Home သတင်း ‌ကေအဲန်ယူမှ အချက် ၁ဝချက်ပါ ‌ကော်သူး‌လေ‌မြေယာမူဝါဒ ထုတ်ပြန်

‌ကေအဲန်ယူမှ အချက် ၁ဝချက်ပါ ‌ကော်သူး‌လေ‌မြေယာမူဝါဒ ထုတ်ပြန်

1735

ဇန်နဝါရီ ၉ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

‌မြေယာပိုင်ဆိုင်မှုကိစ္စ စီမံခန့်ခွဲရာ၌ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုဘဝဖူလုံ‌ရေးကို ဖြည့်ဆည်း‌ပေး‌စေပြီး တရားမျှတမှု ရှိ‌စေရန် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က အချက် ၁ဝချက်ပါ “‌ကော်သူး‌လေ‌မြေယာမူဝါဒ”တစ်ရပ်ကို ချမှတ်ကာ ဇန်နဝါရီ ၂ရက်‌နေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။

၎င်း‌မြေယာမူဝါဒစာအရ ‌မြေယာ၊ သစ်‌တော၊ ‌ရေ၊ ‌ရေလုပ်ငန်းနှင့် သဘာဝသယံဇာတများအား ပြည်သူလူထုက ပိုင်ဆိုင်သည်။ ပြည်နယ်‌ဒေသအတွင်း၌ ဘိုးစဉ်‌ဘောင်ဆက်‌နေထိုင်လာခဲ့‌သော ‌ဒေသခံတိုင်းရင်းသားပြည်သူများက ၎င်းတို့အသက်ရှင်‌နေထိုင် ‌သော နယ်‌မြေ၊ ‌ကျေးရွာတဝိုက်ရှိ သဘာဝ‌မြေ၊ ‌တောရိုင်း‌မြေ၊ သစ်‌တော‌မြေ၊ စားကျက်‌မြေနှင့် အင်းအိုင်တို့ကို စု‌ပေါင်းပိုင်ဆိုင် အသုံးချခွင့် ရှိရမည်။ မိမိ‌နေရင်းအရပ်ကို စွန့်ခွါထွက်‌ပြေး‌နေရသူများသည် ၎င်းတို့ ပိုင်ဆိုင်ခဲ့‌သော ‌မြေယာများအား ပြန်လည် ရပိုင်ခွင့်နှင့် ‌လျှော်‌ကြေးရပိုင်ခွင့်ရှိသည်တို့ အပါအဝင် အချက် ၁ဝချက်ကို ‌ဖော်ပြထားခြင်းဖြစ်သည်။

‌မြေယာမူဝါဒ‌ရေးဆွဲရာတွင် ပါဝင်သည့် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက “ပြုပြင်‌ပြောင်းလဲမှု‌တွေ ရှိလာတဲ့အ ‌ပေါ်မှာ စနစ်နဲ့အညီ အ‌ခြေခံမူပဲ‌ပြော‌ပြော၊ ‌ဆောင်ပုဒ်ပဲ‌ပြော‌ပြော ‌မြေယာဆိုတာ ပြည်သူလူထုက ပိုင်ဆိုင်တဲ့အ‌ပေါ်မှာ ဒီ‌မြေယာ မူဝါဒ အ‌ခြေခံအချက် ဆယ်ချက်ကို ကျ‌နော်တို့ ပြန်လည် ပြင်ဆင်‌ရေးဆွဲပြဋ္ဌာန်းတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌မြေယာသည် ပြည်သူလူထုက ပိုင်ဆိုင်သည်”ဟူ‌သော ‌ဆောင်ပုဒ်ဖြင့် ပြန်လည်‌ရေးဆွဲခဲ့သည့် ‌ကေအဲန်ယူ၏ ‌မြေယာမူဝါဒသည် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ပြန်လည်‌ရေးဆွဲခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၃ခုနှစ်ကလည်း ကရင်ပြည်နယ်အပြင် ‌ကေအဲန်ယူ လက်လှမ်းမီရာ ကရင်‌ဒေသများတွင် ‌မြေယာမှတ်ပုံတင်နှင့် တိုင်းထွာ‌ပေးမှုများ စတင်ပြုလုပ်‌ပေးခဲ့သည်ဟု ‌ကေအဲန် ယူက ဆိုသည်။

ထို့အပြင် ‌ကေအဲန်ယူ၏ ‌မြေယာမူဝါဒ ပြဋ္ဌာန်းချက်စာထဲတွင် အစိုးရအာဏာပိုင်အဖွဲ့အစည်းများက ဖွံ့ဖြိုး‌ရေး စီမံကိန်းလုပ်ငန်း များ ‌ဆောင်ရွက်ရာတွင် အများပြည်သူအကျိုး အလို့ငှါ ‌မြေယာများသိမ်းယူရန် လိုအပ်ပါက ‌ဒေသခံပြည်သူများနှင့် ညှိနှိုင်းပြီး ကာလ‌ပေါက်‌ဈေးနှင့် လိုက်‌လျောညီ‌ထွေစွာ ထိုက်သင့်သည့် ‌လျော်‌ကြေး‌ပေးခြင်း၊ သင့်တင့်မျှတသည့် ‌မြေ‌နေရာ အစားထိုး‌ပေး ခြင်း၊ နစ်နာဆုံးရှုံးသူတို့အား ဘဝပြန်လည်ထူ‌ထောင်‌ရေးကို ‌ဆောင်ရွက်‌ပေးရမည်ဟု ‌ဖော်ပြထားသည်။

‌ကေအဲန်ယူ၏ မူဝါဒအ‌ပေါ် ကရင်ပြည်နယ်အတွင်း ဖားအံ‌မွေးမြူ‌ရေးဇုန်တွင် လယ်‌မြေသိမ်းခံရသည့် ‌စောကလုကုက “ကျ‌နော် တို့ ကရင်လူမျိုး‌တွေအ‌နေနဲ့က‌တော့ အခု ‌ကေအဲန်ယူက ချလိုက်တဲ့ ‌မြေယာမူဝါဒလိုမျိုး ဖြစ်ချင်တာ‌ပေါ့။ ‌ကေအဲန်ယူက ဒီလယ် ယာ‌မြေသိမ်းယူမှုနဲ့ ပတ်သက်ပြီး ကျ‌နော်တို့ကို တစ်ဖက်တစ်လမ်းက အ‌ထောက်အကူဖြစ်မယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောဆိုသည်။

‌ကေအဲန်ယူသည် ၁၉၇၄-ခုနှစ်တွင် ‌မြေယာမူဝါဒကို စတင်ပြဋ္ဌာန်းကာ ထိုမှတဆင့် ၂၀၀၅ခုနှစ်တွင် “‌မြေယာသည် ‌ဒေသခံ ပြည် သူများအတွက်ဖြစ်သည်”ဟူ‌သော‌ဆောင်ပုဒ်ဖြင့် ပြင်ဆင်‌ရေးဆွဲချမှတ်ခဲ့ပြီး‌နောက် ‌ခေတ်စနစ်နှင့်အညီ ယခုတဖန် ထပ်မံ ‌ရေးဆွဲ ပြဋ္ဌာန်းခဲ့ဖြစ်‌ကြောင်း ‌ကေအဲန်ယူက ဆိုသည်။