Home သတင်း ပန်းတ‌နော်တွင် အစဉ်အလာမပျက် တပို့တွဲလအတွင်း ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော် ကျင်းပ

ပန်းတ‌နော်တွင် အစဉ်အလာမပျက် တပို့တွဲလအတွင်း ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော် ကျင်းပ

1881

ဇန်နဝါရီ ၂၂ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

ပန်းတ‌နော်မြို့နယ် ကိုယ်စားပြု အစဉ်အလာမပျက် တပို့တွဲလ ၂၇၅၄ ခုနှစ်၊ သ‌လေးထိုင်ခုတ်ဖို ကရင်နှစ်သစ် ကူး‌နေ့ပွဲ‌တော်အခမ်းအနားကို ဇန်နဝါရီ ၂ဝ ရက်‌နေ့၊ နံနက် ၆နာရီ၌ ပန်းတ‌နော်မြို့နယ်၊ အစုကြီး (ဝဲ‌ဒေါင့်)စုရပ် တွင် ကျင်းပခဲ့ကြသည်။

အဆိုပါ ရိုးရာ အစဉ်အလာမပျက် တပို့တွဲလ ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ကျင်းပ‌ရေး‌ကော်မတီ သဘာပတိအဖွဲ့ဝင် စသန်းထိုက်လင်းက “တပို့တွဲလဆန်း ၁ ရက်မှာ နှစ်သစ်ကူး ကျင်းပခြင်းဟာ ၁၉၆၇ ပုသိမ် ကရင်ယဉ်‌ကျေးမှုညီလာခံက ချမှတ်‌ပေးခဲ့တဲ့ ကရင်နှစ်သစ်ကူး‌နေ့အမှန်ကို သု‌တေသနပြုလုပ်ရန် ဆိုတဲ့ တာဝန်များကို ‌ကျေပွန်စွာ အ‌ကောင်အထည်‌ဖော်ခြင်းဖြစ်တယ်”ဟု ‌ပြောသည်။

လက်ရှိဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပုဒ်မ ၃၅၄(ဃ)တွင် ပြဋ္ဌာန်းထားသည့် မိမိတို့ ချစ်ခင်မြတ်နိုးတဲ့ စကား၊ စာ‌ပေ၊ ယဉ်‌ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓ‌လေ့ထုံးတမ်းများကို လွတ်လပ်စွာ‌ဆောင်ရွက်ပိုင်ခွင့်အရ လုပ်‌ဆောင် ခြင်းဖြစ်သလို ကုလသမဂ္ဂ ဌာ‌နေတိုင်းရင်းသားလူမျိုးများ အခွင့်အ‌ရေး‌ကြေငြာစာတမ်း ပုဒ်မ(၃၁) တွင် ‌ဖော်ပြထားသည့် မိမိတို့ယဉ်‌ကျေးမှု အ‌မွေအနှစ်များ၊ ရိုးရာအစဉ်အလာအသိပညာနှင့် ရိုးရာယဉ်‌ကျေးမှု ‌ဖော်ပြချက်များကို ထိန်းသိမ်းခွင့်၊ ကာကွယ်‌စောင့်‌ရှောက်‌ဖော်ထုတ်ဖွံ့ဖြိုးခွင့် ရှိသည်ဆိုသည့် အခွင့်အ‌ရေးများ နှင့်အညီ ကျင်းပခြင်းဖြစ်သည်ဟု နာယက စသန်းထိုက်လင်းက ဆက်‌ပြောသည်။

