Home သတင်း ‌ကော့ကရိတ်မြို့နယ်၌ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ထောက်အကူပြုသင်တန်း ပြုလုပ်

‌ကော့ကရိတ်မြို့နယ်၌ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ထောက်အကူပြုသင်တန်း ပြုလုပ်

1217

မန်းသိန်း‌ဇော်

‌ဖေ‌ဖော်ဝါရီ ၄ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ရန်ကုန်အ‌ခြေစိုက် ‌အေးချမ်းမြန်မာလူမှု‌ရေးအဖွဲ့အစည်းနှင့် ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့‌တောင်ပိုင်း အ‌ခြေစိုက် သွီး(‌သွေး)လူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေးကွန်ရက်တို့ ပူး‌ပေါင်း၍ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ထောက် အကူပြု သင်တန်းတစ်ရပ်ကို ဇန်နဝါရီ ၂၈ မှ ၃ဝရက်‌နေ့အထိ ‌ကော့ကရိတ်မြို့နယ်၊ မြပတိုင်‌ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

၎င်းသင်တန်းပြုလုပ်ခြင်းအ‌ပေါ် သွီးလူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေးကွန်ရက် ဥက္ကဌ မန်းသိန်း‌ဇော်က “ဒီသင်တန်းလုပ်ရတဲ့ ရည်ရွက်ချက်က ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းကို သိရှိလာဖို့ရယ်၊ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်မှာ ‌ဒေသခံအမျိုးသမီး‌တွေ ပါဝင်နိုင်‌ကြောင်း သိရှိဖို့နဲ့ လူအခွင့်အ‌ရေး‌စောင့်ကြည့် ‌လေ့လာမှု အ‌ရေးကြီးပုံတို့ကို သိရှိဖို့ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

သင်တန်းတွင် လက်ရှိငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်များ၊ လူအခွင့်အ‌ရေး၊ အမျိုးသမီးအခွင့်အ‌ရေး လုံခြုံ‌ရေး‌ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ်-၁၃၂၅၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌ကြေငြာစာတမ်း ဆိုင်ရာ သိ‌ကောင်းစရာများ၊ ၂၀၀၈ ဖွဲ့စည်းပုံ၏ အခန်း (၈)တွင် ပါရှိသည့် နိုင်ငံသားများ၏ မူလအခွင့် အ‌ရေးနှင့် တာဝန်ဝတ္တရားများ၊ ငြိမ်းချမ်း‌ရေးဆိုင်ရာ ‌စောင့်ကြည့်‌လေ့လာ‌ရေးများ စသည်တို့ကို သင်ကြား ပို့ချ‌ပေးခဲ့သည်ဟု မန်းသိန်း‌ဇော်က ဆက်‌ပြောသည်။

သုံးရက်တာ ပြုလုပ်သည့် အဆိုပါ သင်တန်းသို့ ‌ကော့ကရိတ်‌မြောက်ပိုင်းတွင် တည်ရှိသည့် ကျုံပိုင်း၊ ‌နောင်ထပံ၊ ‌နောင်တစ်ပွဲ၊ မြပတိုင်၊ ထီးဖိုးစံ‌ကျေးရွာအုပ်စုတို့မှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ လူငယ်၊ အမျိုးသမီး၊ ကရင်စာ‌ပေယဉ်‌ကျေးမှုအဖွဲ့ဝင်များနှင့် ဆရာ‌တော်များ စုစု‌ပေါင်း လူဦး‌ရေ ၂၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

သင်တန်းတက်‌ရောက်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သူ ‌စောစိန်ဖူးက “ကျ‌နော်က‌တော့ ဗဟုသုတရ‌အောင် ဆိုပြီး သွားတက်တာ ဖြစ်တယ်။ သင်တန်းမှာလည်း ငြိမ်းချမ်း‌ရေး၊ လူ့အခွင့်အ‌ရေးနဲ့ ပတ်သက်ပြီး‌တော့ သိရှိလာတယ်။ ဒီလို သင်တန်းကို ကျ‌နော် လူငယ်‌တွေ များများတက်‌စေချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌ဒေသခံလူထုများအတွက် ယခုလို သင်တန်း‌ပေးခြင်းအားဖြင့် နိုင်ငံသားများ၏ အခွင့်အ‌ရေးများ၊ တိုင်းရင်း သား တန်းတူညီမျှ‌ရေး အခွင့်အ‌ရေးများ၊ အမျိုးသမီးနှင့် က‌လေးအခွင့်အ‌ရေးများ စသည်တို့ကို နားလည် လာပြီး ‌ပြောရဲဆိုရဲ ရှိလာမည်ဟု ‌မျှော်လင့်‌ကြောင်းလည်း မန်းသိန်း‌ဇော်က ဖြည့်စွက်‌ပြောသည်။

‌အေးချမ်းမြန်မာလူမှု‌ရေးအဖွဲ့အစည်းနှင့် သွီးလူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေးကွန်ရက်တို့ ပူး‌ပေါင်း၍ ယခုနှစ်၊ ဇန်နဝါရီ ၂၁ မှ ၂၆ ရက်‌နေ့အထိ ‌ကော့ကရိတ်‌တောင်ပိုင်း ‌လောင်းကိုင်‌ကျေးရွာတွင် ငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ထောက်အကူပြုသင်တန်းတစ်ရပ် ပြုလုပ်ခဲ့‌သေးသည်။