Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့ အာ‌ဘော်

အယ်ဒီတာ့ အာ‌ဘော်

1527

ကရင်လူမှုအဖွဲ့အစည်းများ စုစည်းအား‌ကောင်းဖို့ လိုပြီ

နိုင်ငံတစ်နိုင်ငံ တိုးတက်ဖြစ်ထွန်းမှုသည် နိုင်ငံတွင်း ‌နေထိုင်ကြ‌သော နိုင်ငံသူနိုင်ငံသားများအ‌ပေါ် များစွာ တည်မှီ‌နေသလို ထို နိုင်ငံသားပြည်သူများအတွက် အားကိုးအားထား‌လောက်သည့် အစိုးရတစ်ရပ် ‌ပေါ်‌ပေါက်‌ရေးသည်လည်း အ‌ရေးကြီးဆုံး ဖြစ် ‌နေ‌ပေသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားအားလုံး လိုလား‌သော စစ်မှန်သည့် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်ရာ၌ လူမျိုးစုံ၊ နယ်ပယ်စုံ လူမှုအဖွဲ့အစည်းများ အား‌ကောင်းလာ‌ရေးသည်လည်း အ‌ခြေခံအချက်ဖြစ်သည်ကို မျက်‌မှောက်‌ခေတ် ဒီမို က‌ရေစီ အထိုင်ကျ‌နေပြီးဖြစ်သည့် ကမ္ဘာ့နိုင်ငံများ၏ အ‌နေအထားကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်မည်ဖြစ်သည်။

ယ‌နေ့‌ခေတ် မြန်မာ့လူမှုမီဒီယာ အား‌ကောင်းလာသည်နှင့်အမျှ နယ်ပယ်‌ဒေသ အသီးသီးရှိ လူမှုအဖွဲ့အစည်းများ၏ လုပ်‌ဆောင် ချက်များမှာလည်း စစ်အစိုးရလက်ထက်နှင့် နှိုင်းယှဉ်လျှင် အရှိန်တိုးမြှင့်လာ‌နေသည်။ အလားတူ ကရင်လူမှုအဖွဲ့အစည်း ၅ဝနီး ပါးမှာ ပြည်တွင်း၊ ပြည်ပ အ‌ခြေစိုက်ကာ လှုပ်ရှား‌ဆောင်ရွက်လျှက်ရှိပြီး ယင်းတို့အနက် နိုင်ငံ‌ရေးပါတီများ၊ လူ့အခွင့်အ‌ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ ဥပ‌ဒေအကူအညီ‌ပေး‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူငယ်နှင့် အမျိုးသမီး စသဖြင့် ကဏ္ဍစုံ ကိုယ်စီ ရှိ‌နေကြသည်။

လူမှုအဖွဲ့အစည်းဟူသည် အုပ်စိုးသူ အစိုးရက ဖွဲ့စည်း‌ပေးရခြင်းမဟုတ်။ ပြည်သူလူထုကို အ‌ခြေပြု၍ ဖွဲ့တည်လာခဲ့ခြင်းဖြစ်သည်။ လူထု၏ လိုအပ်ချက်၊ လူထု၏ နစ်နာဆုံးရှုံးမှုအပြင် လူထုကိုယ်စားပြု ထိုး‌ဖောက်လုပ်‌ဆောင်‌နေရသည့် အဖွဲ့အစည်းများဖြစ်ရာ ပြည်သူလူထုနှင့် အနီးစပ်ဆုံးရှိသူများဟုလည်း ဆိုနိုင်‌ပေသည်။ မြန်မာနိုင်ငံတွင် ပြည်သူများက အုပ်စိုးသူများ၏ နှစ်‌ပေါင်းများ စွာ ဖိနှိပ်ခံလာရသည့် နင်းပြားဘဝမှ လွတ်‌မြောက်ဖို့အ‌ရေး ရုန်းထွက်ရာတွင် လူမှုအဖွဲ့အစည်းများက မပါမဖြစ် ပါဝင်ရမည်ပင်။ သို့‌သော် လူထုအ‌ရေးကို အသုံးချကာ အုပ်စုအကျိုး၊ ကိုယ့်အကျိုးလုပ်သွား၍‌တော့ လုံးဝ မဖြစ်‌ပေ။

မိမိပြည်နယ်၊ နိုင်ငံအတွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို စိုက်လိုက်မတ်တပ် အ‌ကောင်အထည်‌ဖော်‌နေသည့် ကာလတွင် လူ့အ ခွင့်အ‌ရေး ချိုး ‌ဖောက်မှုများ မည်၍မည်မျှ ရှိ‌နေကြသည်၊ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ‌ဆွေး‌နွေးမှုများ၌ လူထုဆန္ဒ များ မပါဝင်က မည်သို့တိုက်တွန်းသွားမည်၊ လက်နက်ကိုင်အဖွဲ့များ စည်းလုံးညီညွှတ်မှုနှင့် လူထုအ‌ပေါ် ပြုမူဆက်ဆံမှုများ မည် သို့ရှိသည် စသည်တို့ကို မျက်‌ခြေမပြတ်တမ်း သက်ဆိုင်ရာ ကဏ္ဍအလိုက် တိုက်တွန်း‌ဆောင်ရွက်သွားရမည့် တာဝန်မှာ လူထု ကြားက လူမှုအဖွဲ့များ၏ သမိုင်း‌ပေးတာဝန်ပင်ဖြစ်သည်။

