Home သတင်း အမျိုးသား ‌တောင်းဆိုချက် ၄ ရပ် အမြန်‌ပေါ်ထွန်းလာ‌ရေး ပါဝင်လှုပ်ရှားကြရန် နိုင်ငံတကာကရင်အဖွဲ့ တိုက်တွန်း

အမျိုးသား ‌တောင်းဆိုချက် ၄ ရပ် အမြန်‌ပေါ်ထွန်းလာ‌ရေး ပါဝင်လှုပ်ရှားကြရန် နိုင်ငံတကာကရင်အဖွဲ့ တိုက်တွန်း

2390

‌ဖေ‌ဖော်ဝါရီ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားများ၏ လိုလားမှုဆန္ဒ(၄)ချက်နှင့်အညီ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ‌သော စစ်မှန်သည့် ဖက်ဒရယ်ပြည် ‌ထောင်စု အမြန်‌ပေါ်ထွန်းလာ‌ရေးအတွက် ကျရာအခန်းကဏ္ဍ၌ ပါဝင်လှုပ်ရှားကြရန် နိုင်ငံတကာ ကရင်အမျိုး သားအစည်းအရုံး(IKO)က ယ‌နေ့ ၆၇နှစ်‌မြောက် ကရင်အမျိုးသား‌နေ့တွင် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်၍ တိုက်တွန်း‌ပြောဆိုလိုက်သည်။

၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိ‌ရေးအတွက် ကရင်ပြည်ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေး အဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိ စသည့် ကရင်လူမျိုးများ၏ ‌တောင်းဆိုချက် ၄ချက်ကို ပြန်လည်သတိရပြီး မရမချင်း လုပ်‌ဆောင်ကြရန် တိုက်တွန်း ‌ပြောဆိုလိုက်ခြင်းဖြစ်သည်ဟု IKO ‌ပြော‌ရေးဆိုခွင့်ရှိသူ မန်း‌အော်လန်းဒိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ ဆန္ဒက အခုထိ မ‌ပြောင်းလဲ‌သေးဘူး။ ‌ခေတ်လည်းမှီတယ်။ နိုင်ငံတကာ စံနှုန်းနဲ့လည်း ညီတယ်။ အမျိုးမျိုး‌သော အစိုးရက လိမ်လည်လှည့်ဖြား‌ပေမယ့် ကျ‌နော်တို့က တသမတည်း အဲဒါကို ‌တောင်းဆို‌နေတဲ့ အတွက် ကရင်တစ်မျိုးသားလုံး ပြန်ပြီး‌တော့ သတိရကြပါ။ ကရင်တစ်မျိုးသားလုံးရဲ့ ‌မျှော်မှန်းချက်ကို မရမချင်း လုပ်‌ဆောင်ဖို့ ကျ‌နော်တို့ ‌မျှော်မှန်းတိုက်တွန်းတာဖြစ်တယ်”ဟု မန်း‌အော်လန်းဒိုက ‌ပြောသည်။

ထို့အပြင် လတ်တ‌လော ဦးသိန်းစိန်အစိုးရ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်သည် ၂၀၀၈အ‌ခြေခံ ဥပ‌ဒေအတွင်း ဆွဲသွင်းရန် လုပ်‌ဆောင်ခြင်းသာဖြစ်ပြီး စစ်မှန်‌သော ငြိမ်းချမ်း‌ဖောင်‌ဆောင်မှုမဟုတ်‌ကြောင်း၊ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များအပါအဝင် တပ်မှူးတပ်သားများနှင့် မျိုးချစ်ကရင်ပြည်သူများအားလုံးအ‌နေဖြင့် ကရင်တစ်မျိုးသားလုံး၏ လိုလားမှု ဆန္ဒ‌ပေါ်ထွန်းလာ‌ရေးအတွက် ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့စိတ်ဓာတ်ကို ပြန်လည်လွှင့်ထူကြ‌စေလို‌ကြောင်း မန်း‌အော်လန်းဒိုက ဆက်‌ပြောသည်။

