Home တွေ့ဆုံမေးမြန်းခန်း ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌တွေ့ဆုံ‌မေးမြန်းခြင်း

2217

ပဒို‌စောသမိန်ထွန်း‌ပြောတဲ့ ကရင့်‌တော်လှန်‌ရေး

“နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု‌တွေနဲ့ စားပွဲခုံမှာ ကျ‌နော်တို့ ဆက်လက် ‌ဆွေး‌နွေးသွားရလိမ့်မယ်လို့ ကျ‌နော်တို့မြင်တယ်။ ဒီလိုမှမလုပ်ရင်လည်း တိုင်းပြည်က နာ‌နေပြီ။ လူထုမှာလည်း နာ‌နေပြီ။
အဲဒါထက် တခြားအိမ်နီးချင်းနိုင်ငံ‌တွေထက် အများကြီးကို ‌နောက်ကျသွားပြီ။”

၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့သည် ကရင်အမျိုးသားများ၏ ‌တော်လှန်‌ရေး ၆၆နှစ်ပြည့်‌မြောက်ပြီဖြစ်ရာ ထိုအ‌ကြောင်းအရာ နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းအား ‌ကေအိုင်စီက ‌တွေ့ဆုံ‌မေးမြန်းထားခြင်းဖြစ်သည်။

‌မေး ။ ။ ဇန်နဝါရီလ ၃၁ရက်‌နေ့မှာ ကျ‌ရောက်မယ့် ၆၆နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ စတင် ဖြစ်‌ပေါ်လာပုံကို အကျဉ်းချုံး ‌လေး ‌ပြောပြ‌ပေးပါခင်ဗျာ။
‌ဖြေ ။ ။ ကရင်‌တော်လှန်‌ရေး‌နေ့ စတင်ဖြစ်လာရတာကို အကျဉ်းချုံး‌ပြောရရင် ၁၉၄၈ ခုုနှစ်၊ ဗမာပြည်လွတ်လပ်‌ရေး ရလာ ‌တော့ ဗမာလူမျိုး‌တွေရဲ့ နိုင်ငံ‌ရေးပါတီထဲမှာလည်း အရှုတ်‌တွေ တအားများတယ်။ ပါတီ‌တွေကလည်း အများကြီး။ အဲဒီ‌တော့ ‌တောခိုပြီး သူပုန်ထတဲ့ နိုင်ငံ‌ရေးပါတီရှိသလို တချို့လည်း ဖဆပလ တပ်‌ပေါင်းစုမှာ ပါဝင်ပြီး‌တော့မှ မြို့‌ပေါ်မှာ ‌နေတာ‌တွေလည်း ရှိတယ်။ အဲဒီအရှုတ်ထုပ်‌တွေက KNU ကို ရိုက်ခတ်လာတာ‌ပေါ့။ အဲဒီလိုရိုက်ခတ်လာ‌တော့ ကရင်‌တွေကလည်း ကိုယ့်အမျိုး သားကာကွယ်‌ရေးအတွက် KNDO ကမြစ်ဝကျွန်း‌ပေါ်မှာဆို အများကြီးကာကွယ်ခဲ့ရတယ်။
