Home သတင်း ၂၅နှစ်ကြာ ဖွင့်လှစ်ထားသည့် ခွဲက‌ဘောင် ကရင်အမျိုးသား‌ကျောင်း ဆက်လက်ဖွင့်လှစ်နိုင်‌ရေး မ‌သေချာ

၂၅နှစ်ကြာ ဖွင့်လှစ်ထားသည့် ခွဲက‌ဘောင် ကရင်အမျိုးသား‌ကျောင်း ဆက်လက်ဖွင့်လှစ်နိုင်‌ရေး မ‌သေချာ

3271

‌ဖေ‌ဖော်ဝါရီ ၅ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ၂၅နှစ်ကြာ ဖွင့်လှစ်ထားသည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းတစ်‌ကျောင်း ဖြစ်‌သော ခွဲက‌ဘောင် ကရင်အမျိုးသား‌ကျောင်းကို အလှူရှင်များမှ အကူအညီလုံးဝ ရပ်ဆိုင်းလိုက်‌သော‌ကြောင့် လာမည့် စာသင်နှစ်တွင် ဆက်လက်ရပ်တည်နိုင်ရန် မ‌သေချာ‌တော့‌ကြောင်း ယင်း‌ကျောင်း‌ကော်မတီ ဥက္ကဌ ဖြစ်သူ မန်းဗလရှင်က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

“မနှစ်က အထိ‌တော့ အလှူရှင်‌တွေက ကူညီမှု‌တွေ ရှိ‌နေ‌သေးတယ်။ ဒီနှစ်မှာဆို လုံးဝရပ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် အခုလက်ရှိမှာ‌တောင် အခက်အခဲ‌တွေဖြစ်‌နေတာ ‌နောက်နှစ် ‌ကျောင်းပြန်ဖွင့်နိုင်ဖို့က လုံးဝကို မ‌သေချာတဲ့ အ‌နေအထားဖြစ်‌နေတယ်”ဟု မန်းဗလရှင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ခွဲက‌ဘောင် ကရင်အမျိုးသား‌ကျောင်းကို စတင်တည်‌ထောင်ပြီးခဲ့ချိန်၌ အီတလီ၊ ဒိန်းမတ်နိုင်ငံရှိ အလှူရှင် လူမှု‌ရေးအဖွဲ့အစည်းများက ကူညီ‌ထောက်ပံ့လာရာမှ ၂၀၁ဝ ခုနှစ်‌နောက်ပိုင်း အကူအညီ‌ပေးမှုများ တဖြည်းဖြည်း ‌လျှော့ချလာကာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အကူအညီ‌ပေးမှု လုံးဝရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ထိုသို့ အကူအညီ‌ပေးမှု ရပ်ဆိုင်းလိုက်သည့်အတွက် ‌ကျောင်းဆရာ၊ ဆရာမ နှင့် ‌ကျောင်းသားဦး‌ရေမှာ ယခင် စာသင်နှစ်က ၄၀ဝ ‌ကျော်ရှိ‌သော်လည်း ယခုနှစ်တွင် ၂၀၃ ဦးနှင့် ဆရာ၊ ဆရာမ ၁၆ ဦးသာ ကျန်ရှိကာ ထက်ဝက်ခန့် ‌လျော့ကျသွားခဲ့သည်ဟု သိရသည်။

မဲ‌ဆောက်အ‌ခြေစိုက် ‌ကျောင်းသားမိဘတစ်ဦးဖြစ်သူ ‌စောအဲဆိုက “ဒီ‌ကျောင်းဟာ နယ်စပ် ပြည်တွင်းမှာ ‌ရောက်လာတဲ့ က‌လေး‌တွေအတွက် အားထားရတဲ့‌ကျောင်းဖြစ်တယ်။ ‌နောက်ပြီး ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု ‌တွေကို အ‌လေးထားသင်ကြား ‌ပေး‌နေတဲ့‌ကျောင်းလည်း ဖြစ်တဲ့အတွက် ‌ကျောင်းပိတ်လိုက်ရရင် ကိုယ့်ကရင် က‌လေး‌တွေ အနာဂတ်အတွက်စိုးရိမ်မိတယ်”ဟု ‌ပြောသည်။
Kwe Ka Baung1
ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ပညာ‌ရေးအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး ‌ကော်မတီ(BMWEC) ဥက္ကဌ ဆရာမ ‌နော်‌ဖော‌ရေကလည်း နယ်စပ်တ‌လျှောက်၌ ‌ရွှေ့‌ပြောင်း‌ကျောင်း ၇ဝ ‌ကျော်ရှိ‌သော်လည်း ယခုစာသင်နှစ်တွင် ၆၅ ‌ကျောင်း၊ ဆရာ ဆရာမ ၇၀ဝ ဝန်းကျင်နှင့် ‌ကျောင်းသားဦး‌ရေ ၁၃,၀၀၀‌ကျော်သာ ကျန်ရှိ‌ကြောင်း၊ လာမည့် ပညာသင်နှစ်မှာ ‌ကျောင်း ၁၄ ‌ကျောင်းခန့် လုံးဝပိတ်လိုက်ရမည့် အ‌နေအထားရှိ‌ကြောင်း ‌ပြောသည်။

“အလှူရှင်‌တွေ ‌လျော့နည်းလာတဲ့အတွက် ‌ရွှေ့‌ပြောင်း‌ကျောင်းတိုင်းလိုလို ဒီအခက်အခဲ‌တွေ ကြုံ‌တွေ့‌နေရတယ်။ အတတ်နိုင်ဆုံး‌တော့ ပြည်တွင်း၊ ပြည်ပ အကူအညီ‌ပေး‌ရေး အဖွဲ့အစည်း‌တွေနဲ့ ချိတ်ဆက်ပြီး ကျမတို့ ကြိုးပမ်း‌နေရဆဲဖြစ်တယ်”ဟု ဆရာမ ‌နော်‌ဖော‌ရေက ‌ပြောသည်။

လာမည့်နှစ်အတွက် လည်ပတ်နိုင်ရန် အခက်အခဲဖြစ်‌နေသည့် ခွဲက‌ဘောင် ကရင်အမျိုးသား‌ကျောင်းသည် မူလတန်းမှ အထက်တန်းလွန်အထိ မြန်မာပြည် သင်ရိုးညွန်းတမ်းအတိုင်း သင်ကြား‌ပေး‌နေသလို ထိုင်းဘာသာ၊ ကရင်ဘာသာ၊ ကရင်သမိုင်းနှင့် ရိုးရာယဉ်‌ကျေးမှုများကိုပါ တွဲဖက်သင်ကြား‌ပေး‌နေသည့် ‌ရွှေ့‌ပြောင်းပညာ‌ရေး‌ကျောင်း ဖြစ်သည်။

ခွဲက‌ဘောက်ကရင်အမျိုးသား‌ကျောင်းကို ကရင်လူငယ်များ၏ ပညာ‌ရေးနှင့် ရိုးရာယဉ်‌ကျေးမှု ထိန်းသိမ်းတတ် ‌စေ‌ရေး ရည်ရွယ်၍ ၁၉၉ဝ ခုနှစ်၊ ဇွန်လ ၁ ရက်‌နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိ‌ကျောင်း‌ကော်မတီ ဥက္ကဌ ဖြစ်သူ မန်းဗလရှင်က စတင်တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။