Home သတင်း ဗိုလ်မှူးကြီး ဆန်း‌အောင်အဖွဲ့နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်ပွား(သတင်းတို)

ဗိုလ်မှူးကြီး ဆန်း‌အောင်အဖွဲ့နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်ပွား(သတင်းတို)

2354

‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ အဇင်း‌ကျေးရွာအနီးတွင် ယခင် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ ‌တော် (DKBA)မှ တပ်မှူး‌ဟောင်း ဗိုလ်မှူးကြီး ‌စောဆန်း‌အောင်အဖွဲ့နှင့် ကျိုက်ဒုံမြို့နယ် အ‌ခြေစိုက် မြန်မာအစိုးရ တပ် စစ်ဆင်‌ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်‌အောက်ခံတပ်တို့ ယ‌နေ့နံနက်၌ တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ DKBA စစ်ဦးစီး( ဒုတိယတန်း)ဖြစ်သူ ဗိုလ်မှူးထွန်းထွန်းက အတည်ပြု ‌ပြောဆို‌သော်လည်း စတင်ဖြစ်ပွားသည့် အ‌ကြောင်းရင်းကို အ‌သေးစိတ် မသိရှိရ‌သေး‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖြစ်စဉ်အရ ယ‌နေ့နံနက် ၆နာရီခန့်တွင် (၁၅) မိနစ်ခန့် တစ်ကြိမ်၊ ၉ နာရီခွဲတွင် (၂၀) မိနစ်ခန့် တစ်ကြိမ် တိုက်ပွဲ ငယ်များ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းတိုက်ပွဲတွင် အစိုးရတပ်ဘက်မှ မည်သည့်တပ်ရင်းနှင့် ဖြစ်ပွားသည်ကို မသိရှိရ‌သေး‌သော်လည်း အစိုးရ တပ်ဖက်က ဗိုလ်မှူးကြီး‌စောဆန်း‌အောင်၏ တပ်သားတစ်ဦးကို ဖမ်းဆီးကာ လက်နက်ငယ်တစ်လက်ကိုလည်း သိမ်းဆည်းသွားခဲ့သည်ဟု DKBA ကလိုထူးဝါးတပ်မဟာမှ ဗိုလ်ကြီး‌စောသရီးတူးက ‌ပြောဆိုသည်။