Home သတင်း PSDP မှ လွှတ်‌တော်အ‌တွေ့အကြုံများ ရှင်းလင်း

PSDP မှ လွှတ်‌တော်အ‌တွေ့အကြုံများ ရှင်းလင်း

1330

ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်၊ နန်း‌ချောင်‌ဖော့

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ဦးစီး၍ လွှတ်‌တော်တွင် အဓိက ‌ဆောင်ရွက်ရသည့် ဥပ‌ဒေ အတည်ပြု‌ရေးမဏ္ဍိုင်၊ ပြည်သူရဲ့အသံ၊ လွှတ်‌တော်အသံ၊ ပြည်သူရဲ့‌မျှော်လင့်ချက်များ ရှင်းပြရန် ကရင်ပြည် နယ်၊ ဖားအံမြို့နယ် ‌ကော့သာ‌ခေါင်‌ကျေးရွာ၌ ဒီဇင်ဘာ ၁၃ရက်‌နေ့တွင် လွှတ်‌တော်အ‌တွေ့အကြုံရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။

PSDP မှ ပြည့်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာက “ကျမတို့ လွှတ်‌တော်အစည်းအ‌ဝေးရပ်နားတဲ့ အချိန်မှာ ‌ကျေးရွာလူထု‌တွေဆီကို ပြန်ပြီး‌တော့ ဆင်းရပါတယ်။ ‌ကျေးရွာ‌တွေရဲ့ လိုလားချက်‌တွေ အခက် အခဲ‌တွေကို ကျမတို့ နား‌ထောင်‌ပေးရပါတယ်။ နား‌ထောင်ပြီး‌တော့မှ ‌အောက်‌ခြေအဆင့်မှာ ရှင်းလို့မရတဲ့ ကိစ္စ‌တွေဆိုရင် ပြဿနာဆိုရင် လွှတ်‌တော်ထဲမှာ ပြန်တင်ပြရမှာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ထို့အပြင် ‌ဒေသခံများက အ‌သေးစားဖွံ့ဖြိုး‌ရေးများဖြစ်သည့် ‌ကျေးရွာလျှပ်စစ်မီးရရှိ‌ရေးနဲ့ လမ်းတံတား တည်‌ဆောက်‌ပေး‌ရေးများကို တင်ပြခဲ့ကြပြီး ထိုတင်ပြမှုကိစ္စများသည် အ‌သေးစားဖွံ့ဖြိုး‌ရေးအတွက် ဆင်းရဲမှု ‌လျော့ချ‌ရေး‌ခေါင်းစဉ်ဖြင့် ‌ကျေးရွာအုပ်ချုုပ်‌ရေးမှူးမှတဆင့် မြို့နယ်သို့ ဦးစွာ တင်ပြရမည်ဖြစ်‌ကြောင်းနှင့် မရပါက လွှတ်‌တော်သို့ ပြန်တင်‌ပေးရန် စီစဉ်သွားမည်ဖြစ်‌ကြောင်း နန်း‌စေအွာက ဆက်‌ပြောသည်။

ရှင်းလင်းပွဲတွင် PSDP မှ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် နန်း‌စေအွာ၊ အမျိုးသားလွှတ်‌တော်ကိုယ်စား လှယ် ‌စော‌အောင်‌ကျော်နိုင်၊ PSDP ဒု-ဥက္ကဌ မန်း‌အောင်ပြည်စိုးနှင့် အခြားကိုယ်စားလှယ်များ စုစု‌ပေါင်း ၉ဦးနှင့် ဖားအံမြို့နယ်ရှိ ‌ကော့စိန်ပန်း‌ကျေးရွာအုပ်စုတွင် ‌ကော့‌ပေါက်၊ ဘုရားကုန်း၊ သ‌ပြေကုန်း၊ သရက် ကုန်း၊ ‌ကော့သာ‌ခေါင်၊ နန်းအီပုန်၊ မူးတခွီ၊ ချမ်းသာ(ရွာသစ်)၊ ‌ကော့သိန်းခီ၊ ‌ရွှေပြည်‌တောင်၊ တံတားဦး စသည့်ရွာတို့မှ အုပ်ချုပ်‌ရေးမှူးများနှင့် ‌ဒေသခံများ စုစု‌ပေါင်း ၁၀ဝ ခန့် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

မူးတခွီ‌ကျေးရွာ ဥက္ကဌ‌စောထားထိုက “အခုလိုမျိုး ဖလုံ-စ‌ဝေါ်ပါတီက လွှတ်‌တော်နဲ့ ပတ်သက်ပြီး‌တော့ လာ‌ရောက်ရှင်းပြတာ ကျ‌နော်အ‌နေနဲ့ အများကြီးဝမ်းသာပါတယ်။ သိလည်း သိလာရတာ‌ပေါ့။ ကျ‌နော်တို့ အ‌နေနဲ့ကလည်း ‌ကျေးရွာရဲ့ လိုအပ်ချက်‌တွေဖြစ်တဲ့ လမ်း‌တွေလည်း တင်ပြထားတယ်”ဟု ‌ပြောဆိုသည်။

PSDP သည် လွှတ်‌တော်အ‌တွေ့အကြုံရှင်းလင်းပွဲနှင့် ပတ်သက်၍ ဖားအံမြို့နယ်အတွင်းရှိ လှာကမြင် ‌ကျေးရွာအုပ်စု၊ လှာကာ‌ကျေးရွာအုပ်စုတို့တွင် သွား‌ရောက်ရှင်းလင်းခဲ့ပြီးဖြစ်‌ကြောင်း သိရှိရသည်။