Home သတင်း ဗိုလ်ချုပ်ကြီး ‌စောဘိုမြ ‌အောက်‌မေ့ဖွယ် ဝတ်ပြုပွဲ အခမ်းအနားသို့ အသိမိတ်‌ဆွေ အလွှာ‌ပေါင်းစုံ တက်‌ရောက်

ဗိုလ်ချုပ်ကြီး ‌စောဘိုမြ ‌အောက်‌မေ့ဖွယ် ဝတ်ပြုပွဲ အခမ်းအနားသို့ အသိမိတ်‌ဆွေ အလွှာ‌ပေါင်းစုံ တက်‌ရောက်

2099

ဇန်နဝါရီ ၂ဝရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောဘိုမြနှင့် သားကြီး ‌စော‌နေ ‌ကော်မြတို့ ‌အောက်‌မေ့ဖွယ်ဘုရားဝတ်ပြုဆု‌တောင်းပွဲကို ယ‌နေ့ ဇန်နဝါရီ ၂ဝရက်‌နေ့တွင် ထိုင်း-မြန်မာနယ် မဲ‌ဆောက်မြို့၊ ‌ဟွေ့မယ်ပ‌ကျေးရွာ၌ မိသားစုဝင်များမှ ကျင်းပခဲ့ရာ ‌စောဘိုမြ၏ ‌တော်လှန်‌ရေးလုပ်‌ဖော်ကိုင် ဖက်များ၊ ရပ်‌ဝေးရပ်နီးရှိ အသိမိတ်‌ဆွေ အလွှာ‌ပေါင်းစုံ တက်‌ရောက်ဝတ်ပြုခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး ‌စောဘိုမြ သားဖြစ်သူ ဗိုလ်မှူးချုပ် ‌စောနယ်ဒါးမြက “ဒီ‌နေ့က ကွယ်လွန်သွားပြီးဖြစ်တဲ့ ကျ‌နော့်ရဲ့ ဖခင်နဲ့ အစ်ကိုကြီးတို့ကို ဂုဏ်ပြု‌အောက်‌မေ့ဖွယ် ဘုရားဝတ်ပြုတာဖြစ်သလို တကွဲတပြားဖြစ်‌နေတဲ့ ကျ‌နော်တို့ လူမျိုး‌တွေကို ပြန်လည်စုစည်းတာလည်းဖြစ်တယ်။ ဒီ‌နေ့အခမ်းအနားမှာ အဖွဲ့အစည်း‌ပေါင်းစုံ၊ လူအလွှာ‌ပေါင်းစုံ တက်‌ရောက်တာကို ‌တွေ့ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းဝတ်ပြုပွဲသို့ KNU ထိပ်ပိုင်း‌ခေါင်း‌ဆောင်များဖြစ်ကြသည့် ပဒို‌စော‌ဒေးဗစ်သက‌ဘော၊ ပဒို‌စောအားတိုး၊ ပဒို‌စော‌သောသီဘွဲ၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်‌အောင်၊ ကရင်နယ်ခြား‌စောင့်တပ် (၁၀၂၂)တပ်ရင်းမှူး ဗိုလ်မှူး‌စောမုတ်သုန်၊ KNU/KNLA-PC၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-လွတ်‌မြောက်နယ်‌မြေ၊ ထိုင်းအာဏာပိုင်များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ကရင်အနုပညာရှင်အချို့နှင့် ရပ်‌ဝေးရပ်နီးရှိ အသိမိတ်‌ဆွေ များ စုစု‌ပေါင်း ၄၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။
IMG_5530
ALP ဒု-ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်‌အောင်က “ဗိုလ်ချုပ်မြက ကရင်အမျိုးသား‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သလို ဘဝတူ အဖိနှိပ်ခံ တိုင်းရင်းသား‌တွေ အားလုံးရဲ့‌ခေါင်း‌ဆောင်လည်းဖြစ်တယ်။ ကရင်လူမျိုးမကဘဲ တိုင်းရင်းသား‌တွေ အားလုံးလွတ်‌မြောက်‌အောင် တပ်‌ပေါင်းစု‌တွေဖွဲ့တဲ့‌နေရာမှာ ဗိုလ်ချုပ်မြ ဦး‌ဆောင်ခဲ့တယ်။ ဗိုလ်ချုပ်မြ ချမှတ် ခဲ့တဲ့လမ်းစဉ်‌တွေက အခုထိ အသက်ဝင်‌နေတုန်းပဲ။ ဒါ‌ကြောင့် ဗိုလ်ချုပ်မြကို လာပြီးဂုဏ်ပြခြင်းဖြစ်တယ်”ဟု ‌ပြောသည်။

ယ‌နေ့ နံနက် ထိုင်းစံ‌တော်ချိန် ၈နာရီခွဲမှ ၁ဝနာရီအထိ ကျင်းပသည့် ယင်းဝတ်ပြုဆု‌တောင်းပွဲတွင် ခရစ်ယာန် ဘာသာဖြင့် ဝတ်ပြုဆု‌တောင်းခြင်း၊ ဗိုလ်ချုပ်‌စောဘိုမြ ဘဝဖြတ်သန်းမှု သမိုင်းအကျဉ်းကို ချပြခြင်း၊ ဓမ္မ‌တေး၊ ‌ခေတ်‌ပေါ်‌တေးများဖြင့် ဂုဏ်ပြုသီဆိုခြင်းနှင့် မိသားစုဝင်များဘက်မှ တက်‌ရောက်ဝတ်ပြုလာ‌သော ဧည့်သည်‌တော်များအား ‌ကျေးဇူးတင်စကား ‌ပြောအပြီးတွင် ‌နေ့လည်စာဖြင့် ဧည့်ခံ‌ကျွေး‌မွေးခဲ့သည်။

၂၀၀၆ခုနှစ်တွင် ကွယ်လွန်သွားသည့် (KNU)ဥက္ကဋ္ဌ ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောဘိုမြနှင့် ၂၀၀၈ခုနှစ်၌ ကွယ်လွန်ခဲ့ သူ သားကြီးဖြစ်သူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း ၂၀၂တပ်ရင်းမှူး‌ဟောင်း ‌စော‌နေ‌ကော်မြတို့ ‌အောက်‌မေ့ဖွယ်ဘုရားဝတ်ပြုဆု‌တောင်းပွဲကို ဗိုလ်ချုပ်ကြီး ‌စောဘိုမြ ကွယ်လွန်သည့်အချိန်မှ စ၍ နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုဆိုလျှင် (၉)ကြိမ်‌မြောက် ရှိသွားပြီးဖြစ်သည်။