Home ကဗျာ မန်းရှာနဲ့ ဖိုးတ‌ခေတ်ပုံရိပ်

မန်းရှာနဲ့ ဖိုးတ‌ခေတ်ပုံရိပ်

2084

(လကင်္ာဒီပ)

‌ဖေ‌ဖေါ်ဝါရီ ၂၃၊ ၂၀၁၅။

ကမ္ဘာကြီးမီး‌လောင်တာ မသိရှာ

ကရင်ရွာ နင်းပြားဖြစ်‌နေရခြင်းအ‌ကြောင်း

‌ခေါင်းထဲထည့် စိတ်မဝင်စား

ရွာသားများ ပညာသင်ခွင့် အားမ‌ပေးခဲ့

ဘုရားနဲ့လည်း ယှဉ်ထိုင်ဝံ့တဲ့သူ

အူတူတူ မ‌ဝေခွဲနိုင်တဲ့အဖြစ်

ဖိုးတ‌ခေတ်လို ကရင်‌တွေကလည်းရှိ‌သေး

‌အေး‌လေ… ‌ဝေး‌နေရ‌သေးတာ‌ပေါ့ ‌မျှော်မှန်းချက်‌တွေ

ကရင်‌တွေ ကရင်မှ မသိကြ‌သေးဘဲကိုး။

မန်းရှာကြီး‌ရေ….တနှစ်မှတခါ

ရိုးရာ‌လေးထိန်းသိမ်းယုံ

အမြုံကရင်‌တွေကလည်း တစ်‌မှောင့်ပါပဲ

တစ်ပွဲထိုး တစ်ခါသုံး

တနှစ်လုံးမှ တစ်ရက်ကို‌လေ

အရှက်‌ပြေ‌တွေ ပြု‌နေကြတယ်

ဘယ်ဟာက ပဓာန

သာမည မခွဲခြားဘဲ

ပုဂ္ဂိုလ်စွဲ ဂိုဏ်းဃဏစွဲ

တိုးလို့တွဲလွဲ ‌ယောင်ဝါး‌နေထိုင်တတ်‌နေကြသတဲ့။

မန်းရှာကြီး‌ရေ…..

တဝမ်းတခါး ဝမ်းတထွာ

မန်းရှာ ‌တော်လှန်‌ရေးမလုပ်စား

တာဝန်ယူမှုနဲ့အတူ

‌ကေအဲန်ယူကို ထိန်း‌ကျောင်းခဲ့

ပဲ့ပြင်ခဲ့လူငယ်များ ‌ကျောင်းသားများ

‌ကျောသားရင်သား မခွဲခြား‌ပေါ့

ခု‌တော့လည်း….တမလွန်ဘဝအသစ်

ထားရစ်ခဲ့‌လေတယ် ကျုပ်တို့ကို။

မန်းရှာကြီး‌ရေ…..

အာဏာအလွဲသုံးစားလုပ်တဲ့

မူမဲ့ဖြစ်ကတတ်ဆန်း

ပရမ်းပတာကြီးကို ခွင့်ပြုထား‌သော

သူရဲ‌ဘော‌ကြောင် ထိုင်ကြည့်‌နေကြ‌သော

အချို့‌သော မိခင်အဖွဲ့ဝင်များ

တာဝန်များ ပျက်ကွက်ခြင်း

အလျဉ်းလုပ်သင့်သမျှအ‌ရေး

‌ငေးငိုင်‌တွေ‌ဝေ‌နေကြခြင်းမှာ

သူတို့ဟာ သမိုင်းတရားခံလို

အလိုတူ အလိုပါ‌တွေ ဖြစ်‌နေကြပြီ။

မန်းရှာကြီး‌ရေ…..

မျက်နှာလွှဲ ခဲပစ်

ဆုတ်ပစ်ခဲ့ ‌ကေအဲန်ယူ

မူလမ်းစဉ် ‌ဘောင်ထက်‌ကျော်လွန်‌သော်

‌ဪ ရန်သူနဲ့ ငြိမ်းချမ်း‌ရေးအ‌ကြောင်းပြ‌နေ

မိတ်‌ဆွေ ညီကို ညီညွတ်မှု ဂရုမစိုက်

အူလှိုက်သည်းလှိုက် ဗထက်ချိုက်လိုက်

ဟင်း…ငမိုက်သား မင်းမူတဲ့ ‌တောကြီးဖြစ်လို့‌နေပြီ။

မန်းရှာကြီး‌ရေ…..

တပ်‌ပေါင်းစုနဲ့ပဲ ‌အောင်ပွဲခံမယ်ဆိုတဲ့

စစ်မှန်တဲ့ ‌ခေါင်း‌ဆောင်စကား‌တွေကိုငြင်းပယ်

ဒင်း…လူလည်ကျ ရန်သူနဲ့ပဏာယူကာ

ညှာတာမှု မထားနိုင်ရှာပြီမို့

ကျုပ်တို့….အငြိမ်းစား‌ပေးဖို့ ခွင့်ပြုပါ‌တော့လား သခင်။