Home သတင်း အစိုးရနှင့် ထိပ်တိုက်‌တွေ့ရန် သ‌ဘောထား မရှိဟု UNA ‌ပြောဆို

အစိုးရနှင့် ထိပ်တိုက်‌တွေ့ရန် သ‌ဘောထား မရှိဟု UNA ‌ပြောဆို

1588

ဓာတ်ပုံ-‌ကေအိုင်စီ (UNA အဖွဲ့ဝင်များ )

‌ဖေ‌ဖော်ဝါရီ ၂၃ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

စည်းလုံးညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်း ‌ဆွေး‌နွေးပွဲများပြုလုပ်ပြီး ‌ဖေ‌ဖော်ဝါရီ ၁၉ရက်‌နေ့က သ‌ဘောထား‌ကြေညာချက် ထုတ်ပြန်ခြင်းမှာ အစိုးရနှင့် ထိပ်တိုက်‌တွေ့လိုသည့် သ‌ဘော မဟုတ်ဟု UNA သဘာပတိအဖွဲ့ဝင် ဦး‌အေးသာ‌အောင်က ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန် မြို့၊ ကမာရွတ်မြို့နယ်၊ ‌ရွှေလီလမ်းရှိ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲရုံး၌ ယ‌နေ့ နံနက် ၉ နာရီခွဲမှ ‌နေ့လည် ၁၂ နာရီအထိ ပြုလုပ်သည့် ‌တွေ့ဆုံပွဲတစ်ရပ်တွင် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ‌ကော်မရှင်ဥက္ကဌ ဦးတင်‌အေးက UNA အ‌နေဖြင့် အစိုးရနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ရန် ထိပ်တိုက်ရင်ဆိုင်သည့် ပုံစံမျိုးဖြစ်မည်ကို စိုးရိမ်သည်ဟု ‌ပြောဆိုခဲ့ခြင်းအ‌ပေါ် ဦး‌အေးသာ‌အောင်က ထိုသို့ တုံ့ပြန်‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုလို နိုင်ငံ‌တော်မှာ ‌ကျောင်းသားကိစ္စ၊ လယ်ယာ‌မြေကိစ္စ၊ White Card ကဒ်ကိစ္စ ‌ပေါ်‌နေတာကို အစိုးရက‌တော့ တတ်နိုင်သ‌လောက် ရှင်းတယ်။ အစိုးရနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်သင့်တယ်။ အစိုးရနဲ့ ထိပ်တိုက် ရင်ဆိုင်တာမျိုးမဖြစ်သင့်ဘူးဆိုတာကို ‌ကော်မရှင် ဥက္ကဌက ရှင်းပြတယ်။ ကျ‌နော်တို့ကလည်း တိုင်းပြည်ရဲ့ လိုအပ်ချက်‌တွေကို ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ ကြိုးပမ်း‌နေတာ ဖြစ်တယ်။ ထိပ်တိုက်‌တွေ့ဖို့ သ‌ဘောထားမရှိတဲ့အ‌ကြောင်း ပြန်ရှင်းပြခဲ့ပါတယ်”ဟု ဦး‌အေးသာ‌အောင်က ‌ပြောသည်။

‌ကော်မရှင်ဥက္ကဌက UNA နှင့် မိတ်ဖက်ပါတီများ ‌ဆွေး‌နွေးမှုကို စိုးရိမ်စိတ်ရှိ‌ကြောင်း ပွင့်ပွင့်လင်းလင်း ရှင်းပြ သည်မှာ ‌ကောင်းမွန်သလို မိမိတို့ကလည်း တိုင်းပြည်အတွက် အကျိုးရှိမည့် အလုပ်ကို အားလုံးပါဝင် ပူး‌ပေါင်း ‌ဆောင်ရွက်လိုသည့် ဆန္ဒ၊ ရည်ရွယ်ချက်‌ကောင်းဖြင့် လုပ်‌ဆောင်‌နေခြင်းကို ရှင်းပြခွင့်ရသည့်အတွက် ‌ကောင်းမွန်သည်ဟု ၎င်းက ဆက်‌ပြောသည်။