ဒီ့အပြင် ဖဆပလ အစိုးရလက်ထက်မှာ စစ်တပ်က အင်အားနည်း‌တော့ KNDO အ‌နေနဲ့က ရန်ကုန်မြို့ လုံခြုံ‌ရေးအတွက်ကို ကူ ညီ‌ပေးခဲ့ရတယ်။ အဲဒါ‌ကြောင့် အဲဒီအချိန်က သခင်နုကို ကရင်နုလို့ သူများ ‌ခေါ်ကြတာ အဲဒါပဲ။ ဦးနုက လာပြန်ပြီ ‌စောဘဦးကြီး ဆီကို ဘယ်နားမှာကာကွယ်‌ပေးပါအုံးလို့ လာလာ‌ပြော‌တော့ အဲဒါ‌တွေလည်း လုပ်‌ပေးခဲ့ရတယ်။ ‌နောက်တွံ‌တေးမှာ လုံခြုံ‌ရေး လုပ်‌ပေးပါဆို‌တော့ KNDO ကလည်း သွားရတာပဲ။
ဒါ‌ပေမယ့် ဗမာအမျိုးသားအတွင်းမှာက အယူအဆ‌တွေ မတူ‌တော့ တစ်ချို့ကလည်း ကရင်ကို မကြိုက်တာ‌တွေရှိတယ်။ နယ်ချဲ့ ‌မြှောက်ပင့်‌ပေးလို့ ကရင်‌တွေက နိုင်ငံ‌ရေးအုံကြွမှု‌တွေဖြစ်မယ်‌ပေါ့။ အဲဒီဖြစ်‌တော့ အဲဒီအရှုတ်ထုပ်‌တွေက ‌နောက်ဆုံး‌တော့ KNDO ကို အစိုးရက တရားမဝင် ‌ကြေငြာလိုက်တာပဲ။ အဲဒီမတိုင်ခင် ပထမ‌တော့ KNDO ကိုလက်နက်ချခိုင်းတယ်ကွ။ KNDO ကလည်း ဖဆပလ အစိုးရက တရားဝင် အသိအမှတ်ပြုထားတဲ့ တပ်ဖြစ်‌တော့ လက်နက်မချနိုင်ဘူး။ အဲဒီ‌တော့ ဖဆပလအစိုးရ က‌နေ KNDO ကို ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့မှာ တရားမဝင်အဖြစ် ‌ကြေငြာလိုက်တယ်။
အဲဒီလို ‌ကြေငြာအပြီး ဇန်နဝါရီလ ၃၁ရက်‌နေ့ ည‌နေပိုင်းမှာပဲ တိုက်ပွဲက စ‌ပေါ်လာတာပဲ။ အဲဒီမှာ တိုက်ပွဲစ‌ပေါ်လာ‌တော့ ဒို့ KNU အ‌နေနဲ့ ကရင့်‌တော်လှန်‌ရေးကို အသိအမှတ်ပြုတာ အင်းစိန်တိုက်ပွဲ စတင်တဲ့အချိန်ကစပြီးမှ ‌တော်လှန်‌ရေး‌နေ့ဆိုပြီး သတ်မှတ် လိုက်တာပဲ။ ဒီ‌နေ့အချိ်န်အထိဆိုရင်‌တော့ (၆၆)နှစ်ရှိသွားပါပြီ။
အဲဒါ‌ကြောင့် ဒီကရင့်‌တော်လှန်‌ရေးက ကိုယ်လုပ်ချင်လို့လုပ်လာတာ မဟုတ်ဘူး။ အစီအစဉ်ကလည်းမရှိ။ အဲဒီ‌တော့ တစ်ဖက်က ဖဆပလနဲ့ တခြား ဗမာနိုင်ငံ‌ရေး အတိုက်အခံအုပ်စု‌တွေရဲ့ ရှုတ်‌ထွေးမှုအ‌ပေါ်မှာ မလွဲသာဘဲ ဖြစ်လာရတာ‌ပေါ့။ အဲဒီလိုဖြစ်လာတဲ့ အခါ အစီအစဉ်‌တွေ မကျတဲ့အခါကျ‌တော့ ကရင့်‌တော်လှန်‌ရေးက ‌ပြောရမယ်ဆိုရင် တိုက်ပွဲပြီးတာနဲ့ ‌နောက်ဆုတ်ရတဲ့ပုံစံမျိုး ဖြစ်သွားတာ‌ပေါ့။

‌မေး ။ ။ ‌တော်လှန်‌ရေးရဲ့ အနှစ်သာရ၊ အဓိပ္ပါယ်နဲ့ ကရင့်‌တော်လှန်‌ရေးဟာ ပြည်သူ‌တွေအတွက် ဘယ်လိုအ‌ရေးကြီးတယ်ဆို တာ ရှင်းပြ‌ပေးပါအုံးခင်ဗျာ။
