Home သတင်း Grand Royal အရက်ချက်စက်ရုံ ဓါတ်အားလိုင်းမှ မီးသွယ်တန်းခွင့်ရ‌ရေး ‌ဒေသခံများ၏ ‌တောင်းဆိုမှု ခုနှစ်လ‌ကျော် ကြာ‌သော်လည်း အ‌ကြောင်းပြန်ခြင်း မရှိ

Grand Royal အရက်ချက်စက်ရုံ ဓါတ်အားလိုင်းမှ မီးသွယ်တန်းခွင့်ရ‌ရေး ‌ဒေသခံများ၏ ‌တောင်းဆိုမှု ခုနှစ်လ‌ကျော် ကြာ‌သော်လည်း အ‌ကြောင်းပြန်ခြင်း မရှိ

2153

ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

‌မှော်ဘီမြို့နယ်၊ လိပ်ပုတ်‌ကျေးရွာရှိ International Beverages Trading Co,Ltd (IBTC) ကုမ္ပဏီပိုင် Grand Royal အရက်ချက်စက်ရုံသို့ သွယ်တန်းထားသည့် ၃၃ ‌ကေဗွီ ဓါတ်အားလိုင်းမှ မီးသွယ်တန်းခွင့်ရ‌ရေးအင်းလျှက် ‌ကျေးရွာအုပ်စု ကိုယ်ထူကိုယ်ထ မီးလင်း‌ရေး‌ကော်မတီက ယင်းကုမ္ပဏီထံသို့ ‌မေတ္တာရပ်ခံထားကာ ခုနှစ်လ ‌ကျော် ကြာပြီးဖြစ်‌သော်‌သော်လည်း အ‌ကြောင်းပြန်ကြားခြင်း မရှိ‌သေးဟု ယင်း‌ကော်မတီက ‌ပြောသည်။

အင်းလျှက်စွန်းအုပ်စုအတွင်းရှိ ‌ကျောက်ပုန်း၊ ပျဉ်‌ထောင်တွင်းနှင့် ရွာသစ်ကုန်း စသည့် ရွာတို့တွင် လျှပ်စစ်မီးမရ သည့်အတွက် ကိုယ်ထူကိုယ်ထ မီးလင်း‌ရေး‌ကော်မတီဖွဲ့ကာ ၂၀၁၄ ခုနှစ်၊ ဇွန် ၂၇ ရက်‌နေ့က ရန်ကုန်တိုင်း ‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးနှင့် တိုင်းလွှတ်‌တော်ကိုယ်စားလှယ် ဦးလှဦးတို့၏ ‌ထောက်ခံစာနှင့် အတူ IBTC ကုမ္ပဏီထံသို့ သွား‌ရောက်တင်ပြခဲ့ခြင်းဖြစ်သည်ဟု အင်းလျှက်‌ကျေးရွာအုပ်စု ကိုယ်ထူကိုယ်ထ မီးလင်း‌ရေး‌ကော်မတီ ဥက္ကဌ ‌စောသန့်ဇင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အမှတ် ၄ လမ်းမတဝိုက်က ရွာ‌တွေမှာ ကျ‌နော်တို့ လျှပ်စစ်မီးမရ‌တော့ ကိုယ်ထူကိုယ်ထ မီးလင်း‌ရေး ‌ကော်မတီဖွဲ့ပြီး ရွာ‌ရှေ့က ဖြတ်သန်းသွယ်တန်းသွားတဲ့ Grand Royal အရက်ချက်စက်ရုံရဲ့ ဓါတ်အားလိုင်း က‌နေ သွယ်ခွင့်ရဖို့ စာတင်ထား‌ပေမဲ့ အခုထိ အ‌ကြောင်း မပြန်‌သေးဘူး။ ပင်မဓါတ်အားလိုင်းနဲ့က နှစ်မိုင် ‌လောက်‌ဝေး‌တော့ သွယ်ဖို့က အကုန်အကျအရမ်းများ‌တော့ ရွာသား‌တွေလည်းမတက်နိုင်ဘူး”ဟု ‌ပြောသည်။

