Home သတင်း ဖက်ဒရယ်ပြည်‌ထောင်စုစနစ် ‌ဖော်‌ဆောင်နိုင်မှ ‌ရေရှည် ငြိမ်းချမ်းမည်ဟု ‌ကေအဲန်ယူဥက္ကဌ ‌ပြော

ဖက်ဒရယ်ပြည်‌ထောင်စုစနစ် ‌ဖော်‌ဆောင်နိုင်မှ ‌ရေရှည် ငြိမ်းချမ်းမည်ဟု ‌ကေအဲန်ယူဥက္ကဌ ‌ပြော

1935

‌ဖေ‌ဖော်ဝါရီ ၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို အ‌ခြေခံပြီး ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စုစနစ်ကို ‌ဖော်‌ဆောင်နိုင်မှသာလျှင် ‌ရေရှည် တည်တံ့‌သော ငြိမ်းချမ်း‌ရေးရရှိမည်ဖြစ်‌ကြောင်း ကရင်ပြည်နယ်၊ ဖားအံခရိုင် လှိုင်းဘွဲမြို့နယ် ‌ကေအဲန်ယူ တပ်မဟာ(၇) ဌာနချုပ် ‌နေရာ၌ ဇန်နဝါရီ ၃၁ရက်‌နေ့က ပြုလုပ်ခဲ့သည့် (၆၆)နှစ်‌မြောက်ကရင့်‌တော်လှန်‌ရေး‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (‌ကေ အဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ‌ပြောကြားလိုက်သည်။

အဆိုပါ အခမ်းအနားတွင် ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက “ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို အ‌ခြေခံပြီး ပဏာမ အပစ်အခတ် ရပ်စဲခြင်း၊ ယုံကြည်မှုတည်‌ဆောက်ခြင်းမှ တဆင့် ခိုင်မာ‌သော အပစ်အခတ်ရပ်စဲခြင်းနှင့်အတူ နိုင်ငံ‌ရေး ‌တွေ့ဆုံပွဲများမှ အားလုံးပါဝင်သည့် ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုကို အာမခံသည့် အ‌ခြေခံအုတ်မြစ် ချမှတ်နိုင်မှ ‌ရေရှည် တည်တံ့‌သော ငြိမ်းချမ်း‌ရေး ရရှိမည်ဟု ယုံကြည်ပါတယ်”ဟု ကရင်ပြည်သူလူထုအား ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

ယုံကြည်မှုတည်‌ဆောက်‌ရေးမှာ အလွန်အ‌ရေးကြီးပြီး အတိတ်ဖြစ်ရပ်များကို အ‌ခြေခံလျက် မယုံကြည်မှုများဖြင့် တစ်ဦးအ‌ပေါ် တစ်ဦး တစ်ဖက်သက် ‌တောင်းဆိုမှုနှင့် ရပ်တည်မှု တစ်ခုတည်းအ‌ပေါ် တရား‌သေ ကိုင်စွဲထားခြင်းမပြုရန် လိုအပ်‌ကြောင်းလည်း ‌ကေအဲန်ယူ ဥက္ကဋ္ဌက ‌ပြောကြားခဲ့သည်။

၎င်းအခမ်းအနားသို့ ‌ကေအဲန်ယူ ဥက္ကဌ အပါအဝင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး‌စော‌ဂျော်နီ၊ ကာကွယ်‌ရေးဋ္ဌာန တာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ ပဒို‌စော‌သောသီဘွဲနှင့်အတူ ‌ကေအဲန်ယူ စစ်ဖက်ဆိုင်ရာ အရာ ရှိများ၊ KNU/KNLA(PC) ၊ နယ်ခြား ‌စောင့်တပ်(BGF)မှ ဗိုလ်မှူးကြီးချစ်သူနှင့် စစ်ဖက်ဆိုင်ရာ အရာရှိများ၊ မဟာမိတ် အဖွဲ့အစည်း များ၊ ပြည်သူလူထုများ စုစု‌ပေါင်း လူပရိဿတ် ငါး‌ထောင်‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီက “ကျ‌နော်တို့ အခု ပဏာမ အပစ်အခတ်ရပ်စဲ‌ရေးပဲ ရှိ‌သေးတယ်။ သုံးနှစ်ရှိ‌နေပြီ နိုင်ငံ‌ရေးအရ မ‌ဆွေး‌နွေးရ‌သေးဘူး။ အစိုးရက မညီညွတ်တာလား။ ပြည်သူ‌တွေက မညီညွတ်တာလား ပန်းတိုင်‌ရောက်မှ အ‌ဖြေ သိရမယ်။ ကျ‌နော်တို့ လိုလားချက် ရတဲ့အထိကို တိုက်ပွဲဝင်သွားမယ်”ဟု ‌ပြောဆိုခဲ့သည်။