‌ဖြေ ။ ။ ‌တော်လှန်‌ရေးဆိုတာက ဒို့‌တွေက လက်နက်ကိုင်‌တော်လှန်‌ရေးတစ်ခုပဲ သိတာကိုး။ တကယ်က‌တော့ ‌တော်လှန်‌ရေး ဆိုတာ စနစ်‌ဟောင်းတစ်ခုကို စနစ်သစ်တစ်ခုက ‌ပြောင်းလဲလုပ်‌ဆောင်တဲ့‌နေရာမှာ ‌တော်လှန်‌ပြောင်းလဲလိုက်တာကို ‌တော်လှန် ‌ရေးလို့‌ခေါ်တာကိုး။ အဲဒီ‌တော့ ‌တော်လှန်‌ရေးဆိုတာ မသင့်‌တော်တဲ့ အ‌ဟောင်းကို ပယ်ဖျက်ပြီး သင့်‌တော်တဲ့အသစ်နဲ့ ပြန်လည် လဲ‌ပေးတာကို ‌တော်လှန်‌ရေးလို့‌ခေါ်တယ်။
အဲဒီ‌တော့ ကရင့်‌တော်လှန်‌ရေးဆိုတာကလည်း တကယ်ဆို ကိုယ့်တကယ့်ခံစားခဲ့ရတဲ့ ကရင်အမျိုးသား‌တွေရဲ့ဘဝဟာ အဖက် ဖက်က အခွင့်အ‌ရေးမရတဲ့ဟာကို ရ‌အောင်ပြန်ပြီးမှ ‌တောင်းဆိုတာကို ‌တော်လှန်‌ရေးလို့‌ခေါ်တယ်။ ‌တော်လှန်‌ရေးမှာလည်း အကြမ်းမဖက် ‌တော်လှန်‌ရေးနဲ့ အကြမ်းဖက် ‌တော်လှန်‌ရေးဆိုတာရှိတယ်။ အားလုံး စတင်လာရတာက‌တော့ အကြမ်းမဖက်တဲ့ ‌တော်လှန်‌ရေးနဲ့ စတင်လာရတာချည်းပဲ။ ‌နောက်ဆုံးမရမှ အကြမ်းဖက်တဲ့ ‌တော်လှန်‌ရေး‌တွေဖြစ်လာရတာပဲ။

‌မေး ။ ။ ကရင်အမျိူးသားအစည်းအရုံး(KNU)အ‌နေနဲ့ အနှစ် ၆၀‌ကျော် ‌တော်လှန်လာခဲ့တယ်။ ပြီး‌တော့ အခုငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု‌တွေလုပ်‌နေတဲ့အ‌ပေါ်မှာ အဖူးရဲ့ သ‌ဘောထားအမြင်‌လေး သိပါရ‌စေခင်ဗျာ။
‌ဖြေ ။ ။ က‌နေ့လက်ရှိ ‌ဆောင်ရွက်‌နေတဲ့ အ‌နေအထားအ‌ပေါ်မှာ ‌ပြောရမယ်ဆိုရင် KNU က‌တော့ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုနဲ့ပဲ ကိုယ့်အမျိုးသားအခွင့်အ‌ရေးရ‌အောင် ဆက်လုပ်သွားမယ်ဆိုတဲ့ သ‌ဘောရှိတယ်။ ‌ခေတ်အဆက်ဆက်က တက်လာတဲ့ အစိုးရ ‌တွေက ကျ‌နော်တို့ ဒီလိုနိုင်ငံ‌ရေးအရ ‌ဆွေး‌နွေးမှု‌တွေကို လုပ်တဲ့‌နေရာမှာ အညံ့ခံခိုင်းတာပဲရှိတာကိုး။ တန်းတူမှုမရှိဘူး။ ဒီက‌နေ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာကျ‌တော့ တန်းတူ‌ပေးချင်တဲ့ သ‌ဘော‌တော့ရှိတယ်။ ဒါ‌ပေမယ့် တန်းတူမှု‌တော့ တကယ် မရ‌သေး ဘူး။ ဒါ‌ပေမယ့် တခြားတက်လာတဲ့ အစိုးရ‌တွေနဲ့ယှဉ်လိုက်ရင် ကျ‌နော်တို့ KNU အတွက်‌တော့ အ‌ကောင်းဆုံး အစိုးရပဲ။ ကျ‌နော် တို့ လွတ်လွတ်လပ်လပ် ‌ပြောနိုင်တယ်။ ‌ဆွေး‌နွေးနိုင်တယ်။ တိုင်းရင်းသားလူမျိုးအားလုံးနဲ့လည်း ညှိနှိုင်းတိုင်ပင်ခွင့်ရတယ်။ မြို့ ‌ပေါ်တက်ပြီး‌တော့ အခြားတိုင်းရင်းသား‌တွေ ပြည်သူ‌တွေနဲ့ ‌ပြောဆို‌ဆွေး‌နွေးခွင့်ရတယ်။ ဘယ်‌ထောက်လှမ်း‌ရေးကမှ လာတား ဆီးတာ မရှိဘူး။
အဲဒီလို လွတ်လွတ်လပ်လပ် သွားလာလို့ရတဲ့အချိန်မှာ ဒီက‌နေ့ ကျ‌နော်တို့‌ဆွေး‌နွေး‌နေတဲ့ အပစ်အခတ်ရပ်စဲ‌ရေး ခိုင်မာတဲ့အ ဆင့်ကို‌ရောက်‌အောင် ‌ဆွေး‌နွေးတဲ့‌နေရာမှာလည်း အတားအဆီး‌လေး‌တွေ‌တော့ ရှိတာ‌ပေါ့ဗျာ။ ‌ပြောရမယ်ဆိုရင် နှစ်‌ပေါင်းများ စွာ တစ်ဖက်နဲ့တစ်ဖက် တိုက်လာကြ‌တော့ သူကလည်း ကိုယ့်ကိုမယုံ၊ ကိုယ်ကလည်း သူ့ကိုမယုံတာ‌လေး‌တွေ‌တော့ ရှိကြတာ ‌ပေါ့။ ဒါ‌လေး‌တွေက ကျ‌နော်တို့ဖက်ကပဲ သူတို့ကို တစ်ဖက်သတ် မယုံဘူးလို့‌တော့ ‌ပြောလို့မရဘူး။ အဲဒါ‌ကြောင့် ယုံကြည်မှု တည်‌ဆောက်ရင်းနဲ့ ကျ‌နော်တို့ရဲ့ နိုင်ငံ‌ရေးဦးတည်ချက်ပန်းတိုင်‌ရောက်‌အောင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု‌တွေနဲ့ စားပွဲခုံမှာ ကျ‌နော်တို့ ဆက်လက် ‌ဆွေး‌နွေးသွားရလိမ့်မယ်လို့ ကျ‌နော်တို့မြင်တယ်။ ဒီလိုမှမလုပ်ရင်လည်း တိုင်းပြည်က နာ‌နေပြီ။ လူထုမှာလည်း နာ‌နေပြီ။ အဲဒါထက် တခြားအိမ်နီးချင်းနိုင်ငံ‌တွေထက် အများကြီးကို ‌နောက်ကျသွားပြီ။ အဲလို‌နောက်ကျတာလည်း ပြည်တွင်းစစ် တစ်ခုတည်း‌ကြောင့် မဟုတ်ဘူးဗျ။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကလည်းပါတယ်။
ဒါ‌ကြောင့် တစ်ချို့‌ပြော‌နေကြတဲ့ ပြည်တွင်းမှာ လက်နက်ကိုင်‌တော်လှန်‌ရေး‌တွေ အကြမ်းဖက်မှု‌တွေရှိလို့ တိုင်းပြည်မတိုးတက်ဖူး လို့ ‌ပြောတာ‌တော့ ကျ‌နော် လုံးဝ လက်မခံနိုင်ပါဘူး။ ဘာ‌ကြောင့် အဲဒီလို‌ပြောရလဲဆိုရင် ဖဆပလ လက်ထက်မှာလည်း ပြည် တွင်းစစ်က ဒီထက်ကိုကြီးမားတာပဲ။ သူတို့‌ပြောတဲ့ ‌တော်လှန်‌ရေးနယ်‌မြေ၊ သူပုန်နယ်‌မြေမှာ မတိုးတက်ဘူးဆို‌ပေမယ့် ဖဆပလ အုပ်ချုပ်ထားတဲ့ ကျန်နယ်‌မြေ‌တွေ အကုန်တိုးတက်မှုရှိ‌နေတာပဲ။ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေး၊ အားကစား အကုန်ကို တိုး တက်‌နေတာပဲ။ ဒါဟာ ပြည်တွင်းစစ်ဖြစ်‌နေတယ်။ ပြည်တွင်းစစ်ဖြစ်‌နေလို့ ကျ‌နော်တို့ တိုင်းရင်းသားနယ်‌မြေ‌တွေမှာ မတိုးတက် ဘူးဆိုတာကို‌တော့ ကျ‌နော်တို့ လက်ခံလို့ရတယ်။
အခုလို ပြည်တွင်းစစ် ရှည်ကြာတာကလည်း ‌ပြောရမယ်ဆိုရင် စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ အစိုးရတက်‌နေလို့။ ‌ဖြေရှင်းသင့်တဲ့ နိုင်ငံ‌ရေး နည်းလမ်းနဲ့ မ‌ဖြေရှင်းဘဲနဲ့ စစ်‌ရေးနည်းလမ်းနဲ့ အကြမ်းဖက်မှုလုပ်လို့ ပြည်တွင်းစစ်က ရှည်ကြာ‌နေရတာပါ။ ကျ‌နော်တို့ဘက်က ‌တော်လှန်‌ရေးကြီးရှည်ကြာရတာလည်း ဒီကိစ္စပဲ။ ဒါ‌ကြောင့် ကျ‌နော်တို့ တိုင်းပြည်၊ ပြည်သူ၊ ကရင်ပြည်သူလူထုနဲ့ အခြားတိုင်း ရင်းသားလူမျိုးစု‌တွေကို ငဲ့ညှာတဲ့အ‌နေနဲ့ ဒီက‌နေ့ အစိုးရဖက်ကိုလည်း ‌တောင်းဆိုပါတယ်။ နိုင်ငံ‌ရေးနည်းနဲ့ တဖြည်းဖြည်းချင်း ‌ဖြေရှင်းသွားရင် ရနိုင်ပါတယ်။ တိုင်းရင်းသားလူမျိုးစုဖက်ကိုလည်း ကျ‌နော်‌တောင်းဆိုပါတယ်။ ကျ‌နော်တို့နိုင်ငံ‌ရေးနည်းလမ်းနဲ့ တစ်ရစ်ချင်းတစ်ရစ်ချင်း သွားမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်း‌ရေး ရနိုင်လိမ့်မယ်လို့ မြင်တယ်။
အဲဒီ‌တော့ ဒီမှာ တွန်းအား‌ပေးရမှာက တိုင်းရင်းသားလူမျိုးစု‌တွေနဲ့ မြန်မာပြည်သူလူထုကြီးကလည်း ကိုယ်စွမ်း‌ဆောင်နိုင်တဲ့ ဘက်က‌နေ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲ‌ရေး ရရှိလာ‌အောင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု‌တွေပြီးရင် ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီးဖြစ်‌အောင် ပါဝင်ကူညီ‌ပေးမယ်ဆို အ‌ကောင်းဆုံးဖြစ်မယ်လို့ ကျ‌နော်အ‌နေနဲ့ ယုံကြည်ပါတယ်။

‌မေး ။ ။ ခုနက ‌ပြောသွားတဲ့ ‌တော်လှန်‌ရေး ရှည်ကြာရတဲ့အ‌ကြောင်းရင်းကိုလည်း အနည်းငယ် ပြန်လည်ဖြည့်စွက်‌ပြော‌ပေး‌စေ ချင်ပါတယ်ခင်ဗျာ။
