Home သတင်း ‌ဒေါက်တာတီသံပြာ တက္ကသိုလ်အဆင့်‌ကျောင်း KNU ဖာပွန်ခရိုင်တွင် စတင်ဖွင့်လှစ်

‌ဒေါက်တာတီသံပြာ တက္ကသိုလ်အဆင့်‌ကျောင်း KNU ဖာပွန်ခရိုင်တွင် စတင်ဖွင့်လှစ်

2447

‌ဖေ‌ဖော်ဝါရီ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်တွင် ပညာ ‌ရေးအတွက် စိတ်ပါဝင်စားသူများက ဦး‌ဆောင်ကာ ပထမဆုံး‌သော တက္ကသိုလ်အဆင့်ရှိ T. Than Byar Christian Institute ‌ကျောင်းကို ‌ဖေ‌ဖော်ဝါရီ ၂၆ရက်‌နေ့က ဖွင့်လှစ်ခဲ့‌ကြောင်း သိရသည်။

‌ကျောင်းဖြစ်‌မြောက်‌ရေး ဦး‌ဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ခရစ်ယာန် သိက္ခာ‌တော်ရ ဆရာ‌တော် ‌ဒေါက်တာ‌စောရဟတ်က “ကရင်ပညာ‌ရေးအတွက်ကို သီးသန့် လုပ်‌ပေးချင်တဲ့သူ‌တွေက စု‌ပေါင်းပြီး ဖွင့်လှစ်‌ပေးခြင်းဖြစ်ပြီး‌တော့ ဒီ‌ကျောင်းက‌နေ သင်ယူ ခဲ့ရတဲ့ ပညာနဲ့ ကိုယ့်ရပ်ကိုယ့်ရွာမှာ ပြန်လည်အကျိုးပြုမြှင့်တင်နိုင်‌အောင်လို့ ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုဖွင့်လှစ်သည့်‌ကျောင်းမှာ အဖွဲ့အစည်းတခုခုက ဖွင့်လှစ်‌ပေးခြင်းမဟုတ်ဘဲ ပညာ‌ရေးအတွက် လိုလားသူများက စု‌ပေါင်း တည်‌ထောင်ခြင်းဖြစ်ပြီး မည်သည့်ဘာသာဝင်မဆို တက်‌ရောက်သင်ကြားခွင့်ရှိသည်။ စာသင်နှစ် (၃)နှစ် သတ်မှတ်ထားသည့် အဆိုပါ‌ကျောင်းတွင် နိုင်ငံတကာအဆင့်မှီ သင်ရိုးညွန်းတမ်းများဖြင့် သင်ကြား‌ပေးမည်ဖြစ်ပြီး တက်‌ရောက်‌အောင်မြင်သည့်အခါ Bachelor of Business Administration (Marketing)၊ Bachelor of Business Administration (Management)၊ Bachelor of Science and Management Information System B.Sc, Bachelor of Art B.A (English) ဘွဲ့များကို ‌ပေးအပ်သွားမည် ဟု ‌ဒေါက်တာ‌စောရဟတ်က ဆက်‌ပြောသည်။

‌ကျောင်းဖြစ်‌မြောက်‌ရေး ‌ကော်မတီဝင်တစ်ဦးဖြစ်သူ ဆရာ‌စောအယ်ဒိုဝါးကလည်း “ဒီလို(တက္ကသိုလ်) ယူနီဗာစတီ‌ကျောင်းကို ဖွင့်လိုက်တဲ့အတွက် ပြည်တွင်း(အထူးသဖြင့်‌ရွှေ့‌ပြောင်း‌ဒေသ)က High school နဲ့သာ ‌ရှေ့ပညာ‌ရေး ဆက်လက်ဆည်းပူးဖို့ ဆုံး ရှုံးသွားတဲ့ ‌ကျောင်းသား‌တွေအတွက် အိပ်မက်တစ်ခုကို အ‌ကောင်အထည်‌ဖော် ဖန်တီး‌ပေးလိုက်တာပဲ”ဟု ‌ပြောသည်။
11004686_868152706579223_65545553_n
ပထမစာသင်နှစ်အတွက် ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၇ဝမှ ၈ဝဦးအထိ ဇွန်လဆန်းတွင် စတင်ကာ လက်ခံ‌ပေးသွားမည်ဖြစ် ပြီး တက်‌ရောက်လိုသူများအ‌နေဖြင့် အနည်းဆုံး Junior College နှင့် တက္ကသိုလ်ဝင်တန်း‌အောင်မြင်ပြီးသူများ၊ Post ten ‌အောင်မြင်ပြီးသူများသာ ဝင်ခွင့်စာ‌မေးပွဲ ‌ဖြေဆိုခွင့်ရရှိမည်ဖြစ်ကာ ‌အောင်မြင်ပါက တက်‌ရောက်နိုင်မည်ဖြစ်‌ကြောင်း ‌ကျောင်း ‌ကော်မတီဝင်များက ‌ပြောဆိုသည်။

‌ကျောင်းဖွင့်လှစ်နိုင်သည့်အ‌ပေါ် ကရင့်ပညာ‌ရေးဌာန(KED) အတွင်း‌ရေးမှူးဖြစ်သူ ‌စော‌လောအယ်မူးက “ကျ‌နော်တို့အ‌နေနဲ့ ဒီလို တက္ကသိုလ်အဆင့်ထိ ဖွင့်လှစ်နိုင်ဖို့ ကြိုးစား‌ပေမယ့်လည်း မဖြစ်လာ‌သေးဘူး‌ပေါ့။ KED အ‌နေနဲ့ မဟုတ်‌ပေမယ့်လို့ လိုအပ်‌နေတဲ့ ပညာ‌ရေးအတွက် အခုလို တစ်‌ထောင့်တစ်‌နေရာက‌နေ ဖြည့်ဆည်း‌ပေးတာကို ဝမ်းသာပါတယ်”ဟု ‌ပြောသည်။

‌ကျောင်းဖွင့်ပွဲသို့ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စော‌ဘော‌ကျော်ဟဲ၊ ကရင်အမျိုး သားကာကွယ်‌ရေးအဖွဲ့(KNDO) ဦးစီးချုပ် ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြနှင့် စစ်ဖက်ဆိုင်ရာအရာရှိများ၊ ပြည်တွင်းပြည်ပ ကရင်လူမှုအ ဖွဲ့အစည်းများ၊ ဖာပွန်ခရိုင် မျိုးဆက်သစ် ‌ကျောင်းသား‌ကျောင်းသူများ အပါအဝင် လူဦး‌ရေ ၁,၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြ သည်။

ယခုဖွင့်လှစ်‌သော T. Than Byar Christian Institute ကို ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာလမှစ၍ ‌ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်၊ ဒုက္ခသည်စခန်းများအတွင်းရှိ ဖွင့်လှစ်ထား‌သော ‌ကောလိပ်အဆင့်‌ကျောင်းများထက် တက္ကသိုလ်အ ဆင့်ပညာကို စတင် သင်ကြား‌ပေးမည့်‌ကျောင်းဖြစ်သည်ဟု သိရသည်။