Home ထိပ်တန်းသတင်း စက်မှုလယ်ယာ စနစ်ကျလယ်‌မြေ လုပ်ကိုင်ခြင်း‌ကြောင့် လယ်‌မြေအသိမ်းခံရမည်ကို ‌ဒေသခံများစိုးရိမ်

စက်မှုလယ်ယာ စနစ်ကျလယ်‌မြေ လုပ်ကိုင်ခြင်း‌ကြောင့် လယ်‌မြေအသိမ်းခံရမည်ကို ‌ဒေသခံများစိုးရိမ်

2194

‌ဖေ‌ဖော်ဝါရီ ၁၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌ကော့နွဲ‌ကျေးရွာအုပ်စုအတွင်းရှိ အာရှလမ်း‌ဘေး၌ရှိသည့် ‌ဒေသခံ လယ်ယာ‌မြေများ‌ပေါ်တွင် ကရင်ပြည်နယ်အစိုးရက စပါးမျိုး‌ကောင်းမျိုးသန့်များ စမ်းသပ်စိုက်ပျိုးရန် စက်မှု လယ်ယာ စနစ်ကျလယ်‌မြေ ‌ဖော်‌ဆောင်လုပ်ကိုင်ခြင်း‌ကြောင့် လယ်ယာ‌မြေအသိမ်းခံရမည်ကို ‌ဒေသခံ လယ်သမားများ စိုးရိမ်‌နေကြသည်ဟု သိရသည်။

ထိုသို့ လုပ်‌ဆောင်ရာတွင် နိုင်ငံ‌တော်မှ အကုန်ကျခံ၍ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလအတွင်းက ‌ဒေသခံ ၃၃ဦး၏ လယ်‌မြေ ၁၈ဝ ဧက ‌ပေါ်တွင် ပြည်နယ်အစိုးရက အရင်ဆုံး ထွန်ယက်ပြီးမှ ‌ခေါ်ယူရှင်းလင်းမှုများပြုလုပ်သည့် အတွက် လယ်‌မြေအသိမ်းခံရမည်ကို စိုးရိမ်‌နေကြခြင်းဖြစ်သည်ဟု ‌ဒေသခံလယ်သမား ‌နော်‌စေး‌ဖောက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အစိုးရက ဒီလယ်‌မြေ‌တွေကို အရင်လာထွန်ပြီးမှ လယ်သမားများကို ‌ခေါ်ယူရှင်းလင်းတယ်။ ‌ဒေသခံ လယ်သမားအတွက်ပဲလို့ ‌ပြောတယ်။ ‌ရေ‌တွေ သွယ်ပြီးရင် သီးထပ်စိုက်မလား၊ အခြားသီးနှံများစိုက်နိုင်ဖို့ ဖြစ်တယ်လို့ ‌ပြောတယ်။ ဒီလို လာလုပ်ခြင်းအားဖြင့် လယ်သမား‌တွေက‌တော့ သူတို့လယ်‌မြေ‌တွေကို အစိုးရက လာသိမ်း‌နေမလားဆိုပြီး စိုးရိမ်‌နေကြတယ်”ဟု ‌နော်‌စေး‌ဖောက ‌ပြောသည်။
2
ပြည်နယ်အစိုးရက ထိုလယ်‌မြေများ‌ပေါ်တွင် လာ‌ရောက်ထွန်ယက်ပြီး‌နောက် သီးထပ်စပါးများ စိုက်ပျိုးနိုင်ရန် အတွက် ‌ရေ‌မြောင်းများလည်း‌ဖောက်လုပ်‌ပေးသွားမည်ဖြစ်‌ကြောင်းနှင့် ၂၀၁၅ ခုနှစ်၊ ‌နွေရာသီအတွင်း အပြီးသတ် လုပ်‌ဆောင်ရမည်ဖြစ်‌ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းကိုယ်တိုင် ‌ဒေသခံလယ်သမား များအား လာ‌ရောက်‌တွေ့ဆုံရှင်းလင်းခဲ့ပြီဖြစ်သည်ဟု ‌ကော့ကရိတ်မြို့နယ်၊ ‌ကော့နွဲကွင်း‌မြေတိုင်းအရာရှိတစ်ဦး ဖြစ်သူ ဦးတိုင်း‌အောင်က ‌ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုုံး(KNU)မှ ‌ကော့ကရိတ်မြို့နယ် လယ်ယာ‌မြေဌာနမှူး မန်းသူ‌လောင့်ကလည်း ပြည်နယ်အစိုးရက ‌ဒေသခံလယ်သမားများအတွက် လာ‌ရောက်လုပ်ကိုင်‌ပေးခြင်းဖြစ် သည်ဟု ‌ပြော‌သော်လည်း လယ်သမားများအား ‌ခေါ်ယူပြီး အဂင်္လိပ်စာဖြင့် ‌ရေးသားထားသည့် စာရွက်‌ပေါ်တွင် လက်မှတ်‌ရေးထိုးခိုင်းသည်ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၎င်းက “ပြည်နယ်အစိုးရက အခုလို လာ‌ရောက်လုပ်မယ်ကိုလည်း ကျ‌နော်တို့ KNU ကို မတိုင်ပင်ဘူး။ လယ်သမား‌တွေ လက်မှတ်ထိုးတဲ့ စာရွက်‌ပေါ်က အဂင်္လိပ်စာ‌တွေကိုလည်း ဖတ်ပြရှင်းလင်းခြင်းလည်း မရှိဘူး။ ‌နောက်ပြီး ဒီဇန်နဝါရီ ၂၉ ရက်‌နေ့မှာ တရုတ်လုပ်ငန်းရှင်တစ်စုက လာ‌ရောက်ကြည့်တာ ‌တွေ့ရတယ်”ဟု ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်၊ ‌ကော့နွဲ‌ကျေးရွာအုပ်စုအတွင်းတွင် ‌ကော့နွဲရွာ၊ ရွာသစ်၊ ‌ကျောက်စရက်ကုန်းရွာ၊ မြို့‌ဟောင်းရွာ စသည့် ရွာ ၄ရွာတည်ရှိပြီး ‌ဒေသခံရွာသူရွာသားများသည် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်လျှက်ရှိ‌ကြောင်း သိရသည်။