‌ဖြေ ။ ။ အဓိကရှည်ကြာရတဲ့အ‌ကြောင်းရင်းက ‌ပြောရမယ်ဆိုရင် KNU ဟာ ၁၉၄၇ခုနှစ်မှာဖွဲ့စည်းခဲ့ပြီး ၁၉၄၉ခုနှစ်မှာ ‌တော် လှန်‌ရေး ‌ပေါ်‌ပေါက်လာ‌တော့ ကိုယ့်ရဲ့ KNU ‌တွေကို စနစ်တကျနဲ့ ပညာ‌ပေးမှု မရှိခဲ့ဘူး။ အချိန်မရလိုက်ဘူး။ ‌တော်လှန်‌ရေး ‌ပေါ် ‌ပေါက်လာတဲ့အခါကျ‌တော့ ရဲတဲ့သူနိုင်စတမ်း အာဏာယူစတမ်းဆိုတဲ့ တစ်ဗိုလ်တစ်မင်း‌တွေ‌ပေါ်လာတယ်။ အဲလိုဖြစ်လာ‌တော့ ထိန်းဖို့ကလည်း သူတို့မှာ တပ်ကြီး‌တွေနဲ့ အဲဒီအချိန်က KNU ရဲ့ဩဇာက ‌တော်‌တော်‌လေး‌မှေးမှိန်ခဲ့တယ်။ ကျ‌နော်တို့ကလည်း အစီအစဉ်မရှိဘဲနဲ့ ရန်သူရဲ့လှုံ့‌ဆော်မှုအ‌ပေါ်မှာ ဖြစ်လာရ‌တော့ ကိုယ့်တပ်ကိုလည်း ထိန်းချုပ်ရတာခက်တယ်။ အဲဒါ‌တွေ‌ကြောင့် ရှည်ကြာလာရတာ။
အစိုးရကလည်း ကျ‌နော်တို့ကို အမြစ်ပြတ်‌အောင် မတိုက်နိုင်ဘူး။ မလုပ်နိုင်တာကလည်း အ‌ကြောင်းရှိတယ်။ အဲဒါက အစိုးရ အုပ်ချုပ်‌နေတဲ့ စနစ်ကိုက တိုင်းရင်းသားလူမျိုးစု‌တွေအတွက် တန်းတူမှုမရှိတဲ့ စနစ်မျိုးဖြစ်‌နေ‌တော့ သူက အမြစ်ပြတ်‌အောင် မလုပ်နိုင်ဘူး။ အလားတူပဲ ကျ‌နော်တို့ဘက်ကလည်း အာဏာသိမ်း‌တော်လှန်တိုက်ခိုက်နိုင်ဖို့က အခက်အခဲအမျိုးမျိုး‌ကြောင့် မဖြစ်ခဲ့ဘူး။
ဒိထက်ဆိုးတာ ကမ္ဘာ့နိုင်ငံကြီး‌တွေမှာ အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ်စနစ်‌တွေရဲ့ အားပြိုင်မှု‌တွေကလည်း ကျ‌နော်တို့ထဲကို ထိုး ‌ဖောက်လာပြီး ကျ‌နော်တို့အတွင်းမှာ ဒီကိစ္စ‌တွေနဲ့ အရှုတ်အ‌ထွေးဖြစ်‌တော့ တစ်ခါတစ်ရံ ဦးတည်လုပ်ရမယ့်အပိုင်းကို မလုပ်နိုင် ဘဲ ဒါ‌တွေနဲ့ပဲ စကားများ‌နေရတယ်။ ကြာရတဲ့အ‌ကြောင်းရင်း‌တွေက ဒါ‌တွေပါပဲ။ ဒီက‌နေ့မှာ‌တော့ အားပြိုင်တဲ့ အင်အားကြီးနှစ်ခု ဟာ မရှိ‌တော့ဘူး။ ဒါဟာ ကျ‌နော်တို့အတွက် ‌တော်‌တော်သက်သာပါတယ်။ အဲဒီလိုသက်သာ‌တော့ ဒီက‌နေ့ နို်င်ငံ‌ရေးနည်းနဲ့ အမြန်ဆုံး‌ဖြေရှင်းနိုင်‌အောင် ‌ဆောင်ရွက်တာပါ။ ကရင့်အမျိုးသားအ‌ရေးကိုလည်း နိုင်ငံ‌ရေးနည်းအရ စတင်ခဲ့တာပါ။ နိုင်ငံ‌ရေး နည်းအရ ‌ပြောမရလို့ ‌တော်လှန်‌ရေးက ဖြစ်လာရတာပါ။
