Home သတင်း ပဒိုမန်းရှာ ကျဆုံးခြင်း (၇) နှစ်ပြည့်တွင် ‘မန်းရှာ’ အမည်ဖြင့် စာအုပ် ထုတ်‌ဝေမည်

ပဒိုမန်းရှာ ကျဆုံးခြင်း (၇) နှစ်ပြည့်တွင် ‘မန်းရှာ’ အမည်ဖြင့် စာအုပ် ထုတ်‌ဝေမည်

2646

ဇန်နဝါရီ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသား အစည်းအရုံး(KNU) အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၇)နှစ်ပြည့် အထိမ်းအမှတ်အ‌နေဖြင့် ‘မန်းရှာ’အမည်ရှိ ‌တော်လှန်‌ရေးပုံရိပ် စာအုပ်တစ်အုပ်ကို လာမည့် ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင် ‌တော်လှန်‌ရေး ရဲ‌ဘော်ရဲဘက်များက ထုတ်‌ဝေသွားရန် စီစဉ်‌နေသည်ဟု စာ‌ရေး ဆရာမ တစ်ဦးဖြစ်သူ ‌နော်ခိုင်မာ‌ကျော်‌ဇောက ‌ပြောသည်။

“ပဒိုမန်းရှာကို ချစ်ခင်‌လေးစားကြတဲ့ ‌တော်လှန်‌ရေး ရဲ‌ဘော်ရဲဘက်‌တွေက စီစဉ်ထုတ်‌ဝေတာဖြစ်တယ်။ ပဒိုမန်းရှာကျဆုံးခဲ့တာ (၇)နှစ်ပြည့်‌တော့မှာဖြစ်‌ပေမယ့် ပဒိုမန်းရှာကို ကျမတို ့တ‌နေ ့မှ မ‌မေ့ခဲ့ကြပါဘူး၊ ‌နောက်လည်း ဘယ်‌တော့မှ ‌မေ့လို ့ရမှာ မဟုတ်ပါဘူး”ဟု စာ‌ရေးသူ ‌နော်ခိုင်မာ‌ကျော်‌ဇောက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင့်‌တော်လှန်‌ရေး နှစ်‌ပေါင်း ၆ဝ အတွင်း အသက်‌ပေးခဲ့‌သော ကရင့်‌ခေါင်း‌ဆောင်များစွာထဲမှ ပဒိုမန်းရှာကို ‌ရွေးပြီး သတိရ‌အောက်‌မေ့ရခြင်းမှာ ပဒိုမန်းရှာအပါအဝင် ၎င်း၏ ရဲ‌ဘော်ရဲဘက်များ၊ အမျိုးသမီးများ၊ လူငယ်များ၊ စာ‌ရေးဆရာနှင့် ကဗျာဆရာများ ‌ပြောပြမည့် ယခု ‌တော်လှန်‌ရေးပုံရိပ်စာအုပ်ကို ‌စောင့်‌မျှော်ဖတ်ရှု‌စေချင် ‌ကြောင်းလည်း စာ‌ရေးဆရာမ ‌နော်ခိုင်မာ‌ကျော်‌ဇောက ဆက်‌ပြောသည်။

စာမျက်နှာ ၂၀၀‌ကျော်ပါရှိပြီး မြန်မာဘာသာဖြင့် ထုတ်‌ဝေမည့် ၎င်းစာအုပ်တွင် ပဒိုမန်းရှာကို ချစ်ခင်‌လေးစား ကြသည့် စာ‌ရေးဆရာမ ‌နော်ခိုင်မာ‌ကျော်‌ဇော၊ ကဗျာဆရာ ကိုလွဏ်းဏီ၊ ကဗျာဆရာ ‌အောင်‌ဝေးတို့အပါအဝင် တခြား စာ‌ပေသမားတို့၏ ကဗျာ၊ ‌ဆောင်းပါး ပုဒ်‌ရေ‌ပေါင်း(၄၀) ‌ကျော်နှင့် ‌တော်လှန်‌ရေး ရဲ‌ဘော်ရဲဘက်၊ အမျိုး သမီးနှင့် လူငယ်တို့ ဂါရဝ စကားများအပြင် ပဒိုမန်းရှာ ‌ရေးသားခဲ့‌သော ကဗျာ၊ ‌ဆောင်းပါးများ၊ မိန့်ခွန်းများ၊ အင်တာဗျူး၊ ပဒိုမန်းရှာ၏ ကိုယ်‌ရေးအကျဉ်းနှင့် ဓာတ်ပုံမှတ်တမ်းတို့ ပါဝင်မည်ဖြစ်သည်ဟု သိရသည်။

ပဒိုမန်းရှာကို ‌လေးစားကြသည့် စာ‌ပေအသိမိတ်‌ဆွေများ၏ ‌ထောက်ပံ့မှုဖြင့် စာအုပ်ကို အုပ်‌ရေ ၁၀၀ဝ ထုတ်‌ဝေ မည်ဖြစ်ပြီး ပြည်တွင်းပြည်ပနှင့် နယ်စပ်‌ဒေသများတွင် ဖြန့်ချိသွားမည်ဖြစ်သလို စာအုပ်ဖြစ်‌မြောက်‌ရေး စီစဉ်သူ တချို ့နှင့် စာ‌ပေမိတ်‌ဆွေများက ရန်ကုန်မြို့တွင် စာအုပ် မိတ်ဆက်ပွဲ ပြုလုပ်သွားရန် စီစဉ်ထားသည်ဟုလည်း စာအုပ်ဖြစ်‌မြောက်‌ရေး စီစဉ်သူများက ‌ပြောသည်။

စာအုပ်ထုတ်‌ဝေမည့်အ‌ပေါ် ပဒိုမန်းရှာ၏ သားကြီး ‌စော‌စေး‌စေးဖန်းက “အ‌ဖေ့ကို ‌လေးစားကြတဲ့ စာ‌ပေပညာရှင် ‌တွေက အထိမ်းအမှတ်အ‌နေနဲ့ စာအုပ်ထုတ်မယ်ဆို‌တော့ သားတစ်‌ယောက်အ‌နေနဲ့ အရမ်းဝမ်းသာတယ်။ အ‌ဖေလုပ်‌ဆောင်ခဲ့ပြီး မပြီးဆုံး‌သေးတဲ့ ‌တော်လှန်‌ရေးကို ကျန်ရစ်သူ ကျ‌နော်တို့ သားသမီး‌တွေက ဆက်လက် လုပ်‌ဆောင်ဖို့အတွက် စိတ်ဓာတ်ခွန်အား အများကြီး ဖြစ်‌စေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၄ရက်‌နေ့က ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၌ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းသည် ‌ခေါင်း‌ဆောင်မှုအပြင် ‌တော်လှန်‌ရေး ‌ဆောင်းပါးနှင့် ကဗျာများကို ‌ရေးသားခဲ့သူဖြစ်‌သော‌ကြောင့် ‌တော်လှန်‌ရေး ရဲ‌ဘော်ရဲဘက်များ၊ စာ‌ပေပညာရှင် အဝန်းအဝိုင်းမှ ‌လေးစားရ‌သော ကရင်အမျိုးသား ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သည်။