Home သတင်း တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ အလုပ်အမှု‌ဆောင်‌ကော်မတီဝင်အသစ်များ ‌ရွေးချယ်တင်‌မြှောက်

တအာင်းအမျိုးသမီး အဖွဲ့အစည်း၏ အလုပ်အမှု‌ဆောင်‌ကော်မတီဝင်အသစ်များ ‌ရွေးချယ်တင်‌မြှောက်

1826

ဇန်နဝါရီ ၂၉ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

တအာင်း(ပ‌လောင်)အမျိုးသမီးအဖွဲ့အစည်းက ၎င်းတို့၏ ဒုတိယအကြိမ်‌မြောက် ညီလာခံကို သျှမ်း(ရှမ်း)ပြည် နယ်၊ လားရှိုးမြို့တွင် ဇန်နဝါရီ ၂၄ ရက်‌နေ့မှ ၂၇ ရက်‌နေ့အထိ ကျင်းပကာ အလုပ်အမှု‌ဆောင်‌ကော်မတီဝင် အသစ်များကို ညီလာခံတွင် ပြန်လည်‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်။

ထိုသို့ ‌ရွေးချယ်ရာတွင် တ‌အောင်း‌ဒေသအတွင်း မြို့နယ်အသီးသီးရှိ တအာင်းအမျိုးသမီးအဖွဲ့ဝင်ကိုယ်စားလှယ် များနှင့် ‌လေ့လာသူ စုစု‌ပေါင်း ၉၇ ဦးက ‌ရွေးချယ်ခဲ့ပြီး အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအဖြစ် လိုည်းပိုးညိူဝ်း ၊ တွဲဖက် အတွင်း‌ရေးမှူး(၁) ဒီဒီမိုးခမ်း၊ တွဲဖက်အတွင်း‌ရေးမှူး(၂) ဒီဒီပိုး‌စေင် အပါအဝင် အလုပ်အမှု‌ဆောင်‌ကော်မတီဝင် (၉) ဦးကို ‌ရွေးချယ်တင်‌မြှောက်ခဲ့ခြင်းဖြစ်သည်။

တွဲဖက် အတွင်း‌ရေးမှူး(၂) ဒီဒီပိုး‌စေင်က “မြန်မာနိုင်ငံသား တစ်‌ယောက်ရဲ့ အခွင့်အ‌ရေးဖြစ်တဲ့ မဲ‌ပေးခွင့်ကို ကျမတို့ဆုံးရှုံးခဲ့ရ‌ပေမယ့် ကျမတို့အဖွဲ့အစည်းနဲ့အခွင့်အ‌ရေးအတွက် မဆုံးရှုံးရ‌အောင် ‌ရွေးချယ်တဲ့‌နေရာမှာ လည်း တက်‌ရောက်လာတဲ့ အဖွဲ့ဝင်များက လျှိ့ဝှက်မဲ‌ပေးစနစ်နဲ့ပဲ အဖွဲ့ဝင်‌ခေါင်း‌ဆောင်‌တွေကို ‌ရွေးချယ်ခြင်း ဖြစ်ပါတယ်”ဟု ‌ပြောသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းတွင် ဥက္ကဌ၊ ဒု-ဥက္ကဌ တာဝန်များမထားရှိဘဲ အဖွဲ့အစည်းလုပ်ငန်းတာဝန်များ အတွက် အတွင်း‌ရေးမှူးအဖွဲ့ဝင်များက တာဝန်ယူလုပ်‌ဆောင်သွားရမည်ဖြစ်ကာ အလုပ်အမှု‌ဆောင်‌ကော်မတီ က ဦး‌ဆောင်ကြီးကြပ်သွားမည့် ဖွဲ့စည်းမှုမျိုးဖြစ်သည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဆိုသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း ညီလာခံတွင် ပြီးခဲ့သည့် နှစ်များအတွင်း လုပ်‌ဆောင်ခဲ့‌သော လုပ်ငန်းစဉ်များ၊ ‌ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံ‌ရေးရပ်တည်ချက်များအပြင် တ‌အောင်းအမျိုးသမီးအဖွဲ့အစည်း၏ ဖွဲ့စည်းပုံများကို လည်း ပြန်လည်‌ဆွေး‌နွေးအတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။
DSC_2562
ယခုလို တအာင်းအမျိုးသမီးအဖွဲ့အစည်းအ‌နေဖြင့် ဒုတိယအကြိမ်ညီလာခံကျင်းပနိုင်ခဲ့ပြီး အမှု‌ဆောင် အသစ် များ‌ရွေးချယ် တင်‌မြှောက်နိုင်ခဲ့သည့်အ‌ပေါ် ကရင်အမျိုးသမီးအစည်းအရုံး(KWO)ကလည်း ဘဝတူ တိုင်းရင်းသူ အမျိုးသမီးအချင်းချင်း အား‌ပေး‌ထောက်ခံ‌ကြောင်း KWO အတွင်း‌ရေးမှူးဖြစ်သူ ‌နော်က‌ညော‌ဖောက ‌ပြောသည်။

၎င်းက “ကျမတို့အ‌နေနဲ့ အခုသူတို့‌ဒေသဘက်မှာ စစ်‌ဘေးဖြစ်‌နေတာ ကိုယ်ချင်းစာတယ်။ သူတို့ဆီမှာ လူငယ်‌တွေ တက်တက်ကြွကြွရှိကြတယ်။ ဒီလိုလုပ်နိုင်တာ အား‌ပေး‌ထောက်ခံသလို ဝမ်းလည်းသာတယ်။ ဘဝတူ‌တွေအချင်းချင်းပဲ။ အမျိုးသမီးအခွင့်အ‌ရေး တန်းတူဖြစ်‌ရေးအတွက် လက်တွဲလုပ်‌ဆောင်နိုင်ဖို့ကိုလည်း ကြိုဆိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တအာင်း‌ဒေသတွင်း စစ်ဖြစ်ပွားမှု၊ မူးယစ်‌ဆေးဝါးအပြင် အမျိုးသမီးများအား အကြမ်းဖက်မှုနှင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများမှာ ‌လေ့လာ‌တွေ့ရှိမှုများအရ ‌လျော့ပါးသွားခြင်းမရှိဘဲ ၂၀၁ဝ ခုနှစ် ‌နောက်ပိုင်းမှ ယခုအချိန်ထိ တိုးမြင့်‌နေဆဲပင်ဖြစ်‌ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ‌ပြောဆိုသည်။

ထိုသို့ ဖြစ်ပွား‌နေမှုများအ‌ပေါ် ဒုတိယအကြိမ်‌မြောက်ညီလာခံအပြီး ဇန်နဝါရီ ၂၇ ရက်‌နေ့၌ ထုတ်ပြန်ချက် တစ်‌စောင်ထုတ်ပြန်ကာ ထုတ်ပြန်ချက်တွင် ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် စစ်အင်အားတိုးချဲ့မှု ‌လျော့ချ‌ပေးရန်၊ မူးယစ်‌ဆေးဝါးအပါအဝင် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု၊ အမျိုးသမီးအ‌ပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို အစိုးရအ‌နေဖြင့် ထိ‌ရောက်စွာ အ‌ရေးယူ‌ပေးပါရန် တိုက်တွန်း‌တောင်းဆို ထားသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း(Ta’ang Women’s Organization)ကို တအာင်းအမျိုးသမီးများ၏ ဘဝမြှင့် တင်‌ပေးရန် တန်းတူအခွင့်အ‌ရေးရရှိ‌ရေး ရည်ရွယ်ကာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်ညီလာခံကို လားရှိုးမြို့၌သာ ကျင်းပ ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။