ဒီက‌နေ့‌တော့ ကမ္ဘာ့‌ရေစီး‌ကြောင်းအရ‌ရော ဦးသိန်းစိန်လိုအစိုးရမျိုး ‌နောက်ထပ်တက်လာမယ်ဆိုရင်လည်း ကျ‌နော်တို့အတွက် အခွင့်အလမ်းရမယ်လို့ မြင်ပါတယ်။ ကျ‌နော်တို့ဘက်ကလည်း လိုအပ်ချက်‌တွေကို အကုန်လုံးပြင်သွားရမှာပါပဲ။ အဲဒါဆိုရင်‌တော့ ရနိုင်မယ်လို့ ကျ‌နော်ထင်တယ်။

‌မေး ။ ။ (၆၆)နှစ်‌မြောက်ကရင့်‌တော်လှန်‌ရေး‌နေ့နဲ့ လက်ရှိနိုင်ငံဖြစ်စဉ်ကို အ‌ခြေခံပြီး‌တော့ ပြည်သူကို ဘာများ‌ပြောကြားချင် ပါသလဲခင်ဗျာ။
‌ဖြေ ။ ။ (၆၆)နှစ်‌မြောက်ကရင့်‌တော်လှန်‌ရေး‌နေ့မှာ ကရင်ပြည်သူ‌တွေကို ‌ပြောချင်တာက‌တော့ ကျ‌နော်တို့ ဆက်လက်ကြိုး စားသွားရအုံးမယ်။ တိုင်းရင်းသား‌တွေနဲ့လက်နက်ကိုင် ပြဿနာဖြစ်‌နေတာ ကရင်တစ်ဦးတည်းမှမဟုတ်ဘဲ။ အဲဒီ‌တော့ တိုင်းရင်း သားအဖွဲ့အစည်း‌တွေကလည်း သူတို့ရဲ့ သမိုင်း‌နောက်ခံဟာ တစ်ဦးနဲ့တစ်ဦးမတူကြဘူး။ မတူတဲ့ဟာကို ‌ပြေလည်‌အောင် ညှိနှိုင်း ‌ဆွေး‌နွေးမယ်ဆိုရင် အချိန်‌တော့ကြာအုံးမှာ‌ပေါ့။ လက်ရှိ မြန်မာတပ်မ‌တော်လုပ်‌နေတာကိုလည်း ကျ‌နော်အကုန်လုံး နားမလည် ဘူးဗျ။ တစ်ချို့‌နေရာမှာ ‌ကောင်း‌နေပြီး တစ်ချို့‌နေရာမှာ တိုက်‌နေတယ်။ မ‌ကျေနပ်မှု‌တွေ ဖြစ်‌နေတယ်။ အဲဒါတပ်မ‌တော်ကလည်း သူတို့ကိုယ်သူတို့ ပြန်စဉ်းစားရမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ခင်ဗျားတို့ ငြိမ်းချမ်း‌ရေး အစစ်အမှန်ကိုရချင်လားလို့ ကျ‌နော်တို့ကို‌မေးတယ်။ အဲလို‌မေး‌တော့ သူ့ကိုလည်းပြန်‌မေးရမှာပဲ။ ခင်ဗျားတို့က‌ရော ငြိမ်းချမ်း‌ရေးကို တကယ်စိတ်ရင်းစိတ်‌စေတနာမှန်နဲ့ လိုလားသလားဆိုတာကို ‌တော့ ကျ‌နော်တို့ပြန်‌မေးရမှာဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ငြိမ်းချမ်း‌ရေးကို စိတ်ရင်‌စေတနာအမှန်နဲ့ လိုလားကြမယ်ဆိုရင် ဒီကိစ္စ က ‌ဆွေး‌နွေးရတာ ဘာမှမခက်ဘူး။ အခုခက်‌နေတာက တစ်ဦးဦးက စိတ်ရင်း‌စေတနာမရှိဘူးမြင်လို့ ဒီလိုကြာ‌နေတာဗျ။ ဒီတိုင်း ပြည်မှာပဲ ‌မွေးလာတဲ့‌ကောင်‌တွေ၊ ဒီတိုင်းပြည်က‌နေပဲ ဘွဲ့‌တွေရလာတဲ့သူ‌တွေပဲ။ ငါက အာဏာရ‌နေလို့ မင်းတို့မလာနဲ့ကွာလို့ ‌မောင်းထုတ်လို့မရသလို တစ်ဖက်ကလည်း မင်းတို့သွားကွာ ဆိုပြီး ကန်ချလို့မရဘူး။ ဒါကိုပဲ ကျ‌နော်‌ပြောချင်ပါတယ်။

‌မေး ။ ။ ‌နောက်ပြီး ‌တော်လှန်‌ရေးနဲ့ပတ်သက်လို့ ဘာများ‌နောက်ထပ် ဖြည့်စွက်‌ပြောချင်ပါလဲ။
‌ဖြေ ။ ။ ‌တော်လှန်‌ရေးနဲ့ပတ်သက်လို့ ဖြည့်စွက်‌ပြောချင်တာက ကျ‌နော်တို့က မယိင်းမယိုင်ဘဲ KNU ရဲ့ ဒီက‌နေ့ချမှတ်ထားတဲ့ မူလမ်းစဉ်အတိုင်းကို တိတိကျကျ ခိုင်ခိုင်မာမာနဲ့ အတိမ်းအ‌စောင်းမရှိပဲ လုပ်သွားရင် ဒီက‌နေ့ ဦးသိန်းစိန်အစိုးရနဲ့‌ဆွေး‌နွေးတာ ‌အောင်မြင်မယ်လို့တွက်ပါတယ်။ အဲဒါမှမဟုတ်ပဲ သူတစ်‌ပေါက် ကိုယ်တစ်လမ်းနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး စွတ်လုပ်သွားရင် ‌တော့ အဲဒါက‌တော့ ကြာအုံးမယ်။ တညီတညွတ်တည်းနဲ့ ‌သေချာ စနစ်တကျ လုပ်သွားရင် အ‌နှေးနဲ့အမြန် ‌အောင်မြင်မယ်လို့ ထင်ပါတယ်။

‌မေး ။ ။ ‌နောက်ဆုံးအ‌နေနဲ့ ကရင့်‌တော်လှန်‌ရေးမှာ အသက်‌ပေးသွားကြတဲ့သူ‌တွေအတွက် ဘာများ‌ပြောကြားချင်ပါလဲခင်ဗျာ။
‌ဖြေ ။ ။ ကရင့်‌တော်လှန်‌ရေးမှာ ‌စောဘဦးကြီးအပြင် လက်နက်ကိုင်တပ်‌တွေမကဘူး။ ပြည်သူ‌တွေ‌ရောပဲ အဲဒီအထဲမှာ အမျိုး သမီး‌တွေပါပါတယ်။ ရက်ရက်စက်စက် မုဒိမ်းကျင့်အသတ်ခံရပြီး ကိုယ့်အမျိုးသားအတွက်ကို ကာကွယ်ပြီး အသက်‌ပေးသွားတဲ့ အမျိုးသမီး‌တွေရှိတယ်။ အဲဒါကို ဂုဏ်မပြုလို့ မရဘူး။ ကျ‌နော်တို့ ဂုဏ်ပြုရမယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့တစ်ဦးချင်းစီရဲ့ ‌ဆောင် ရွက်မှု‌တွေ‌ကြောင့် ကျ‌နော်တို့ ဒီက‌နေ့အထိ ကြံ့ကြံ့ခံနို်င်တာ။ ‌စောဘဦးကြီးကို ဂုဏ်ပြုသလို ကရင်တပ်မ‌တော်သား‌တွေ၊ ကရင် ပြည်သူလူထု‌တွေ၊ ကရင်အမျိုးသမီး‌တွေကို အ‌လေးထားဂုဏ်ပြုရမယ်။ အဲဒါကို‌မေ့‌ပျောက်ရင် ကျ‌နော်တို့က အမျိုးသားအ‌ပေါ်မှာ သစ္စာ‌ဖောက်တာပဲ။