကို အ‌လေးပြုခြင်း၊ ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီမှ မိန့်ခွန်း‌ပြောကြားခြင်း၊ ပါလီမန်ဒီမိုက‌ရေစီ ပြည်သူ့ပြည်ချစ် ပါတီ၏ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ မွန်အမျိုးသား‌နေ့ဖြစ်‌ပေါ်လာပုံကို မွန်၊ မြန်မာနှင့် ထိုင်းဘာသာတို့ဖြင့် ဖတ်ကြားပြီး‌နောက် မွန်ရိုးရာအက နှင့် မွန်ရိုးရာ‌တေးသီချင်းများဖြင့် တင်ဆက်ကပြ ‌ဖျော်‌ဖြေခဲ့သည်။

၆၈ ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ အခမ်းအနားသို့ မဲ‌ဆောက်မြို့ မွန်အမျိုးသား‌နေ့ဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင်များ၊ မဲ‌ဆောက်‌ဒေသရှိ မွန်အမျိုးသားများ၊ မွန်‌ကျောင်းသူ‌ကျောင်းသားများအပါအဝင် စုစု‌ပေါင်း ပရိဿတ် ၃၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။
IMG_6070
မွန်လူငယ်အမျိုးသမီးတစ်ဦးဖြစ်သူ မိဂျာ‌လော်‌ထောက “မွန်အမျိုးသားအားလုံး စည်းလုံးဖို့ ကျင်းပတဲ့ ဒီ‌နေ့ကို ကျမ ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒီမဲ‌ဆောက်မှာ မွန်လူမျိုး‌တွေ ဟိုတစု၊ ဒီတစုဆို‌တော့ အခမ်းအနားကို လုပ်ဖို့ အခဲအခက်အများကြီးရှိတယ်။ လူငယ်‌တွေကို ‌ပြောချင်တာက ကိုယ့်အမျိုးသား ‌ရှေ့‌ရေး အတွက် ကိုယ်တတ်နိုင်တဲ့ အခမ်းကဏ္ဍက‌နေ ကြိုးစားပါလို့ ‌ပြောကြား‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ကျ‌ရောက်သည့် ၆၈ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ကို မြန်မာနိုင်ငံတွင် ရန်ကုန်၊ ‌နေပြည်‌တော်၊ ပဲခူး၊ ‌ပေါင်၊ ‌မော်လမြိုင်၊ ကျိုက်မ‌ရော၊ ‌ကော့ကရိတ်၊ မုဒုံ၊ သံဖြူဇရပ်၊ ‌ရေး၊ ကြာအင်းဆိပ်ကြီး စသည့်မြို့နယ်များ အပါအဝင် ထိုင်း-မြန်မာနယ်စပ်နှင့် နိုင်ငံတကာ‌ရောက် မွန်အမျိုးသားများသည်လည်း ပြုလုပ်ကျင်းပခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ အမိုးနီဘုန်းကြီး‌ကျောင်းတွင် နှစ်စဉ်ကျ‌ရောက်သည့် မွန်အမျိုးသား‌နေ့ကို အစဉ်အလာမပျက် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၈)ကြိမ်ထက်မနည်း ရှိပြီဖြစ်သည်ဟု ပွဲစီစဉ်သူများက ‌ပြောသည်။

၁၉၄၇ ခုနှစ်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်‌ကျေးရွာတွင် ပြုလုပ်သည့် ပြည်လုံးကျွတ် မွန်အမျိုးသားများ ညီလာခံတွင် တပို့တွဲလပြည့်‌ကျော် ၁ရက်‌နေ့ကို မွန်အမျိုးသား‌နေ့အဖြစ် သတ်မှတ်လာပြီး‌နောက် ‌မော်လမြိုင် ခရိုင်၊ ဘီလူးကျွန်းရွာလွတ်‌ကျေးရွာတွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်ကျင်းပလာခဲ့ရာမှ ကျန်မွန်တိုင်းရင်းသား ‌နေထိုင်ရာ ‌ဒေသများသို့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။