Home သတင်း ‌ကေအဲန်ယူ ဗဟိုနှင့် တပ်မဟာ (၇)တို့ ပူးတွဲ၍ (၆၆)နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ ကျင်းပမည်

‌ကေအဲန်ယူ ဗဟိုနှင့် တပ်မဟာ (၇)တို့ ပူးတွဲ၍ (၆၆)နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ ကျင်းပမည်

1645

ဇန်နဝါရီ ၂၃ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုနှင့် ဖားအံခရိုင်၊ တပ်မဟာ ၇ တို့က ပူးတွဲ၍ လာမည့် ဇန်နဝါရီ ၃၁ ရက်‌နေ့၌ ကျ‌ရောက်မည့် ကရင့်‌တော်လှန်‌ရေး‌နေ့ (၆၆)နှစ်‌မြောက် အခမ်းအနားကို ကျင်းပသွားမည်ဖြစ် သည်ဟု ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီလိုအခမ်းအနားမျိုးကို သူ့‌နေရာအသီးသီးမှာ တတ်နိုင်သ‌လောက်လုပ်‌နေကြတာချည်းပါပဲ။ ဗဟိုအ‌နေနဲ့က လည်း လုပ်နိုင်တဲ့ ‌နေရာ‌တွေမှာ လုပ်ကြဖို့ အမြဲညွှန်ကြားမှုရှိခဲ့တာပါ။ အရင်က စစ်ပူချိန်ဆို‌တော့ တစ်မျိုး‌ပေါ့။ အခုက စစ်ပူချိန်မဟုတ်တဲ့ အခါကျ‌တော့ ဒီလိုလုပ်ဖြစ်သွားတာပါ”ဟု ပဒို‌စော‌သောသီဘွဲက ‌ပြောသည်။

ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကျင်းပနိုင်ရန်အတွက် ကျင်းပ‌ရေး‌ကော်မတီကို ဇန်နဝါရီ ၈ ရက်‌နေ့က ဖွဲ့စည်းခဲ့ပြီး ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေး၊ အတွင်း‌ရေးမှူး ပဒို‌စော‌လေး‌တောနှင့် ‌ကော်မတီအဖွဲ့ဝင်များက ဦး‌ဆောင်ကာ တာဝန်ယူကျင်းပသွားမည်ဖြစ်သည်။

အခမ်းအနားကျင်းပမည့်အစီအစဉ်များနှင့် ပတ်သက်ပြီး ပဒို‌စော‌လေး‌တောက “အခမ်းအနားအတွက်ကို စတင် စီစဉ်‌နေတုန်းပဲ ရှိပါ‌သေးတယ်။ အဓိက‌တော့ စစ်‌ရေးပြအခမ်းအနားပါမယ်။ အခြား‌သော ကရင်လက်နက်ကိုင် တပ်ဖွဲ့‌တွေ ပူး‌ပေါင်းပါဝင်ဖို့က‌တော့ မရှိပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အခြား‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ဖိတ်ကြား သွားမည်ဖြစ်ပြီး ယခုကရင့်‌တော်လှန်း‌ရေး‌နေ့ အခမ်းအနားကို စစ်‌ရေးပြစစ်သည်အင်အား ချီတက်စစ်‌ရေးပြမည် ဖြစ်ပြီး ယခင်နှစ်ကထက် စစ်သည်အင်အား အနည်းငယ် ထပ်တိုးထား‌ကြောင်း ပဒို‌လေး‌တောက ဆက်‌ပြောသည်။

ထို့အပြင် ကရင်‌တော်လှန်‌ရေး‌နေ့ မတိုင်မီ ဇန်နဝါရီ ၂၉ ရက်‌နေ့မှ စတင်ကာ ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များဖြင့် စတင်ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားကျင်းပမည့် အစီအစဉ်အ‌သေးစိတ်ကိုမူ ဇန်နဝါရီ ၂၄ ရက်‌နေ့တွင် အစည်းအ‌ဝေးထပ်မံ ‌ခေါ်ယူကာ အ‌သေးစိတ်စီစဉ်သွားမည်ဖြစ်သည်ဟု သိရသည်။

ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကို ‌ကေအဲန်ယူ၏ သက်ဆိုင်ရာ ခရိုင်နှင့် တပ်မဟာ ၇ခု အသီးသီးတို့က စုစည်းမှု၊ ‌ငွေ‌ကြေးနှင့် စစ်‌ရေး၊ နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ပေါ်မူတည်၍ နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ဖဆပလ အစိုးရလက်ထက် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ကရင်အမျိုးသားကာကွယ်‌ရေးအဖွဲ့ (‌ကေအဲန်ဒီအို)ကို တရားမဝင်အဖြစ် ‌ကြေညာလိုက်ပြီး‌နောက် အစိုးရတပ်နှင့် ‌ကေအဲန်ဒီအိုတို့အကြား တိုက်ပွဲများစတင်ဖြစ်‌ပေါ်ပြီး တပြည်လုံးရှိ ကရင်များက ခုခံ‌တော်လှန်သည့်‌နေ့ကို အစွဲပြု၍ ဇန်နဝါရီ ၃၁ ရက်‌နေ့ကို ကရင့်‌တော်လှန်‌ရေး‌နေ့အဖြစ် သတ်မှတ်ခဲ့သည်။