Home သတင်း KWO မှ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များ စွမ်းရည်မြှင့် သင်တန်းပို့ချ

KWO မှ ကရင်အမျိုးသမီး‌ခေါင်း‌ဆောင်များ စွမ်းရည်မြှင့် သင်တန်းပို့ချ

1529

ဇန်နဝါရီ ၂၃ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ဦးစီးပြီး ခရိုင်ကိုယ်စားပြု ကရင်အမျိုးသမီးနှင့် ဒုက္ခသည်စခန်း ကိုယ်စားပြု ကရင်အမျိုး သမီး‌ခေါင်း‌ဆောင်များအတွက် စွမ်း‌ဆောင်ရည်မြှင့်မားလာ‌စေရန် ရည်ရွယ်၍ အမျိုးသမီးစွမ်းရည် မြှင့်သင်တန်းတစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာတွင် ဇန်နဝါရီ ၁၃ရက်‌နေ့မှ စတင် ပြုလုပ်ပို့ချ‌ပေးခဲ့သည်။

ဇန်နဝါရီ ၁၃ရက်မှ ‌ဖေ‌ဖော်ဝါရီ ၁၈ရက်‌နေ့အထိ တစ်လကြာ ဖွင့်လှစ်သည့် အဆိုပါသင်တန်းသို့ ကိုယ်စားပြုအမျိုးသမီး‌ခေါင်း ‌ဆောင် ၃၀‌ကျော် တက်‌ရောက်ကြကာ သင်တန်းတွင် အမျိုးသမီး အခွင့်အ‌ရေး၊ စီမံခန့်ခွဲမှုပညာနှင့် အမျိုးသမီး၏ အလုပ်တာဝန် များ စသည်တို့ကို အဓိကထား သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်သည်ဟု KWO ဥက္ကဋ္ဌ နန်းဒါးအဲ့ကလယ်က ‌ပြောသည်။

“အခုက ပြန်ကြည့်မယ်ဆိုရင် ကရင်အမျိုးသမီး‌တွေက လူငယ်ပိုင်း‌တွေမှာလည်း များလာတယ်။ အရင်ကထက် ပူး‌ပေါင်းပါဝင်မှု ‌တွေ ရှိလာတယ်။ အလုပ်‌တွေထဲမှာ‌ရော တာဝန်ယူ ဦး‌ဆောင်လာနိုင်တာ များလာတယ်။ အဲဒီအတွက် ကိုယ့်‌ဒေသမှာပြန်ပြီး ဦး‌ဆောင်မှုပြုနိုင်‌အောင် ဒီသင်တန်းလုပ်တာပါ”ဟု နန်းဒါးအဲ့ကလယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း တက်‌ရောက်သည့် KWO ကိုယ်စားပြု အမျိုးသမီးများသည် ကရင်အမျိုးသား အစည်းအရုံး (‌ကေအဲန်ယူ)ထိန်းချုပ်နယ်‌မြေအတွင်းရှိ သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်/ထားဝယ်၊ ဖာပွန်(မူ‌တြော်)၊ ဒူးပလာယာ၊ ဖားအံ စသည့် ခရိုင်တို့နှင့် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မယ်လ၊ အုန်းဖျန်း၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး စသည့် ဒုက္ခသည် စခန်းများမှ လာ‌ရောက်တက်‌ရောက်ခဲ့ကြခြင်းဖြစ်သည်။

ဒူးပလာယာခရိုင် ကိုယ်စားလှယ်အဖြစ် သင်တန်းတက်‌ရောက်သည့် နန်းမိုးမိုးဆင့်က “ဒီလိုသင်တန်း ပြန်တက်တာ ဗဟုသုတ ‌ရော အမျိုးသမီးအခွင့်အ‌ရေး‌တွေလည်း အများကြီး သိလာတယ်။ ကျမတို့‌ဒေသက အမျိုးသမီး‌တွေက‌တော့ အခုချိန်မှာ စစ်မ ‌ပြေးရ‌ပေမဲ့လည်း တခြားပြဿနာ‌တွေ အများကြီး ရင်ဆိုင်ရတာရှိ‌သေးတယ်။ ဒါ‌ကြောင့် ဒီသင်တန်းပြီးရင် ကိုယ့်ကရင်အမျိုး သမီး‌တွေ အသိဉာဏ်တိုးတက်လာဖို့ တာဝန်ရှိလူ‌တွေနဲ့ ပူး‌ပေါင်းပြီး သင်တန်း‌တွေ ပြန်ပို့ချ‌ပေးမယ်”ဟု ‌ကေအိုုင်စီသို့ ‌ပြော သည်။

KWO ကို ၁၉၈၅ခုနှစ်၊ ကရင်ပြည်နယ် ဖားအံခရိုင်အတွင်းရှိ ‌ကေအဲန်ယူ ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် ဖွဲ့စည်းခဲ့ပြီး ကရင် အမျိုးသမီးစွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများအပြင် အမျိုးသမီးနှင့် က‌လေးသူငယ်အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှု ပ‌ပျောက်‌စေ‌ရေး အပြင် ပညာ‌ရေးနှင့် လူမှု‌ရေးလုပ်ငန်းများလည်း လုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။