Home သတင်း အစိုးရမှ ပြန်စွန့်လွှတ်‌ပေးသည့် ‌မြေဧက မပြည့်‌ကြောင်း ပိုင်ရှင်‌ဒေသခံများ‌ပြောဆို

အစိုးရမှ ပြန်စွန့်လွှတ်‌ပေးသည့် ‌မြေဧက မပြည့်‌ကြောင်း ပိုင်ရှင်‌ဒေသခံများ‌ပြောဆို

1363

လှိုင်းဘွဲမြို့နယ် ကျုံပကိုရွာ အုပ်ချုပ်‌ရေးမှူးရုံး၌ ‌တွေ့ရသည့် ‌ဒေသခံများ

‌ဖေ‌ဖော်ဝါရီ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကျုံပကိုနှင့် ထီလုံသစ်‌တောအတွင်းရှိ သိမ်းဆည်းခံထားရသည့် ‌မြေများကို ပြည်နယ်ဝန်ကြီးချုပ်က ဧက ၇၀ဝ ပြန်လည်စွန့်လွှတ်‌ပေးရမည်ဟု ‌ပြော‌သော်လည်း ဧက ၁၀ဝ ‌ကျော်သာ ပြန်စွန့်လွှတ်‌ပေး‌သေးသည်ဟု မူလပိုင်ရှင်လယ်သမားများက ‌ပြောသည်။

ယခုလ ‌ဖေ‌ဖော်ဝါရီ ၄ ရက်‌နေ့က ကရင်ပြည်နယ်သစ်‌တောဝန်ကြီးဌာနမှ လှိုင်းဘွဲမြို့နယ် သစ်‌တောဦးစီမှူး ဦး‌ကျော်သူထွန်းနှင့် အဖွဲ့သားများ၊ လုပ်ငန်းရှင်များသည် လှိုင်းဘွဲမြို့နယ်၊ ကျုံပကိုရွာ အုပ်ချုပ်‌ရေးမှူးရုံး၌ ‌မြေအသိမ်းခံထားရသည့် ‌ဒေသခံများအား ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး ‌မြေဧက ၁၀ဝ ‌ကျော်သာ ပြန်စွန့်လွှတ်‌ပေး မည်ဟု ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စအ‌ပေါ် ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောရန်နိုင်မင်းက “အမှန်က အဲဒီ‌မြေမှာ လုပ်ကိုင်လာတဲ့ ‌ဒေသခံ ပိုင်ရှင်‌တွေက ၅၈ ဦးရှိတယ်။ ပြည်နယ်ဝန်ကြီးချုပ် ‌ပြောတဲ့အတိုင်းဆိုရင် ‌ဒေသခံ‌တွေအတွက် ပြည့်တယ်။ အခုက ဧက‌ပေါင်း တစ်ရာ‌ကျော်ပဲ ပြန်‌ပေး‌တော့ ‌ဒေသခံ‌တွေက ဘယ်‌ကျေနပ်နိုင်မလဲ။ ကျန်တဲ့ ဧက ၅ ရာ‌ကျော်မှာ ‌တော့ လုပ်ငန်းရှင်‌တွေကိုပဲ ထပ်ပြန်‌ပေးတဲ့ သ‌ဘောဖြစ်‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပြန်စွန့်လွှတ်‌ပေးသည့် အဆိုပါ ‌မြေများတွင် လုပ်ပိုင်ခွင့်ရရှိရန် ‌လျှောက်လွှာ‌ကြေးအဖြစ် ပြည်နယ် အစိုးရအား ကျပ်‌ငွေ ၅ ‌သောင်း ‌ပေး‌ဆောင်ရဦးမည်ဖြစ်သည့်အတွက် ‌ဒေသခံများအတွက် အခက်အခဲ ဖြစ်‌ကြောင်း ‌စောရန်နိုင်မင်းက ဆက်‌ပြောသည်။

ထိုသို့ ပြန်စွန့်လွှတ်‌မြေ ဧက ၁၀ဝ ‌ကျော်သာ ရှိသည့်အ‌ပေါ် ‌ဒေသခံ မူလပိုင်ရှင် ၅၈ ဦးအတွက် အလွန်နည်းပါး သလို လုပ်ကိုင်ရန်လည်း အခက်အခဲရှိသည့်အတွက် ပြည်နယ်အစိုးရအ‌နေဖြင့် အမြန်ဆုံး ‌ဖြေရှင်း‌ပေး‌စေလို ‌ကြောင်းနှင့် မ‌ဖြေရှင်း‌ပေးပါက ပြည်နယ်ဝန်ကြီးချုပ်အပြင် ပြည်‌ထောင်စုအဆင့်အထိ စာ‌ရေးတင်ပြသွားမည် ဖြစ်‌ကြောင်း ‌ဒေသခံများက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကရင်ပြည်နယ်သစ်‌တောဝန်ကြီး ‌စောဆာ‌လောလက ပြန်စွန့်လွှတ်‌မြေများကို ‌ဒေသခံများအတွက် လုပ်ကိုင်ခွင့်ကို ဇန်နဝါရီက ထုတ်‌ပေး‌နေပြီး ယခုလက်ရှိတွင် လုပ်ကိုင်ခွင့် စုစု‌ပေါင်း ဧက ၃၀ဝ ခန့် ရှိသည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ဒေသခံများအတွက် လုပ်ပိုင်ခွင့် ဂရမ်ထုတ်‌ပေး‌နေပါပြီ။ တစ်ဧကကို ၅၀ဝ ကျပ်နဲ့ အခွန်‌ကောက်တယ်။ ‌လော‌လောဆယ်မှာ‌တော့ လုပ်ကိုင်ခွင့်ကို ဧက ၃၀ဝ ထုတ်‌ပေးလိုက်ပြီဖြစ်တယ်။ ကျန်ရှိ‌နေ‌သေးတဲ့ ‌ဒေသခံ ‌တွေလည်း လုပ်ကိုင်ခွင့်လာ‌လျှောက်ဦးမယ်ဆိုရင်လည်း ထုတ်‌ပေးဦးမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျုံပကိုနှင့် ထီလုံသစ်‌တောအတွင်းတွင် ‌ဒေသခံများက မျိုးရိုးအစဉ်အဆက်မှ လယ်ယာများနှင့် အခြားသီးနှံပင် များ စိုက်ပျိုးလုပ်ကိုင်ကြပြီး ၂၀၁ဝ ခုနှစ်‌နောက်ပိုင်း ပြည်နယ်အစိုးရက အခြားလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ‌ပေးသဖြင့် ‌ဒေသခံများ၏ လယ်ယာ‌မြေ၊ ဥယျာဉ်ခြံများ အသိမ်းခံရခြင်းဖြစ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းက ကျုံပကိုနှင့် ထီလုံသစ်‌တောအတွင်းရှိ ‌ဒေသခံများ၏ ‌မြေ‌နေရာများကို သက်ဆိုင်ရာ ‌ဒေသခံများအား တစ်ဦးချင်းစီအလိုက် ပြန်လည်စွန့်လွှတ်‌ပေးရန် ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၅ ရက်‌နေ့၌ သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားသည်ဟု သိရသည်။