Home သတင်း အဲန်အယ်လ်ဒီမှ တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုမည့် ‌ရွှေ့‌ပြောင်း‌ကျောင်းသူ/သားများအား တတိယအကြိမ် အလှူ‌ငွေ‌ထောက်ပံ့

အဲန်အယ်လ်ဒီမှ တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုမည့် ‌ရွှေ့‌ပြောင်း‌ကျောင်းသူ/သားများအား တတိယအကြိမ် အလှူ‌ငွေ‌ထောက်ပံ့

1418

‌ဖေ‌ဖော်ဝါရီ ၁ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ) ပညာ‌ရေးကွန်ရက်မှ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်‌ဒေသရှိ မြန်မာအစိုးရ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုကြမည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူ/သားများ အား တတိယအကြိမ်‌မြောက် အလှူ‌ငွေ‌ထောက်ပံ့မှု အခမ်းအနားတစ်ရပ်ကို ယ‌နေ့ မွန်းလွဲ ၁နာရီ‌ကျော်တွင် မဲ‌ဆောက်မြို့ ဆာသူး‌လေ‌ကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

ယခုနှစ် ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုကြမည့် မဲ‌ဆောက်‌ဒေသရှိ မြန်မာ ‌ရွှေ့‌ပြောင်း ‌ကျောင်းသူ/သား (၁၆၅)ဦးအား အဲန်အယ်လ်ဒီ ပညာ‌ရေးကွန်ရက်ကိုယ်စား မြဝတီခရိုင် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိန်ဘိုမှ ကျပ်‌ငွေ (၁၅)သိန်းအပြင် ဗလာစာအုပ် ၅ဝ ဒါဇင်၊ တက္ကသိုလ်ဝင်တန်းစာအုပ် ၃၇စုံ၊ ဦး‌နေအုပ် အဂင်္လိပ်စာ ၄ဝ အုပ်နှင့် BIO တွဲ စာအုပ် ၁၃၃ အုပ်တို့ကို ‌ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

မြဝတီခရိုင် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိန်ဘိုက “အဲန်အယ်လ်ဒီ ပညာ‌ရေးကွန်ရက် တာဝန်‌ပေးချက်အရ ကျ‌နော်တို့ ‌ထောက်ပံ့‌ကြေးလာ‌ပေးခြင်းဖြစ်တယ်။ မြန်မာ့‌ရွှေ့‌ပြောင်းက‌လေး‌တွေ ပညာသင်ကြားဖို့ ကြုံရတဲ့ အခက်‌တွေဟာ အများကြီးပါပဲ။ ဒါ‌ပေမယ့် ဒါ‌တွေဟာ ကျ‌နော်တို့ ဗမာပြည်ရဲ့ နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှု၊ ပညာ‌ရေး၊ စီးပွား‌ရေး ပြုပြင်‌ပြောင်းလဲမှု၊ ဒါ‌တွေ ‌နောက်က လိုက်လာမယ်ဆိုရင် အထိုက်အ‌လျောက် ‌ဖြေရှင်းသွားနိုင်မယ်လို့ ‌မျှော်လင့်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC_0112
ထို့အပြင် မြဝတီခရိုင် အဲန်အယ်လ်ဒီ အဖွဲ့အ‌နေဖြင့် မြဝတီမြို့ အထက်တန်း‌ကျောင်းတွင် မကြာခင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို သွား‌ရောက်‌ဖြေဆိုကြမည့် ‌ရွှေ့‌ပြောင်း‌ကျောင်းသူ/သားများ၏ အသွားအပြန် ခရီးအကြိုအပို့အားလုံးနှင့် အခြားလိုအပ်‌သော အကူအညီများကို ဆက်လက်ကူညီသွားမည်ဟု ဦးစိန်ဘိုက ဆက်‌ပြောသည်။

ယ‌နေ့ အလှူ‌ငွေ‌ထောက်ပံ့မှု အခမ်းအနားသို့ မြဝတီခရိုင် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိန်ဘို ဦး‌ဆောင်သည့်အဖွဲ့၊ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ(BMWEC) ဥက္ကဋ္ဌ ‌နော်‌ဖော‌ရေနှင့် ‌ကော်မတီဝင်များ၊ ထိုင်းပညာ‌ရေးဋ္ဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုကြမည့် ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ ဆရာ/မနှင့် ‌ကျောင်းသူ/သားများအပါအဝင် စုစု‌ပေါင်း ၄၀ဝ နီးပါး တက်‌ရောက်ခဲ့ကြသည်။

‌ထောက်ပံ့မှုအ‌ပေါ် BMWEC ဥက္ကဋ္ဌ ‌နော်‌ဖော‌ရေက “ဒီလိုမျိုးဒုက္ခ‌ရောက်‌နေတဲ့အချိန်မှာ လာကူညီတာ အရမ်း ဝမ်းသာတယ်။ အဲန်အယ်လ်ဒီ ပညာ‌ရေးအဖွဲ့လိုမျိုးပဲ ‌ပေါ့‌နော်။ ကျမတို့ တက္ကသိုလ်ဝင် တန်း ‌ဖြေဆိုကြမယ့် က‌လေး‌တွေအတွက် တခြားအဖွဲ့အစည်း‌တွေလည်း ဒီလိုနည်းတူ အား‌ပေးအား‌မြှောက်မှုနဲ့ ဆက်လက်ပံ့ပိုး‌ပေးဖို့ ‌ပြောချင်ပါတယ်”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်‌ဒေသအ‌ခြေစိုက် BMWEC လက်‌အောက်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ ဖြစ်ကြ‌သော ဆာသူး‌လေ၊ ထီးမယ်ဝါးခီး၊ New Blood နှင့် SAW ‌ကျောင်းတို့မှ ‌ကျောင်းသူ‌ကျောင်းသား ၄ဝ ‌ကျော်သည် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ကရင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြဝတီမြို့ အထက်တန်း ‌ကျောင်းတွင် ၂၀၁၂-၁၃ ပညာသင်နှစ်ကတည်းက စတင်သွား‌ရောက်‌ဖြေဆိုခဲ့ကြပြီးဖြစ်သည်။

အစိုးရ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ‌ဖြေဆိုပြီး ‌အောင်မြင်သွားသည့် ‌ကျောင်းသူ‌ကျောင်းသားအများစုသည် ရန်ကုန်၊ မန္တ‌လေး၊ ‌မော်လမြိုင်၊ ဖားအံနှင့် ပဲခူး စသည့်မြို့များရှိ တက္ကသိုလ်၊ ‌ကောလိပ်‌ကျောင်းတို့တွင် ဆက်လက် ပညာသင်ယူ‌နေကြသည်ဟု တက္ကသိုလ်ဝင်တန်း ‌ဖြေဆိုသည့် မြန်မာ့‌ရွှေ့‌ပြောင်း‌ကျောင်းသူ/သား အ‌ရေး ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။