Home သတင်း အမျိုးသားအကျိုးအတွက် ကြိုတင်ပြင်ဆင်မှုရှိရန် ‌ကေအဲန်ယူ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

အမျိုးသားအကျိုးအတွက် ကြိုတင်ပြင်ဆင်မှုရှိရန် ‌ကေအဲန်ယူ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

1828

ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၅ခုနှစ်၊ နန်း‌ချောင်‌ဖော့

မိမိအမျိုးသားအကျိုးအတွက် ကြိုတင်ပြင်ဆင်မှုရရှိရန် ရည်ရွယ်၍ ကနဦးကရင်အမျိုးသား‌ဆွေး‌နွေးပွဲ အလုပ်ရုံ‌ဆွေး‌နွေးပွဲ(Karen National Dialogue Workshop)‌ခေါင်းစဉ်ဖြင့် အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၁၆ မှ ၁၇ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကရင်အမျိုးသားအစည်း အရုံး(‌ကေအဲန်ယူ)က ဦး‌ဆောင်ပြုလုပ်ကျင်းပခဲ့သည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲအ‌ပေါ် ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “အလုပ်ရုံ ‌ဆွေး‌နွေးပွဲမှာ ကျ‌နော်တို့ ကရင်အမျိုးသား‌ခေါင်း‌ဆောင်‌တွေက‌နေပြီး‌တော့ ‌လေ့လာရယူပြီး အမျိုးသား အတွင်းမှာ ဆက်လက်ကြိုတင်ပြင်ဆင်မှု‌တွေ ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကျ‌နော်တို့ ရဲ့ ပြင်ဆင်မှုအ‌နေနဲ့ အမျိုးသားအကျိုးနဲ့ တိုင်းပြည်အကျိုးအတွက် ပိုမိုပံ့ပိုးနိုင်မယ့် အ‌နေအထား ရရှိဖို့ ကြိုးစားကြပါ”ဟု အခမ်းအနားဖွင့်ပွဲတွင် ‌ပြောဆိုခဲ့သည်။
???????????????????????????????
ထို့အပြင် ကရင်အမျိုးသားကို ကိုယ်စားပြု‌နေသည့် နိုင်ငံ‌ရေးအဖွဲ့အစည်းများ၊ လူထုလူတန်းအဖွဲ့အစည်းများ မှလည်း နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးဆိုသည့် မူ‌ဘောင်ကိစ္စကို မိတ်ဆက်သည့်အ‌နေဖြင့် ကြိုတင်သိရှိ နားလည်ကြရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အလုပ်ရုံ‌ဆွေး‌နွေးပွဲကို စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ယင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ကရင်နိုင်ငံ‌ရေးအဖွဲ့အစည်းကိုယ်စားလှယ်များ၊ ကရင်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များနှင့် နိုင်ငံတကာမှ Inter Mediate အဖွဲ့အစည်း၏ အသိပညာနှင့် အတတ်ပညာရှင်ကို ဖိတ်‌ခေါ်ပြီး အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်ရှင်းပြ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူက ဆိုသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ စည်းရုံး‌ရေးဌာန တာဝန်ခံ ပဒို‌စောလှထွန်း၊ နိုင်ငံခြား‌ရေးတာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေ၊ ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု‌ဆောင် ပဒို‌စောသမိန်ထွန်းနှင့် ကရင်ပြည်နယ်စပ်‌ရေးရာလုံခြုံ‌ရေးဝန်ကြီး ဦး‌အောင်လွင်၊ ကရင်ပြည်နယ်အစိုးရဌာန ဆိုင်ရာဝန်ကြီးများ၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်လက်နက်ကိုင် အဖွဲ့ အစည်းများ၊ တိုင်းနှင့် ပြည်နယ်တွင် ရှိသည့် လူထုကိုယ်စားလှယ်‌ခေါင်း‌ဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်း များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း လူဦး‌ရေ ၉၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌စော‌အောင်‌ကျော်မင်းက “အခုလို ပွင့်လင်းမြင်သာတဲ့ အ‌နေအထား‌ပေါ်မှာ တစ်ဦးနဲ့ တစ်ဦး နားလည်မှု‌လေး‌တွေတည်‌ဆောက်တဲ့ သ‌ဘောနဲ့ ပြည်သူ‌တွေရဲ့ ဆန္ဒသ‌ဘောထား‌တွေကိုလည်း ပြန်လည်အကြံပြုနိုင်‌အောင်၊ ‌ကေအဲန်ယူကလည်း လူထုရဲ့ သ‌ဘောထားကို အ‌ခြေခံလာယူသွားပြီး လာမည့် အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးတာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်း‌ရေး‌ဆောင်ရွက်တဲ့ ‌နေရာပဲဖြစ်ဖြစ် ကုန်ကြမ်းယူတယ်လို့ ယူဆတယ်” ဟု ‌ပြောဆိုသည်။

နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှု မူ‌ဘောင်ကို တက်‌ရောက်‌ဆွေး‌နွေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုအ‌နေဖြင့် ကနဦးကရင်အမျိုးသား‌ဆွေး‌နွေးပွဲ အလုပ်ရုံ‌ဆွေး‌နွေးပွဲ (Karen National Dialogue Workshop)ကို ကရင်ပြည်နယ် ဖားအံမြို့နယ် ယခုလို ပြုလုပ်ကျင်းပခြင်းဖြစ်သည်။