Home သတင်း ဘိလပ်‌မြေစက်ရုံမှ အလံတိုင်စိုက်ထူခြင်း‌ကြောင့် လယ်‌မြေထပ်မံအသိမ်းခံရမည်ကို ‌ဒေသခံများစိုးရိမ်

ဘိလပ်‌မြေစက်ရုံမှ အလံတိုင်စိုက်ထူခြင်း‌ကြောင့် လယ်‌မြေထပ်မံအသိမ်းခံရမည်ကို ‌ဒေသခံများစိုးရိမ်

2052

‌ဖေ‌ဖော်ဝါရီ ၁၈ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ မြိုင်က‌လေးရှိ မြန်မာစီးပွား‌ရေး‌ကော်ပို‌ရေးရှင်း အမှတ်(၁) ဘိလပ်‌မြေ စက်ရုံ(တန်-၉၀၀)မှ စက်ရုံအတွက် ‌ဒေသခံပိုင်လယ်‌မြေများအတွင်း အလံတိုင်များ စိုက်ထူခြင်း‌ကြောင့် လယ်‌မြေထပ်မံသိမ်းဆည်းခံရမည်ကို ‌ဒေသခံများ စိုးရိမ်‌နေကြသည်ဟု သိရသည်။

‌ဖေ‌ဖော်ဝါရီ ၉ရက်‌နေ့က အဆိုပါ ဘိလပ်‌မြေစက်ရုံ တည်ရှိရာ အနီးတဝိုက်ရှိ လှာကာရွာနှင့် ပဲကုန်းရွာတို့မှ ‌ဒေသခံရွာသူရွာသား ၃ဝ ခန့်၏ လယ်ယာ‌မြေဧက ၂ဝ ‌ကျော်များ‌ပေါ်တွင် သက်ဆိုင်ရာ ဘိလပ်‌မြေစက်ရုံ အာဏာပိုင်များမှ အလံတိုင်အမှတ်အသားများ လိုက်လံစိုက်ထူမှုပြုလုပ်ပြီး‌နောက် လယ်‌မြေအသိမ်းခံရ မည်ကို ထိုသို့ စိုးရိမ်လာ‌နေကြခြင်းဖြစ်သည်။

လှာကာရွာသူတစ်ဦးဖြစ်သည့် နန်းလှကျင်က “အခု အလံ‌တွေ လိုက်စိုက်ထားတဲ့‌နေရာက ကျမတို့ရဲ့ လယ်‌မြေပိုင်ရှင် အမှန်ဖြစ်‌ကြောင်းလည်း လက်မှတ်ထိုးထား‌နေတယ်။ အဲဒီ‌နေရာက ‌မြေလွတ်လည်း ဟုတ်တယ်ဆိုတာ လက်မှတ်ထိုးထားပြီးသားပါ။ အဲလိုမျိုး အလံ‌တွေ စိုက်ထူခြင်းအားဖြင့် သ‌ဘောက သူတို့ရဲ့စက်ရုံဧရိယာ ပြန်ဖြစ်သွားပြီး‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းဘိလပ်‌မြေစက်ရုံမှ အလံစိုက်ထူသည့် ‌မြေ‌နေရာများသည် ‌ဒေသခံများက ဘိုးဘွားပိုင်‌မြေအဖြစ် ၂၀၁၄ ခုနှစ်၊ ဧပြီလက သက်ဆိုင်ရာ အစိုးရထံသို့ ပြန်‌လျှောက်ထားပြီး‌နောက် လာ‌ရောက် စစ်‌ဆေးမှုသာရှိခဲ့ပြီး တစုံတရာ အ‌ကြောင်းပြန်ကြားခြင်း မရှိဖြစ်‌နေချိန်တွင် ယခုလို အလံတိုင်များ စိုက်ထူလာသည့်အ‌ပေါ် လယ်‌မြေထပ်မံသိမ်းဆည်းခံရမည်ကို စိုးရိမ်‌နေကြခြင်းဖြစ်သည်ဟုလည်း နန်းလှကျင်က ဆက်‌ပြောသည်။
IMG_0538
ဘိလပ်‌မြေစက်ရုံမှူး ဦးတင်ဝင်းက အလံတိုင်များစိုက်ထူခြင်းသည် စက်ရုံ၏ ဧရိယာများကို သိရှိရန်အတွက် ဖြစ်သည်ဟု ‌ပြောဆိုထားမှုများရှိ‌သော်လည်း ၁၉၈၁ခုနှစ်၌ စတင်တည်‌ဆောက်ခဲ့စဉ်က စက်ရုံ‌မြေဧရိယာ အဖြစ် ၈၄၉ ဧက သတ်မှတ်ရာတွင် ‌ဒေသခံလယ်‌မြေများစွာ ပါဝင်သည်ကို ကြည့်ပါက ယခုကိစ္စသည် စိုးရိမ်ဖွယ်ရာဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

လှာကာ‌ကျေးရွာသူ ဖြစ်သည့် နန်း‌ငွေမြင့်ရီကလည်း “အခုလိုမျိုး သူတို့ အလံတိုင်‌တွေ လိုက်စိုက်တာက ကျမတို့လည်း ဘာမှ မလုပ်တတ်ဘူး။ ကျမက‌တော့ တခြားဘာမှ မ‌တောင်းဘူး။ သူတို့သိမ်းထားတဲ့ ကျမရဲ့ အ‌ဖေ‌မြေ‌တွေကို အပိုအလျှံ ဖြစ်‌နေတဲ့ ‌မြေ‌တွေထဲက ပြန်လုပ်စားချင်တယ်”ဟု ‌ပြောဆိုသည်။

အလံတိုင် စိုက်ထူခြင်းကိစ္စနှင့် ပတ်သက်ပြီး တန် ၉၀ဝ ဘိလပ်‌မြေစက်ရုံသို့ ‌ကေအိုင်စီမှ ဖုန်းဖြင့် ဆက်သွယ်‌မေးမြန်း‌သော်လည်း တစုံတရာ ပြန်လည်‌ဖြေကြားခဲ့ခြင်း မရှိပါ။

ယခု ‌ဖေ‌ဖော်ဝါရီ ၁၂ရက်‌နေ့က ယင်း‌ဒေသရှိ လှာကာ၊ ‌ရေ‌ကျော်၊ ပဲကုန်း၊ ဇရပ်ဖြူ၊ မန္တ‌လေးကုန်း စသည့် ‌ကျေးရွာတို့မှ ဘိလပ်‌မြေစက်ရုံအတွက် လယ်‌မြေများအသိမ်းခံရသည့် လယ်သမားစုစု‌ပေါင်း ၃၃ ဦး စု‌ပေါင်း၍ အလံစိုက်ထူမှုအ‌ပေါ် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို လှာကာရွာတွင် ပြုလုပ်ခဲ့‌သေး‌ကြောင်း သိရှိရသည်။