Home သတင်း ‌ဒေါက်တာစင်သီယာ‌မောင်နှင့် Bina Swadaya Foundation တို့ POSCO TJ Park ဆု ပူးတွဲ‌ရွေးချယ်ခံရ

‌ဒေါက်တာစင်သီယာ‌မောင်နှင့် Bina Swadaya Foundation တို့ POSCO TJ Park ဆု ပူးတွဲ‌ရွေးချယ်ခံရ

1601

ဇန်နဝါရီ ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

‌တောင်ကိုရီးယားနိုင်ငံအ‌ခြေစိုက် POSCO TJ Park Foundation မှ ၂၀၁၅ခုနှစ်အတွက် POSCO TJ Park ဆုကို ထိုင်း-မြန်မာ နယ်စပ်အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်းတည်‌ထောင်သူ ‌ဒေါက်တာစင်သီယာ‌မောင်နှင့် အင်ဒိုနီးရှားနိုင်ငံအ‌ခြေစိုက် Bina Swa-daya Foundation တို့အား ပူးတွဲချီးမြှင့်ရန် ‌ရွေးချယ်လိုက်‌ကြောင်း ဇန်နဝါရီလ ၆ရက်စွဲဖြင့် ‌ဒေါက်တာစင်သီယာ‌မောင်အား အသိ‌ပေးဖိတ်ကြားလိုက်သည်။

၎င်းဖိတ်ကြားစာထဲတွင် ပူးတွဲဆု ‌ရွေးချယ်ခြင်းခံရသည့် ‌ဒေါက်တာစင်သီယာ‌မောင်နှင့် (Bina Swadaya Foundation)တို့ကို ဆု ‌ငွေအဖြစ် ‌တောင်ကိုရီးယား ဝမ်‌ငွေသိန်း၂၀၀(အ‌မေရိကန်‌ဒေါ်လာ ၁သိန်း ၈‌သောင်း)ဖြင့် လာမည့် မတ်လ ၂၅ရက်‌နေ့တွင် ‌တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပမည့် ဆု‌ပေးပွဲအခမ်းအနားတွင် ‌ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်ဟု ပါရှိသည်။

ဆု‌ရွေးချယ်ခြင်းခံရသည့် ‌ဒေါက်တာစင်သီယာ‌မောင်က “ဆုကို ချီးမြှင့်ဖို့ ‌ရွေးချယ်ခံရတာ သိပါတယ်။ ဒါ‌ပေမယ့် ဆုရတာနဲ့ပတ် သက်ပြီး ‌ပြောဖို့က ကျမအ‌နေနဲ့ အဆင်သင့်မဖြစ်‌သေးဘူး။ အ‌သေးစိပ် ‌လေ့လာရအုံးမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

POSCO TJ Park Foundation အသိ‌ပေးဖိတ်ကြားစာချက်အရ ‌ဒေါက်တာစင်သီယာ‌မောင်အ‌နေဖြင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက် ‌ရေးနှင့် ပရဟိတလုပ်ငန်းဆိုင်ရာများကို စွမ်းစွမ်းတမံ လုပ်ကိုင်‌သော‌ကြောင့် ဆုချီးမြှင့်ရန် ‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

POSCO TJ Park ဆုသည် တီထွင်ဖန်တီးမှုကို ‌လေးစားအသိအမှတ်ပြုခြင်း၊ ပါရမီရှင်များကို အား‌ပေးအား‌မြှောက်ပြုခြင်းနှင့် ပရ ဟိတစိတ်ကို မြှင့်တင်‌ပေးခြင်းတို့ကို လူအများက စိတ်ဝင်စားလာ‌စေရန် ရည်ရွယ်၍ (POSCO TJ Park Foundation) တည် ‌ထောင်သူ ‌တေဂျွန်ပတ်(Tae Joon Park)က စတင်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ပြီး သိပ္ပံပညာ၊ ပညာ‌ရေးနှင့် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်‌နေသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်တစ်ဦးချင်းတို့အား ၂၀၀၇ခုနှစ်မှစ၍ နှစ်စဉ် ချီးမြှင့်ခဲ့သည်။

ဩစ‌တြေးလျားကရင်အဖွဲ့အစည်း-AKO ၏ ဗစ်တိုရီးယာပြည်နယ် အတွင်း‌ရေးမှူး ‌နော်လယ်‌စေးက “ဆရာမဟာ ပညာတတ်တစ် ဦးဖြစ်‌ပေမဲ့ သူ့ကိုယ်ပိုင်အကျိုးအတွက် မလုပ်ဘဲ ခံယူချက်ရှိရှိနဲ့ အများအတွက် လုပ်ကိုင်‌ပေးတယ်။ သူ့လုပ်ငန်းဟာ အသက် ‌ပေါင်းများစွာကို ကယ်တင်‌ပေးတာမို့ ဒီဆုကို အင်မတန်မှ ရသင့်ပါတယ်။ ဒီဆုဟာလည်း သူ့‌ဆေးခန်းရဲ့ ကျန်းမာ‌ရေးဝန်‌ဆောင်မှု လုပ်ငန်းအတွက် အကျိုးရှိမဲ့ဆုလို့ ယုံ ကြည်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောင်ကိုရီးယားနိုင်ငံ၏ မြို့‌တော် ဆိုးလ်မြို့တွင် အ‌ခြေစိုက် (POSCO TJ Park Foundation)သည် ၁၉၇၁ခုနှစ်က Steel Scholarship Foundation အမည်ဖြင့် စတင်တည်‌ထောင်ကာ ၂၀၀၂ခုနှစ်တွင် (Pohang Iron & Steel Scholarship Foundation)နှင့် ၂၀၀၅ခုနှစ်တွင် (POSCO TJ Park Foundation)သို့ အမည်‌ပြောင်းလဲခဲ့သည်။

POSCO TJ Park ဆု ‌ရွေးချယ်ခံရ‌သော ‌ဒေါက်တာစင်သီယာ‌မောင်သည် မြန်မာနိုင်ငံတွင် ၁၉၈၈ ‌ကျောင်းသား ဦး‌ဆောင်သည့် အ‌ရေး‌တော်ပုံဖြစ်ပွားသည့်‌နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ထွက်ခွာ၍ မယ်‌တော်‌ဆေးခန်းကို တည်‌ထောင်ခဲ့ပြီး ကျန်းမာ‌ရေး နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရာ အနှစ် ၂၀‌ကျော်အတွင်း နိုင်ငံတကာမှ ‌ပေးအပ်သည့် ဆု‌ပေါင်း ၂ဝခန့် ဆွတ်ခူးရရှိခဲ့ပြီးဖြစ်သည်။