Home ထိပ်တန်းသတင်း မြဝတီမြို့နယ်တွင် ‌လေး‌ကေ‌ကော်မြို့သစ် စီမံကိန်း စတင်အ‌ကောင်အတည်‌ဖော် လုပ်‌ဆောင်‌နေ

မြဝတီမြို့နယ်တွင် ‌လေး‌ကေ‌ကော်မြို့သစ် စီမံကိန်း စတင်အ‌ကောင်အတည်‌ဖော် လုပ်‌ဆောင်‌နေ

2150

‌ဖေ‌ဖော်ဝါရီ ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထီးမယ်ဝါးခီး‌ကျေးရွာအနီးတွင် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) နှင့် အစိုးရတို့ ညှိနှိုင်း‌ဆောင်ရွက်မှုဖြင့် ‌လေး‌ကေ‌ကော်မြို့သစ်စီမံကိန်းကို သူး‌လေကုမ္ပဏီမှ တာဝန်ယူ၍ ‌ဖေ‌ဖော်ဝါရီ ၂ ရက်‌နေ့က စတင်အ‌ကောင်အထည်‌ဖော် ‌ဆောက်လုပ်‌ပေး‌နေပြီဖြစ်‌ကြောင်း သိရှိရသည်။

‌လေး‌ကေ‌ကော်မြို့သစ်စီမံကိန်းကို ‌မြေဧက‌ပေါင်း ၁,၈၀ဝ လျာထားကာ ၇၅၅ ဧကတို့ကို အရစ်ကျ အ‌ကောင်အထည်‌ဖော်မည်ဖြစ်ပြီး တန်ဖိုးနည်းအိမ် အလုံး ၁၅၀ဝ ‌ဆောက်လုပ်ရန် လျာထားသည်ဟု ထီးမယ်ဝါးခီး အုပ်ချုပ်‌ရေးမှူးက ‌စော‌ဌေးမြင့်‌အောင်က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၎င်းက “အခု တည်‌ဆောက်မယ့် မြို့သစ်စီမံကိန်းက ‌မြေ‌နေရာစွန့်လွတ်လိုက်ရတဲ့သူ‌တွေ ရွာပုန်းရွာ‌ရှောင် ‌တော်လှန်‌ရေးမိသားစု‌တွေ၊ ‌နောက်ပြီး ‌တော်လှန်‌ရေးမှာကျဆုံးပြီး ကျန်ရှိတဲ့ မိသားစု‌တွေ ပြန်လည်‌နေထိုင်ဖို့ အတွက် ပြန်လာ‌နေဖို့အတွက်ရည်ရွယ်ထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဆောက်လုပ်မည့် ‌လေး‌ကေ‌ကော်မြို့သစ်စီမံကိန်းကို ပြည်‌ထောင်စုဝန်ကြီးနှင့် ကရင်ပြည်နယ်ဝန်ကြီးတို့မှ ‌ထောက်ပံ့‌ပေးမည်ဖြစ်ပြီး ‌ကေအဲန်ယူမှ ဦး‌ဆောင်လုပ်‌ပေးမည်ဖြစ်သည်ဟု ‌စော‌ဌေးမြင့်‌အောင်က ဆက်လက်‌ပြောဆိုသည်။
IMG_0059
ဇန်နဝါရီ ၂၂ရက်‌နေ့က ကရင်ပြည်နယ်၊ နပ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ‌ရေရရှိ‌ရေး၊ မီးရရှိ‌ရေး၊ လမ်း‌ဖောက်လုပ်မှုအ‌ခြေအ‌နေများကို အစိုးရဌာနဆိုင်ရာများအ‌နေဖြင့် မည်သို့ ပံ့ပိုးကူညီသွားရမည်နှင့် ပတ်သက်၍ အဆိုပါမြို့သစ်စီမံကိန်းသို့ သွား‌ရောက်ကြည့်ရှုခဲ့‌ကြောင်း ‌ကေအဲန်ယူမှ စီးပွား‌ရေးတာဝန်ခံ ဗိုလ်မှူး‌စောရန်နိုင်က ‌ပြောသည်။

ဗိုလ်မှူး‌စောရန်နိုင်က “စီမံကိန်း‌နေရာမှာ ရှိတဲ့ ‌ဒေသခံလူထုရဲ့ဆန္ဒကို အဲဒီနယ်‌မြေမှာရှိတဲ့ ‌ကေအဲန်ယူ အဖွဲ့အစည်းရဲ့‌ခေါင်း‌ဆောင်‌တွေတချို့က တိုင်ပင်ပြီး‌တော့မှ အစိုးရနဲ့ ညှိနှိုင်းပြီး‌တော့ အဲဒီလူ‌တွေရဲ့ လိုအပ် ချက်‌တွေကို ပြန်လည်ဖြည့်ဆည်း‌ပေးနိုင်ဖို့ လုပ်‌နေတဲ့ အစီစဉ်တစ်ခုပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌လေး‌ကေ‌ကော်မြို့သစ်စီမံကိန်းသည် ၂၁၁၄ ခုနှစ်၊ ဇွန်လအတွင်းမှ စတင်‌နေပြီး ၂၀၁၅ခုနှစ်မတ်လတွင် တန်ဖိုးနည်းအိမ် အလုံး ၅ဝကို အပြီး‌ဆောက်လုပ်ထားမည်ဖြစ်ပြီး ‌ဆေးရုံအတွက် ‌မြေ ၁၅ဧကနှင့် စာသင်‌ကျောင်းအတွက် ‌မြေ ၁၂ဧက အသုံးပြုသွားမည်ဟု သိရှိရသည်။

‌လေး‌ကေ‌ကော်မြို့သစ်စီမံကိန်းအ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်‌နေသည့် ဧရိယာသည် ထီးမယ်ဝါးခီး ‌ကျေးရွာအနီးရှိ မဲကနယ် သစ်‌တောကြိုးဝိုင်းဧရိယာတွင် တည်ရှိကာ ၎င်းစီမံကိန်း၏ အနီးတဝိုက် ‌ကျေးရွာများရှိ ‌ဒေသခံများသည် ‌တောင်ယာများလုပ်ငန်းကို အဓိက လုပ်ကိုင်စား‌သောက်ကြသည်။ လက်ရှိထီးမယ်ဝါးခီး‌ကျေးရွာသည် ၂၀၀၆ ခုနှစ်မှ စတင်ရွာတည်‌ထောင်ခဲ့သည်ဟု သိရှိရသည်။