နှစ်ရက်တာ ကျင်းပခဲ့သည့် ၎င်းကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော် အခမ်းအနားဖွင့်ပွဲကို ဇန်နဝါရီ ၁၉ ရက်‌နေ့ လည်ပိုင်း၌ အစုကြီး‌ကျေးရွာ (ဝဲ‌ဒေါင့်)စုရပ်တွင် ကျင်းပခဲ့ပြီး ည‌နေပိုင်းတွင် အ‌ထွေ‌ထွေကရင့်‌ရေးရာဆိုင်ရာ ပ‌ဟေဠိပြိုင်ပွဲ၊ ဒုံးယိမ်းအက‌ဖျော်‌ဖြေခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့‌နောက် ဇန်နဝါရီ ၂ဝ ရက်‌နေ့၊ နံနက်ပိုင်း ‌ခြောက်နာရီခွဲတွင် ကရင့်အမျိုးသားအလံ‌တော်တင် အခမ်းအနားကျင်းပကာ ကရင်နှစ်ဦးလ အမှန်အ‌ကြောင်း စာတမ်းဖတ်ခြင်းနှင့် ညပိုင်းတွင် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ပန်းတ‌နော်မြို့နယ်အတွင်း ကရင်လူမျိုးများ အများစု‌နေထိုင်ကာ စာ‌ပေယဉ်‌ကျေးမှုအပိုင်းတွင် တက်တက် ကြွကြွ လူငယ်များစည်းစည်းလုံးလုံးဖြင့် လုပ်ကိုင်ကြပြီး ပြာသိုလဆန်း ၁ရက်‌နေ့တွင် နှစ်သစ်ကူးပွဲ‌တော် ကျင်းပ သကဲ့သို့ ရိုးရာအစဉ်အလာအတို်င်း တပို့တွဲလဆန်း ၁ရက်‌နေ့တွင်လည်း ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပခြင်း များရှိပြီး အပြန်အလှန်ဝိုင်းဝန်းလုပ်ကိုင်‌လေ့ရှိသည်ဟု ပန်းတ‌နော်‌ဒေသခံတစ်ဦးဖြစ်သူ စအိုင်စူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ပန်းတ‌နော်မှာ ပြာသို‌ရော၊ တပို့တွဲ မှာ‌ရော နှစ်သစ်ကူးလုပ်တာရှိတယ်။ ဒါဟာ ယဉ်‌ကျေးမှု ကို အဖက်ဖက်က ထိန်းသိမ်းသလို စည်းလုံးမှုကို ပြသတဲ့ သ‌ဘောပါ။ အားလုံးက စည်းစည်းလုံးလုံးနဲ့ ဝိုင်းကူပြီး ‌တော့ လုပ်ကြတယ်။ တစ်ဖက်က လုပ်လည်း သွားတယ်။ ဒီဘက်က လုပ်ပြန်‌တော့လည်း လာကူတာပဲ”ဟု ‌ပြောဆိုသည်။

ပန်းတ‌နော်မြို့နယ်၌ တပို့တွဲလအတွင်း အစဉ်အလာမပျက်ပြုလုပ်သည့် ယခု ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်တွင် တက်‌ရောက်လာသည့် ကရင်တိုင်းရင်းသား ဧည့်ပရိဿတ်‌ပေါင်း ၁,၀၀ဝ ‌ကျော်ရှိ‌ကြောင်းနှင့် အလားတူ ပဲခူးတိုင်း‌ဒေသကြီး ‌ညောင်‌လေးပင်မြို့နယ်၊ ဖဒိုမြို့၌လည်း တပို့တွဲလအတွင်း ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပလျှက်ရှိ‌ကြောင်း သိရသည်။

ကရင်နှစ်သစ်ကူး‌နေ့ သ‌လေး၊ ထိုင်‌ခေါက်ဖို၊ ပြာသိုလဆန်း (၁)ရက်ကို ၁၉၃၇-ခု ဥပ‌ဒေကြမ်းအရ ၁၉၃၈ ခုနှစ်၌ အတည်ပြုခဲ့‌သော်လည်း ကရင်သက္ကရာဇ် ပြက္ခဒိန် နှစ်၊ လ၊ ရက်၏ ပုံမှန်တွက်ချက်ပုံအရ တပို့တွဲ လဆန်း (၁)ရက်‌နေ့တွင် ကျ‌ရောက်‌နေသဖြင့် တပို့တွဲလမှာသာ ကျင်းပရခြင်းဖြစ်သည်ဟု ပန်းတ‌နော် တပို့တွဲ ကရင်နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီက ‌ပြောဆိုသည်။