Home သတင်း မယ်လဒုက္ခသည်စခန်း အပြင်ဘက်တွင် အမျိုးသမီးတစ်ဦးအ‌လောင်း ‌တွေ့ရှိ

မယ်လဒုက္ခသည်စခန်း အပြင်ဘက်တွင် အမျိုးသမီးတစ်ဦးအ‌လောင်း ‌တွေ့ရှိ

1891

‌ဖေ‌ဖော်ဝါရီ ၂၅ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်းအပြင် အ‌နောက်ဘက် တစ်မိုင်အကွာတွင် ရှိ‌သော ‌တောတွင်းတစ်‌နေရာတွင် ဓားဒဏ်ရာဖြင့် ‌သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး၏ အ‌လောင်းကို ‌ဖေ‌ဖော်ဝါရီ ၂၃ ရက်‌နေ့ ည‌နေက ‌တွေ့ရှိခဲ့သည်ဟု စခန်းတွင်း‌နေထိုင်သူများက ‌ပြောသည်။

ယခုကိစ္စအ‌ပေါ် မယ်လခန်း ဥက္ကဌ ‌စော‌အောနက်က “‌သေသွားတဲ့ အမျိုးသမီးဟာ စခန်းအတွင်း‌နေထိုင်တဲ့သူ တစ်‌ယောက် ဟုတ်ပါတယ်။ ‌သေဆုံးမှုနဲ့ ပတ်သက်ပြီး အ‌သေးစိတ်ကို‌တော့ ကျ‌နော်တို့ လုပ်‌ဆောင်‌နေဆဲ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ အတည်ပြု‌ပြောကြားသည်။

အဆိုပါ အမျိုးသမီးမှာ မယ်လဒုက္ခသည်စခန်း ဇုံစီ၊ ရပ်ကွက် အမှတ်(၄-A)တွင် ‌နေထိုင်‌သော အသက် ၄၂ နှစ်အရွယ် ‌ဒေါ်ဟာလီမန် ဆိုသူဖြစ်ပြီး ဓားထိုးခံထားရသည့် ဒဏ်ရာများဖြင့် ‌သေဆုံး‌နေခြင်းဖြစ်‌ကြောင်း အ‌လောင်းသွား‌ရောက်ကြည့်ရှုရာ၌ ပါဝင်သည့် ဇုံစီ (C -2)ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ဦးကာစင်က ‌ပြောသည်။

“ကျ‌နော်တို့သွားကြည့်တာက ည ၈ နာရီခွဲ‌လောက်ရှိမယ်။ အဲဒီအမျိုးသမီးက ဖက်သွား‌ကောက်တာလား ဟင်းရွက်ခူးတာလား‌တော့ မသိဘူး။ သူ့အနီးနားမှာ ဟင်းသီးဟင်းရွက်နဲ့ အိတ်‌တွေ့တယ်။ ‌ကျောမှာ သုံးချက်၊ လည်ပင်းမှာ တစ်ချက်၊ ‌မေးရိုးနဲ့ နားရင်းမှာ တစ်ချက်စီ ဒဏ်ရာနဲ့ တ‌စောင်း‌မှောက်လျက်အ‌နေအထားနဲ့ ‌သေဆုံး‌နေတာ ‌တွေ့ရတယ်”ဟု ဦးကာစင်က ‌ပြောသည်။

‌သေဆုံးသွားသည့် အမျိုးသမီးအ‌လောင်းကို ‌ဖေ‌ဖော်ဝါရီ ၂၄ ရက်‌နေ့ မနက်တွင် စခန်းတာဝန်ရှိသူများ၊ ထိုင်း အာဏာပိုင်များ လာ‌ရောက်ကြည့်ရှုစစ်‌ဆေးပြီး မယ်တန်‌ဆေးရုံသို့ ပို့‌ဆောင်ကာ စစ်‌ဆေးမှုများပြုလုပ်ပြီး‌နောက် မွန်းလွဲ ၂ နာရီခန့်တွင် ‌မြေမြုပ်သၤဂြိုလ်ခဲ့‌ကြောင်း သိရသည်။

မယ်လဒုက္ခသည်စခန်း၏ စခန်းပြင်ပတွင် အမျိုးသမီး‌သေဆုံးမှုအ‌လောင်းများ မကြာခဏ ‌တွေ့ရှိခဲ့သဖြင့် တရားခံကို ‌ဖော်ထုတ်မှုများပြုလုပ်‌ပေးရန် ‌တောင်းဆိုမှုများ ရှိ‌သော်လည်း ယ‌နေ့အထိ တရားခံကို ‌ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိ‌သေး‌ကြောင်း စခန်းဥက္ကဌ ‌စော‌အောနက်က ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်‌နေ့၌ ဒဏ်ရာများဖြင့် ‌သေဆုံး‌နေ‌သော အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ‌အောက်တိုဘာ ၁၃ ရက်‌နေ့က ‌သေဆုံးသွားသည့် အသက် ၇၈ နှစ်အရွယ် အမျိုးသမီး တို့၏ အ‌လောင်းတို့ကို မယ်လစခန်းပြင်ပ ‌တောတွင်းတစ်‌နေရာစီတို့တွင် ပြန်လည်‌တွေ့ရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။