UNA အဖွဲ့ဝင်ဖြစ်သည့် ကရင်အမျိုးသားပါတီမှ မန်း‌ကျော်ငြိမ်းကလည်း “‌ဆွေး‌နွေးပွဲလုပ်တာက အကုန်လုံး တိုင်းပြည်‌ကောင်းဖို့လုပ်တာ၊ အခု နိုင်ငံ‌ရေးအကြပ်အတည်းကို အစိုးရတစ်ဖွဲ့တည်း တင်မဟုတ်ဘဲ အားလုံး ဝိုင်း‌ဖြေရှင်းနိုင်မဲ့ နည်းလမ်းကို ‌ဆွေး‌နွေးကြတာ ဖြစ်တယ်။ ထိပ်တိုက်ရင်ဆိုင်ဖို့ မဟုတ်ဘူး”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၁၇ မှ ၁၉ ရက်‌နေ့အထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ‌တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် UNA အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်နိုင်ငံ‌ရေးပါတီများ၊ လက်နက်ကိုင် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များနှင့် လူထုအ‌ခြေပြုအဖွဲ့အစည်းများ စုစု‌ပေါင်း ၃၃ ဖွဲ့တက်‌ရောက်သည့် ညှိနှိုင်း‌ဆွေး‌နွေးပွဲတွင် UNA က သ‌ဘောထားတစ်‌စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်းထုတ်ပြန်ချက်တွင် နိုင်ငံ‌ရေးပြဿနာကို ‌တွေ့ဆုံ‌ဆွေး‌နွေးသည့် နည်းလမ်းဖြင့် ‌ဖြေရှင်း‌ရေး၊ အပစ်အခတ်ရပ် စဲ‌ရေးနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ လျင်မြန်စွာ ဖြစ်‌မြောက်‌ရေး၊ ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအတွက် ပင်လုံမူနှင့် ပင်လုံကတိကဝတ်တို့ကို အ‌ခြေခံ‌သော ပြည်‌ထောင်စုညီလာခံကြီး ကျင်းပ၍ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ရန် (သို့) အသစ်‌ရေးဆွဲရန်၊၂၀၁၅ ‌ရွေး‌ကောက်ပွဲ ကျင်းပရန်နှင့် လွတ်လပ် တရားမျှတသည့် ‌ရွေး‌ကောက်ပွဲဖြစ်‌ရေးအတွက် ကြိုးပမ်းရန် စသည့် အချက်များ ‌ဖော်ပြထားသည်။

ထို့အပြင် အမျိုးသားပညာ‌ရေး ဥပ‌ဒေပြင်ဆင်‌ရေး ‌တောင်းဆို‌နေမှုကို ‌ထောက်ခံသလို ‌လေးပွင့်ဆိုင် ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲမှ သ‌ဘောတူသည့် အမျိုးသားပညာ‌ရေးဥပ‌ဒေကြမ်းကို အမြန်ဆုံး အတည်ပြု‌ပေးရန်၊ ကိုးကန့်‌ဒေသ ပဋိပက္ခကို စစ်‌ရေးဖြင့် မ‌ဖြေရှင်းရန်၊ မတရားဖမ်းဆီးခံ အလုပ်သမားများ၊ လယ်သမားများနှင့် နိုင်ငံ‌ရေးအကျဉ်း သားများအားလုံးကို ချွင်းချက်မရှိ လွှတ်‌ပေးရန် စသည့်အချက်များလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်‌ထောင်စု‌ရွေး‌ကော်ပွဲ‌ကော်မရှင် ဥက္ကဌနှင့် UNA အဖွဲ့ဝင် ပါတီ‌ခေါင်း‌ဆောင်များ‌တွေ့ဆုံပွဲကို အဖွဲ့ဝင် ၈ ပါတီအနက် ရှမ်း(သျှမ်း)ပြည်ကိုးကန် ့ဒီမိုကရက်တစ်ပါတီ ဥက္ကဌမှလွဲ၍ ပါတီ ၇ ခုမှ ဥက္ကဌများ တက်‌ရောက်ခဲ့ပြီး ယခု‌တွေ့ဆုံမှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။