IBTC ကုမ္ပဏီ ပိုင်ရှင်ဖြစ်သူ မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ်နာယက ဦး‌အောင်မိုး‌ကျော်မှ ခွင့်ပြုချက်မ‌ပေး‌သေး သည့်အတွက် မီသွယ်တန်းခွင့် မရရှိ‌ကြောင်းနှင့် ကုမ္ပဏီခွင့်ပြုပါက မြို့နယ်လျှပ်စစ်ရုံးမှ သွယ်တန်းခွင့်ပြုသွား မည်ဖြစ်သည်ဟု ‌ကော်မတီက စုံစမ်းသိရှိရ‌ကြောင်းလည်း ‌စောသန့်ဇင်က ဆက်‌ပြောသည်။

ထို့အပြင် အဆိုပါဓါတ်အားလိုင်းမှာ ‌မှော်ဘီမြို့နယ်၊ ‌မြောင်တကာ အစိုးရလျှပ်စစ်ဓါတ်အားခွဲရုံမှ ‌မှော်ဘီ- ‌ရွှေပြည်သာ အမှတ်(၄) လမ်းမနံ‌ဘေး၊ လိပ်ပုတ်‌ကျေးရွာရှိ Grand Royal အရက်ချက်စက်ရုံသို ့ ၃၃ ‌ကေဗွီ မဟာဓါတ်အားလိုင်းသွယ်တန်းထားကာ စက်ရုံအ‌နေဖြင့် ၂ဝ မဂ္ဂါဝပ်သာသုံးစွဲ‌နေပြီး ယင်း‌ကျေးရွာများက သွယ်တန်းခွင့်ရရှိပါက သုညဒသမ ၄ မဂ္ဂါဝပ်ရှိ ထရန်စ‌ဖော်မာတစ်လုံး တပ်ဆင်သုံးစွဲမည်ဖြစ်သည့်အတွက် စက်ရုံအတွက် နစ်နာစရာမရှိနိုင်ဟု အင်းလျှက်‌ကျေးရွာအုပ်စု မီးလင်း‌ရေး‌ကော်မတီက ဆိုသည်။

လျှပ်စစ်မီးသွယ်တန်းခွင့်ရရှိ‌ရေးနှင့်ပတ်သက်၍ ‌ကျောက်ပုန်း‌ကျေးရွာသူ ‌နော်တင်တင်‌အေးက “Grand Royal အရက်ကို ရွာမှာ‌တော့ လာ‌ရောင်းတယ်။ သူတို့ ဓါတ်အားလိုင်းကို သွယ်တန်းခွင့်ရဖို့ကျ‌တော့ ခွင့်မပြု‌ပေးဘူး။ ရွာမှာက ‌ကျောင်းသား‌တွေအများကြီးပဲ မီးမရှိ‌တော့ အားလုံးခက်ခဲတယ်”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

ပြီးခဲ့သည့် စစ်အစိုးရလက်ထက်၌ အမှတ် ၄ လမ်း‌ဖောက်လုပ်ရာတွင် ‌ဒေသခံပိုင် လယ်‌မြေများ အသိမ်းခံ ရသလို ‌လျှော်‌ကြေးရရှိမှုလည်း မရှိဘဲ ယခု လျှပ်စစ်မီသွယ်တန်းသည့်အခါမှာမူ ရွာများကို ချန်လှပ်ထားသည်မှာ မဖြစ်သင့်‌ကြောင်း ‌ဒေသခံရွာသူရွာသားများက ‌ပြောဆို‌နေကြသည်။

အဆိုပါ မီးသွယ်တန်းခွင့်‌တောင်းခံထားသည့် ‌ကျောက်ပုန်း၊ ပျဉ်‌ထောင်တွင်း နှင့် ရွာသစ်ကုန်း ‌ကျေးရွာများမှာ ‌မှော်ဘီမြို့နှင့် သုံးမိုင်‌ကျော်ကွာ‌ဝေးပြီး ‌ဒေသခံအများစုမှာ လယ်ယာ၊ ခြံလုပ်ငန်းတို့ကို အဓိကလုပ်ကိုင်ကာ အိမ်‌ခြေ ၃၀ဝ ‌ကျော်နှင့် လူဦး‌ရေ ၁၅၀ဝ ခန့်‌နေထိုင်‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။