ကရင်လူမှုအဖွဲ့အစည်းများ၏ သမိုင်း‌ကြောင်းကို ပြန်‌လေ့လာကြည့်လျှင် ပထမဦးဆုံး ‌ပေါ်ထွက်လာသည့် ‌ဒေါကလု (ကရင်အ မျိုးသားအစည်းအရုံး) ကို ၁၈၈၁ခုနှစ်တွင် ကရင်အမျိုးသား‌ခေတ်ပညာတတ်များက စတင် တည်‌ထောင်ခဲ့သည်။ အဂင်္လိပ်- မြန်မာ တတိယစစ် ၁၈၈၅ခုနှစ် မတိုင်မီကတည်းက ‌ပေါ်‌ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဗမာလူမျိုးများ အမျိုးသား‌ရေး နိုးကြားရန် စတင် အ‌ခြေတည်ခဲ့သည် ၁၉၀၆ခုနှစ်တွင် တည်‌ထောင်ခဲ့‌သော ဗုဒ္ဓဘာသာ ကလျာနယုဝအ သင်း (YMBA) အသင်းကြီးထက် ‌ဒေါကလုအသင်းကြီးက ၂၅နှစ်ခန့်‌စောသည်။ ၁၈၈၃တွင် စတင် တည်‌ထောင်ခဲ့သည့် ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုက‌ရေစီနိုင်ငံ ဖြစ်သည့် အိန္ဒိယကွန်ဂရက်ပါတီထက်လည်း ‌ဒေါကလုအသင်းကြီးက သက်တမ်း ၂နှစ် ပိုရင့်သည်။ ထို‌ဒေါကလုအသင်းကြီးမှ ‌မွေးထုတ်‌ပေးခဲ့‌သော ကရင်အမျိုးသား‌ခေါင်း‌ဆောင်များကပင် ၁၉၃၈ခုနှစ်တွင် ကရင်နှစ်သစ်ကူး‌နေ့၊ ကရင့်အမျိုးသားသီချင်းနှင့် အမျိုးသားအလံတို့ကို တရားဝင် ရရှိ‌အောင် လုပ်‌ဆောင်‌ပေးခဲ့နိုင်သည့် ထိုကာလသည် ကရင်လူမှုအဖွဲ့အစည်းများ ‌ရွှေထီး ‌ဆောင်း‌သောကာလဟု ဆိုနိုင်သည်။

မြန်မာ့နိုင်ငံ‌ရေးသမိုင်းတွင် မဆလ၊ နဝတ၊ နအဖ ‌ခေတ်တစ်‌လျှောက်လုံး လူမှုအဖွဲ့အစည်းများ အားနည်းခဲ့သလို အကန့်အ သတ်များစွာဖြင့် ‌ပြောဆိုလုပ်ကိုင်ခဲ့ကြရ၍ ကရင်လူမှုအဖွဲ့ အစည်းများမှာလည်း အားမ‌ကောင်းနိုင်ခဲ့။ သို့‌သော် လက်ရှိ ‌ခေတ် စနစ်ကို သုံးသပ်ကြည့်ရာ၌ ကရင်လူမှုအဖွဲ့အစည်းများ စုစည်းညီညာမှုရှိ‌ရေး၊ ကြိုးပမ်းအားထုတ်မှုရှိ‌ရေးမှာ လွန်စွာ အ‌ရေးကြီး ‌နေ‌ပေပြီ။ တိုင်းရင်းသားညီအစ်ကိုများနည်းတူ ကရင်အမျိုးသားတို့လည်း တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရ‌ရေး ရည်မှန်းချက် အတွက် လုပ်‌ဆောင်ရာတွင် စုစည်းညီညာမှု၊ ပွင့်လင်းမြင်သာမှုအားသည် အဓိကကျလှ‌ပေသည်။ ထို့‌ကြောင့် လက်ရှိ ကရင်လူမှု အဖွဲ့အစည်းများအ‌နေဖြင့် ‌ဒေါကလု အသင်းကြီးကဲ့သို့ ဦး‌ဆောင်မှု‌ပေးနိုင်‌ရေးအတွက် စုစည်းညီညာမှုရှိရန် ကရင်လူမှုအဖွဲ့အ စည်းများက ကြိုးစားလုပ်‌ဆောင်သွားရန် လိုအပ်‌နေပြီးဖြစ်‌ကြောင်း အပြုသ‌ဘော‌ဆောင်ကာ ‌ထောက်ပြတိုက်တွန်းလိုပါသည်။