၎င်းအပြင် အခမ်းအနားတက်‌ရောက်ခဲ့သည့် ရခိုင်လွတ်‌မြောက်‌ရေးပါတီ(ALP) ဒုတိယ ဥက္ကဌ ဦးခိုင်စိုးနိုင် ‌အောင်က ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင် အဆက်ဆက်နှင့် အဆင့်ဆင့်ဖြစ်‌ပေါ်ခဲ့‌သော တပ်‌ပေါင်းစုများတွင် ဖက်ဒရယ်ပြည်‌ထောင်စုမူကို ‌ကေအဲန်ယူက အဆိုပြု ချမှတ်ခဲ့ခြင်းဖြစ်‌ကြောင်း ယခုလို ‌ပြောသည်။

“အထူးသဖြင့် မာနယ်ပ‌လောစာချုပ်၊ မယ်သ‌ရောထာ့ သ‌ဘောတူညီချက်၊ သူးမွဲကလိုး သ‌ဘောတူညီချက်‌တွေဟာ ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေးမူ‌တွေဖြစ်ပြီး အဲဒီမူကို KNU နယ်‌မြေမှာပဲ ချမှတ်ခဲ့တာဖြစ်တဲ့အတွက် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးမူဟာ ကရင့်နယ်‌မြေမှာ စတင် သန္ဓတည်ခဲ့တယ်လို့ ‌ပြောရင်မမှားဘူး”ဟု ဆိုသည်။

အလားတူ ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)၏ ကရင့်‌တော်လှန်‌ရေး‌နေ့အတွက် ‌ပေးပို့‌သော သဝဏ်လွှာထဲတွင် ကရင့်အမျိုးသား‌တော်လှန်‌ရေးသည် လွတ်လပ်‌ရေးရကတည်းက ပြည်‌ထောင်စု တည်‌ဆောက်‌ရေးကို ပြန် လည်တည့်မတ်ရန် စတင်ခဲ့သည့် အမျိုးသားတန်းတူ‌ရေး အ‌ခြေပြလှုပ်ရှားမှုကြီးဖြစ်သည့်အပြင် ‌တော်လှန်‌ရေးသက်တမ်းတစ် ‌လျှောက် လက်ဆင့်ကမ်းချီတက်လာသည့် တပ်‌ပေါင်းစုအဆင့်ဆင့်တွင် ‌ရှေ့‌ဆောင်‌ရှေ့ရွက်ပြု အနစ်နာခံ တိုက်ပွဲဝင်ခဲ့‌သော အစဉ်အလာကြီးမားသည့် ‌တော်လှန်‌ရေးဖြစ်‌ကြောင်း UNFC က အ‌လေးအနက် ဂုဏ်ပြုမှတ်တမ်းတင်သည်ဟု ‌ဖော်ပြထား သည်။

‌ကေအဲန်ယူသည် အမျိုးသား တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်‌ထောင်စု ရရှိ‌ရေးအတွက် ဖဆပလ အစိုးရ လက်ထက် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့မှ စတင်၍ ‌တောင်းဆို ‌တော်လှန်တိုက်ပွဲဝင်လာခဲ့သည်မှာ နှစ်‌ပေါင်း (၆၆)နှစ် ရှိပြီးဖြစ်သည်။