IKO ၏ ထုတ်ပြန်‌ကြေညာချက်ထဲတွင် ဖဆပလအစိုးရ လက်ထက်က ကရင်အမျိုးသားထု၏ ‌တောင်းဆိုချက် များကို ပယ်ချခဲ့သလို မြန်မာအစိုးရ အဆက်ဆက်ကလည်း ကရင့်မျိုးချစ်အဖွဲ့အစည်းများနှင့် လူထုများကို ‌ချေမှုန်းတိုက်ခိုက်သည့်အပြင် တိုင်းရင်းသားလူမျိုးစုများ သိမ်ငယ်‌စေ‌သော ဝါဒများကို သမိုင်း၊ မြန်မာစာ စ‌သော ဘာသာရပ်များအတွင်း သွတ်သွင်းကာ ကရင်လူထု၏ မျိုးချစ်စိတ်ကို ဖျက်ဆီးလျှက်ရှိသည်ဟု ‌ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်အ‌ပေါ် ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့အ‌ခြေစိုက် ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့(OKRSO)၏ နာယက ‌စောစိပ်ပ‌လောင်က “ကရင်အမျိုးသား‌တွေရဲ့ လိုလားချက် ‌တွေကို ‌ပေါ်ထွန်းလာဖို့ အရင်ဆုံးလုပ်‌ဆောင်ရမှာက အမျိုးသားစည်းလုံးညီညွတ်မှုပဲ။ ထိုမှတဆင့် အမျိုးသား လိုအပ်ချက်ကို ‌တောင်းဆိုအ‌ကောင်အထည်‌ဖော်ရမယ်။ ကရင်အမျိုးသား‌နေ့ ‌ပေါ်‌ပေါက်လာတာကလည်း အမျိုးသား တန်းတူ‌ရေးအတွက် ‌ပေါ်‌ပေါက်လာတာပဲ‌လေ။ စည်းလုံးညီညွတ်မယ်ဆိုရင် အမျိုးသားလိုအပ်ချက် ‌တွေကို လုပ်‌ဆောင်နိုင်မှာဖြစ်တယ်”ဟု ‌ပြောသည်။

ယခုနှစ် ကျ‌ရောက်‌သော ၆၇နှစ်‌မြောက် ကရင်အမျိုသား‌နေ့ကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ခရိုင်၊ တပ်မဟာ အသီးသီးအပြင် ဩစ‌တြေးလျား၊ က‌နေဒါ၊ အ‌မေရိကန်၊ နယူးဇီလန်နှင့် ‌နော်‌ဝေ စသည့် နိုင်ငံတကာ‌ရောက် ကရင်အမျိုးသားများသည်လည်း အစဉ်အလာမပျက် ကျင်းပလျှက်ရှိသည်ဟု သိရသည်။

ကရင်အမျိုးသား‌နေ့ကို မြန်မာတစ်ပြည်လုံးရှိ ကရင်ပြည်သူ (၄)သိန်း‌ကျော်သည် ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့တွင် ဖဆပလအစိုးရထံသို့ ကရင်ပြည်‌ပေးရန် ‌ကြွေး‌ကြော်သံ ၄ချက်ဖြင့် ‌တောင်းဆိုဆန္ဒပြမှုကို အစွဲပြု၍ ၁၉၅၃ခုနှစ်၊ နိုဝင်ဘာ ၂၃ရက်‌နေ့မှ ၂၅ရက်‌နေ့အထိ ကျင်းပသည့် ‌ကော်သူး‌လေ ပြည်လုံးဆုင်ရာ ကွန်ကရက်တွင် ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသား‌တောင်းဆိုချက်များ အမြန်ဆုံး‌ပေါ်ထွန်း‌ရေး ယ‌နေ့ တိုက်တွန်း‌သော IKO သည် ကရင်‌တော် လှန်‌ရေး ပန်းတိုင်‌ရောက်‌ရေး အ‌ထောက်အကူပြုရန်၊ မြန်မာနိုင်ငံတွင် စစ်မှန်‌သော နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲမှု ‌ပေါ်‌ပေါက်လာရန်နှင့် တိုင်းရင်းသားအားလုံး တန်းတူရည်တူရှိပြီး ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိ‌သော ဖယ်ဒရယ်ပြည် ‌ထောင်စု ‌ပေါ်‌ပေါက်လာရန် ရည်ရွယ်၍ အာရှ-ပစိတ်ဖိတ်၊ အ‌မေရိကန်-က‌နေဒါ၊ ဥ‌ရောပ စသည့် ကမ္ဘာ့ဇုံ ၃ခုမှ နိုင်ငံ‌ပေါင်း (၃၀)ရှိ ကရင်အဖွဲ့အစည်းများဖြင့် ၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာတွင် ဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်သည်။