Home ထိပ်တန်းသတင်း ပဒိုမန်းရှာ ကျဆုံးခြင်း (၇)နှစ်‌မြောက် ‌အောက်‌မေ့ တသခြင်းစာအုပ် ပြည်တွင်း၌ ထုတ်‌ဝေဖြန့်ချိ

ပဒိုမန်းရှာ ကျဆုံးခြင်း (၇)နှစ်‌မြောက် ‌အောက်‌မေ့ တသခြင်းစာအုပ် ပြည်တွင်း၌ ထုတ်‌ဝေဖြန့်ချိ

1619

‌ဖေ‌ဖော်ဝါရီ ၁၆ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ) အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၇)နှစ်‌မြောက်အဖြစ် ‘မန်းရှာ (ကျဆုံးခြင်း ၇- နှစ်‌မြောက် ‌အောက်‌မေ့တသခြင်း)’ အမည်ရှိ စာအုပ် တစ်အုပ်ကို ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့မှ စတင်ကာ ပြည်တွင်း၌ ပထမဦးဆုံးအကြိမ် ထုတ်‌ဝေဖြန့်ချိလိုက်ပြီးဖြစ် သည်ဟု စာအုပ်စီစဉ်သူတစ်ဦးဖြစ်သည့် ကဗျာဆရာ ‌မောင်လွမ်းဏီက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဆရာမန်းရှာရဲ့ ရဲ‌ဘော်ရဲဘက်‌တွေ သူ့မိသားစုက‌နေပြီး‌တော့ ဆရာ (၇)နှစ်ပြည့် အမှတ်တရ‌လေး တစ်ခု‌ပေါ့ဗျာ။ ‌အောင်‌မေ့တသတဲ့ အစီအစဉ်‌လေးအ‌နေနဲ ့စာအုပ်ထုတ်တာဖြစ်တယ်။ က‌လောင်စုံစာ‌ရေးတဲ့ သူ‌တွေ စာမူ‌တွေစု‌ဆောင်းပြီး‌တော့ ကျ‌နော်တို့ ABSDF ပြန်ကြား‌ရေးဌာနက တာဝန်ယူပြီး‌တော့ မဲ‌ဆောက်က ရဲ‌ဘော်ရဲဘက်‌တွေ‌ပေါ့။ အားလုံးဝိုင်းဝန်းပြီး‌တော့ ဓါတ်ပုံက အစ စု‌ပေးတယ်။ စာအုပ်‌လေးသက်သက် ခန့်ခန့် ဖြစ်‌အောင် ကြိုးစားစီစဉ်ထုတ်‌ဝေနိုင်လို ့ကျ‌နော်လည်းဒီအတွက် ဂုဏ်ယူပါတယ်”ဟု ‌ပြောသည်။

ပဒိုမန်းရှာ ကျဆုံးခြင်း ၇- နှစ်‌မြောက် ‌အောက်‌မေ့တသခြင်း စာအုပ်မိတ်ဆက်ပွဲကို ‌ဖေ‌ဖော်ဝါရီ ၁၄ရက်‌နေ့၊ ည‌နေ ၃ မှ ၅ နာရီ အထိ ရန်ကုန်မြို့၊ ဗိုလ်‌အောင်‌ကျော်လမ်း(‌အောက်ဘ‌လောက်)ရှိ ဟုမ်း မီဒီယာစင်တာတွင် ပြုလုပ်ခဲ့ပြီး စာအုပ်ကို ရန်ကုန်မြို့အ‌ခြေစိုက် ‘‌တောရိုင်းနှင်းဆီ’ စာ‌ပေက ပထမအကြိမ် အုပ်‌ရေ ၅၀ဝ ကို ပြည်တွင်းပြည်ပ၌ ဖြန့်ချိသွားမည်ဖြစ်ကာ စာအုပ်တန်ဖိုးမှာ ကျပ် ၃,၀၀ဝ ဖြစ်‌ကြောင်း သိရသည်။

