Home သတင်း အီတိုးထာ့ ပြည်တွင်းဒုက္ခသည်စခန်းတွင် စစ်တမ်းများ စတင်‌ကောက်ယူမှု ပြုလုပ်‌နေ

အီတိုးထာ့ ပြည်တွင်းဒုက္ခသည်စခန်းတွင် စစ်တမ်းများ စတင်‌ကောက်ယူမှု ပြုလုပ်‌နေ

1659

‌ဖေ‌ဖော်ဝါရီ ၁၉ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်ရာ ဖာပွန်ခရိုင်အတွင်းရှိ ပြည်တွင်းဌာ‌နေမဲ့ ဒုက္ခသည်(အိုင်ဒီပီ)များ‌နေထိုင်ရာ အီတိုးထာ့စခန်းတွင် အပြည်ပြည်ဆိုင်ရာ အကူအညီ‌ပေး‌ရေးအစီအစဉ်နှင့် ပတ်သက်၍ ‌ဖေ‌ဖော်ဝါရီ ၃ မှ ၂၈ရက်‌နေ့အထိ စစ်တမ်း‌ကောက်ယူတစ်ခု ပြုလုပ်‌နေသည်ဟု သိရသည်။

အဆိုပါ စစ်တမ်း‌ကောက်ယူမှုကို ဖာပွန်ခရိုင်၊ ‌ညောင်‌လေးပင်ခရိုင်၊ ‌တောင်ငူခရိုင် စသည့် ‌ကေအဲန်ယူ ခရိုင် အသီးသီးမှ တာဝန်ရှိသူများ၊ ကရင်ဒုက္ခသည်များ ကူညီ‌စောင့်‌ရှောက်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့-‌ကေအိုအာရ်ဒီ(Karen Office of Relief and Development-KORD)တို့ ပူး‌ပေါင်း၍ ‌ကောက်ယူခြင်း ဖြစ်သည်ဟု ‌ကေအိုအာရ်ဒီမှ လူမှုဖွံ့ဖြိုး‌ရေးတာဝန်ခံ ‌စော‌မော‌လောက ‌ကေအိုင်စီသို့ ‌ပြောသည်။

“စစ်တမ်း‌ကောက်ယူတာက စခန်းကို အကူအညီ‌ပေး‌နေတဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီ‌ပေး‌ရေး အစီအစဉ် က ၂၀၁၅ ဩဂုတ်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲဒီ‌တော့ ‌နောက်လာမယ့် အချိန်ကာလအတွက် မ‌ရေရာတဲ့ အ‌ခြေအ‌နေ‌ပေါ်မှာ စခန်း‌နေသူ‌တွေအတွက် ကြိုတင်ပြင်ဆင်မှု တစ်ခုအ‌နေနဲ့ စစ်တမ်း‌ကောက်ယူတာပါ။ ‌ကောက်ပြီးတဲ့အခါ ကျ‌နော်တို့ အစည်းအ‌ဝေးပြန်ထိုင်ပြီး စာရင်းထုတ်ပြန်သင့်ရင် လည်း ထုတ်ပြန်သွားမယ်”ဟု ‌စော‌မော‌လောက ‌ပြောသည်။

ထိုသို့ စစ်တမ်း‌ကောက်ယူရာတွင် ‌မေးခွန်း (၁၀) ခုကို အ‌ခြေခံကာ ဒုက္ခသည်များအ‌နေဖြင့် မိမိသ‌ဘောဆန္ဒ အတိုင်း ပြန်နိုင်သည့် အ‌ခြေအ‌နေ ရှိ၊ မရှိနှင့် ရပ်ရွာသို့ ပြန်လည်အ‌ခြေချ‌နေထိုင်လိုသည့် လူဦး‌ရေ၊ မပြန်လို သည့် လူဦး‌ရေ စသည်တို့ကို အဓိကထားကာ ‌ကောက်ယူလျှက်ရှိသည်ဟု ‌ကေအိုအာရ်ဒီက ‌ပြောဆိုသည်။

လက်ရှိ စစ်တမ်း‌ကောက်ယူမှု အ‌ခြေအ‌နေအရ မပြန်လိုသည့် ဦး‌ရေမှာ ပိုမိုများပြားပြီး ဩဂုတ်လ ‌နောက်ပိုင်း ဆန်ရိက္ခာ‌ပေး‌ဝေမှု‌လျော့နည်းလာနိုင်ခြင်း၊ နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ပြောင်းလဲလာခြင်းတို့‌ကြောင့် မိမိရပ်ရွာသို့ ပြန်လည်အ‌ခြေချ‌နေထိုင်လိုသူများလည်းရှိကာ ထိုအထဲတွင် ‌တောင်ငူခရိုင်အတွင်းမှ လာ‌ရောက်ခိုလှုံသူ အများဆုံးဖြစ်‌ကြောင်း သိရသည်။

‌နေရပ်သို့ပြန်လည် အ‌ခြေချ‌နေထိုင်လိုသူများနှင့်ပတ်သက်ပြီး ‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒို‌စောအယ်ဝါး က “ပြည်သူ‌တွေ ယုံကြည်‌လောက်တဲ့ ခိုင်မာတဲ့ငြိမ်းချမ်းမှု ရပြီဆိုရင်‌တော့ ပြန်လာဖို့ သင့်ပါတယ်။ တကယ်လို့ ရိက္ခာအခက်အခဲ‌ကြောင့် ပြန်လာမယ်ဆိုရင်လည်း ကျ‌နော်တို့ရဲ့ ရှိတဲ့သူနဲ့ ရှိတဲ့အဖွဲ့အစည်း‌တွေက‌နေ အ‌ကောင်းဆုံးစဉ်းစားချက်များနဲ့ လိုအပ်သလို ‌ဆောင်ရွက်‌ပေးသွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ဒုက္ခသည်များ ကူညီ‌စောင့်‌ရှောက်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့သည် အိုင်ဒီပီများကို အကူအညီ‌ပေး ‌ဆောင်ရွက်‌ပေး‌နေ‌သောအဖွဲ့ဖြစ်ပြီး အကူအညီ ‌ပေး‌ရေးအစီအစဉ် ရပ်ဆိုင်းသွားပါက ဩဂုတ်လ ‌နောက်ပိုင်း တွင် လူတစ်ဦးအတွက် လတ်တ‌လောရရှိ‌သော ဆန်ရိက္ခာ ၁၂ ကီလို‌အောက် ‌လျော့နည်းသွားနိုင်ဖွယ်ရှိ‌ကြောင်း ၎င်းတို့အဖွဲ့က ဆိုသည်။

‌ကေအဲန်ယူအား မြန်မာအစိုးရ၏ ထိုးစစ်ဆင်မှု‌ကြောင့် ‌ကေအဲန်ယူ ဖာပွန်ခရိုင်၊ ‌ညောင်‌လေးပင်ခရိုင်၊ ‌တောင်ငူခရိုင်တို့မှ အသီးသီး ထွက်‌ပြေးတိမ်း‌ရှောင်လာ‌သော စစ်‌ဘေးဒုက္ခသည်များ‌နေထိုင်ရန် ၂၀၀၆ ခုနှစ်တွင် အီတိုးထာ့စခန်းကို စတင်တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။ အီတိုးထာ့စခန်းတွင် ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလအတွင်း ‌နောက်ဆုံး‌ကောက်ယူရရှိ‌သော စာရင်းများအရ လူဦး‌ရေ ၃,၆၀ဝ ခန့်ရှိ‌ကြောင်း သိရသည်။