Home သတင်း KSNG နှစ်ပတ်လည်အစည်းအ‌ဝေးတွင် ပြည်ပ‌ရောက်ကရင်‌ကျောင်းသား‌ကျောင်းသူများ တက်‌ရောက်မည်

KSNG နှစ်ပတ်လည်အစည်းအ‌ဝေးတွင် ပြည်ပ‌ရောက်ကရင်‌ကျောင်းသား‌ကျောင်းသူများ တက်‌ရောက်မည်

1725

ဒီဇင်ဘာ ၁၈ရက်၊၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်‌မြေ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ဒီဇင်ဘာ ၂၂ ရက်‌နေ့၌ ပြုလုပ်မည့် ကရင်‌ကျောင်းသားများကွန်ရက်အဖွဲ့(KSNG)၏ တစ်နှစ်တစ်ကြိမ် နှစ်ပတ်လည်အစည်း အ‌ဝေးတွင် ပြည်ပ‌ရောက်ကရင်‌ကျောင်းသား‌ကျောင်းသူများ တက်‌ရောက်မည်ဖြစ်သည်ဟု သိရသည်။

KSNG အဖွဲ့ဝင်အဖြစ် ရှိထားပြီး က‌နေဒါ၊ နယူးဇီလန်နှင့် ဩစ‌တြေးလျ နိုင်ငံများသို့ ‌ရောက်ရှိ‌နေကြသည့် ကရင်‌ကျောင်းသား‌ကျောင်းသူ‌ဟောင်းများက ယခုလ ဒီဇင် ဘာ ၂၂ မှ ၂၄ရက်‌နေ့အထိ ပြုလုပ်မည့် ယင်းနှစ်ပတ် လည်အစည်းအ‌ဝေးတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပူး‌ပေါင်းပါဝင်လာခြင်းဖြစ်သည်ဟု KSNG ဗဟိုမှ ‌ရေဒီယို အစီအစဉ် တာဝန်ခံ ‌စောထူးထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီနှစ် ပြည်ပမှာ‌ရောက်သွားတဲ့ ညီအစ်ကို၊ အစ်မ‌တွေ ပြန်လာပြီးလက်တွဲပူး‌ပေါင်းပါဝင်မှာပါ။ အရင်နှစ် က ပြန်လာတာမ‌တွေ့ရဘူး။ ဒီနှစ်မှာ သူတို့က စိတ်အားထက်သန်ပြီး ဘယ်လိုပါဝင်လို့ ရမလဲဆက်သွယ်လာ ကြတယ်။ ဒါ‌ကြောင့် တချို့‌ကျောင်းသား‌တွေက ပြန်လာပြီး အစည်းအ‌ဝေးကို တက်မယ်ဆို‌တော့ အရမ်းဝမ်းသာ တယ်။ ‌နောက်ပြီး နိုင်ငံခြား‌ရောက် ‌ကျောင်းသား‌တွေနဲ့ ‌ရှေးဆက်လုပ်ငန်းစဉ်‌တွေ ဘယ်လိုလုပ်သွားမလဲ။ အစည်းအ‌ဝေးမှာ ‌ဆွေး‌နွေးသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မကြာမီ ပြုလုပ်သွားမည့် အဆိုပါ အစည်းအ‌ဝေးတွင် KSNG ၏ တစ်နှစ်တာ ပြုလုပ်သွားသည့် လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း၊ ‌ရှေးဆက်လုပ်ငန်းစဉ်များ‌ဆွေး‌နွေးခြင်းနှင့် ဒုတိယ ဥက္ကဌ အသစ်ပြန်လည်‌ရွေးချယ်ခြင်း စသည်ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု သိရသည်။

မယ်လဒုက္ခသည်စခန်းမှ KSNG အဖွဲ့ တာဝန်ခံ ‌စောရဲမင်းထွန်းက “ကျ‌နော်တို့ KSNG ‌တွေ့က တစ်‌နေရာနဲ့ တစ်‌နေရာချိတ်ဆက်တာ‌တွေရှိတယ်။ ဒီထက် ပိုလုပ် အချိတ်အဆက်‌ကောင်းဖို့လဲလိုအပ်တယ်။ ပြည်တွင်း ပြည်ပကရင်‌ကျောင်းသားလူငယ်‌တွေကလည်း အမြဲတမ်း လက်တွဲသွားဖို့လိုတယ်။ ကျ‌နော်တို့‌တွေက ကရင် လူမျိုးအနာဂတ်မျိုးဆက်သစ်‌တွေဖြစ်တဲ့အတွက် အ‌ကောင်းဆုံးလုပ်‌ပေးရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KSNG သည် ရိုးရာယဉ်‌ကျေးမှု ထိန်းသိမ်းရန် ဝိုင်းဝန်းလုပ်‌ဆောင်ခြင်း၊ ကရင်စာသင်‌ကျောင်းများတွင် ချစ်ကြည် ‌ရေးစုံညီပွဲ‌တော် ပြုလုပ်‌ပေးခြင်း၊ မြန်မာပြည်တွင်းရှိ ကိုယ်ထူကိုယ်ထစာသင်‌ကျောင်းများနှင့် ‌ဘော်ဒါ‌ဆောင်များ သို့ သွား‌ရောက်ကူညီ‌ပေးခြင်း၊ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၇ခုအတွင်းတွင် ကရင်ဘာသာဖြင့် ‌ရေဒီယို အစီအစဉ်များ ထုတ်လွှင့်‌ပေးခြင်းနှင့် သုံးလတစ်ကြိမ် စာ‌စောင်ထုတ်‌ဝေခြင်းတို့ လုပ်‌ဆောင်လျှက်ရှိသည်။

ကရင်‌ကျောင်းသားများကွန်ရက်အဖွဲ့(Karen Students Network Group – KSNG)ကို ၁၉၉၆ခုနှစ်က ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ အဖွဲ့ဝင်အဖြစ် အဖွဲ့ (၁၀)ဖွဲ့ရှိကာ တစ်နှစ်တစ်ကြိမ် နှစ်ပတ်လည် အစည်းအ‌ဝေးပြုလုပ်လျှက်ရှိ‌ကြောင်း သိရသည်။