ယင်းစာအုပ်တွင် စာမျက်နှာ ၂၃ဝ ပါဝင်ပြီး ပဒိုမန်းရှာ ကိုယ်တိုင်‌ရေးသားခဲ့သည့် ‌ဆောင်းပါးများ၊ အမှာစကား များပါဝင်သလို ပြည်တွင်းပြည်ပ နာမည်ကြီး ကဗျာဆရာ၊ စာ‌ရေးဆရာ ၃၃ ဦးတို့ ပဒိုမန်းရှာအတွက် ‌ရေးသား ထားသည့် အမှတ်တရ ကဗျာ၊ ‌ဆောင်းပါးများနှင့် မှတ်တမ်းဓါတ်ပုံများလည်း ပါရှိသည်။

စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ ပြည်တွင်းပြည်ပ ကဗျာဆရာ၊ စာ‌ရေးဆရာများ၊ စာအုပ်စီစဉ်သူများ၊ ရန်ကုန်မြို့ရှိ ကရင်အမျိုးသားများနှင့် ဧည့်ပရိဿတ် ၇ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ပြီး ပဒိုမန်းရှာအမှတ်တရ ကဗျာရွတ်ဆိုခြင်း၊ အမှတ်တရ ‌အောင်‌မေ့သတိရစကားများ‌ပြောကြားခြင်းနှင့် တပြိုင်နက် စာအုပ်ကို စတင်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတက်‌ရောက်ခဲ့သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများတပ်ဦး (ABSDf) ဒုဥက္ကဌ ရဲ‌ဘော် မျိုးဝင်းက “ငယ်ငယ်တုံးက ကစားခဲ့သလို ‌ခေါင်းထိ အကုန်စားဆိုတာ ‌တော်လှန်‌ရေးမှာ ‌ခေါင်းကို ဖြိုလိုက်တာ ပါပဲ။ ဆရာမန်းရှာဆုံးပြီးဆိုတာနဲ့ တိုင်းရင်သားအင်အားစုများရဲ့ဆုံချက်၊ ဒီမိုက‌ရေစီအင်အားစုများနဲ့ တိုင်းရင်း သားအင်အားစုများရဲ့ဆုံချက်၊ ‌ပေါ်လစီပိုင်းကိုင်တာ ဆရာမန်းရှာပါ၊ သူဆုံးတာနဲ ့ ဒီ‌ပေါ်လစီ ထိန်း‌ကြောင်း‌ပေး နိုင်မဲ့ တခြားလူကို ရှာမရခဲ့ဘူး။ ဒီလိုနဲ ့ကျ‌နော်တို့ ‌တော်လှန်‌ရေး တပ်‌ပေါင်းစုကြီးက အဖက်ဖက်က‌နေ နိမ့်ပါးခဲ့ရတဲ့ အ‌ခြေအ‌နေပါ”ဟု မှတ်ချက်ပြု ‌ပြောဆိုခဲ့သည်။

‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒိုမန်းရှာလားဖန်းကို ၁၉၄၃ ခုနှစ်၊ ဇူလိုင် ၅ ရက်‌နေ့၌ ဧရာဝတီတိုင်း၊ ပန်းတ‌နော်မြို့နယ်၊ ‌တော‌ကျောင်းရွာ‌နေ အမိဂါနမ့်တင် အဖ အဘမန်းဘ‌သော်တို့က ‌မွေးဖွားခဲ့ပြီး တက္ကသိုလ် ပညာသင်ကြားရင်း ၁၉၆၂ ခုနှစ်၊ ဆဲဗင်းဇူလိုင် အ‌ရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် သမိုင်းအဓိက ဘာသာဖြင့် ဘွဲ့ရခဲ့သည်။

သူသည် ၁၉၆၃ ခုနှစ်တွင် ‌ကေအဲန်ယူနှင့် စတင်ဝင်‌ရောက်ခဲ့ပြီး ၂၀၀ဝ ပြည့်နှစ် ‌ကေအဲန်ယူ ၁၂ ကြိမ်‌မြောက် ကွန်ဂရက်တွင် ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်အဖြစ် ‌ရွေးချယ်တာဝန်‌ပေးခြင်းခံရပြီး‌နောက် ယင်းတာဝန် ထမ်း‌ဆောင်လာရင်း ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင် အမည်မသိ‌သေနတ်သမား တစ်စု၏ လုပ်ကြံမှု‌ကြောင့် ကျဆုံးခဲ့ခြင်းဖြစ်သည်။