Home သတင်း DKBA ပြုလုပ်သည့် အမျိုးသားနှစ်သစ်ကူးနှင့် အဖွဲ့တည်‌ထောင်ခြင်း နှစ် ၂ဝပြည့်သို့ အဖွဲ့‌ပေါင်းစုံ တက်‌ရောက်ခဲ့

DKBA ပြုလုပ်သည့် အမျိုးသားနှစ်သစ်ကူးနှင့် အဖွဲ့တည်‌ထောင်ခြင်း နှစ် ၂ဝပြည့်သို့ အဖွဲ့‌ပေါင်းစုံ တက်‌ရောက်ခဲ့

2356

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဆုံဆည်းမြိုင်‌ကျေးရွာရှိ ဒီမိုက‌ရေစီအကျိုးပြု ကရင်အမျိုးသားတပ်မ‌တော်(DKBA) ဋ္ဌာနချုပ်တွင် ဒီဇင်ဘာလ ၂၁ရက်‌နေ့က ကျင်းပခဲ့‌သော ၂၇၅၄နှစ်‌မြောက် ကရင်နှစ်သစ်ကူး‌နေ့နှင့် DKBA ဖွဲ့စည်းခြင်းနှစ် ၂ဝပြည့် အခမ်းအ နားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အခြားအဖွဲ့အစည်း ၁ဝဖွဲ့‌ကျော်အပါအဝင် ပရိဿတ် ၂၀၀ဝနီးပါး တက်‌ရောက်ခဲ့သည်။

ယ‌နေ့အခမ်းအနားသို့ မြဝတီမြို့အ‌ခြေစိုက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ)၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)၊ နိုင်ငံ‌ရေးအင်အားစုများ၊ အလုပ်သမားအဖွဲ့အစည်းနှင့် အမျိုးသမီးအဖွဲ့အ စည်းများ အပါအဝင် အဖွဲ့‌ပေါင်း ၁ဝဖွဲ့‌ကျော်မှ ကိုယ်စားလှယ်များ၊ သံဃာ‌တော်များ၊ ‌ဒေသခံရွာသားများနှင့် ပြည်ပ‌ရောက် ကရင် လူမျိုးများလည်း တက်‌ရောက်ခဲ့ကြသည်။

ပွဲဖြစ်‌မြောက်‌ရေးအတွက် ဦးစီးလုပ်‌ဆောင်သူ ‌နော်စန္ဒာဝိုင်းက “အစိုးရအဖွဲ့ အပါအဝင် ပြည်တွင်းက အဖွဲ့အစည်း‌တွေ၊ နိုင်ငံ‌ရေး အင်အားစု‌တွေ၊ တိုင်းရင်းသားညီအစ်‌မောင်နှမ‌တွေ ပူး‌ပေါင်းပါဝင်တာကို ‌တွေ့ရတယ်။ ပြည်ပ‌ရောက် ကရင်အဖွဲ့‌တွေလည်း လာ ‌ရောက်ဂုဏ်ပြုတာ ‌တွေ့ရတဲ့အတွက် ‌တော်‌တော် အားရ‌ကျေနပ်မိတယ်”ဟု ‌ပြောသည်။
IMG_5290
ယ‌နေ့နံနက် ၆နာရီမှ ၉နာရီ‌ကျော်အထိ ကျင်းပသည့် ၎င်းပူးတွဲအခမ်းအနားတွင် DKBA ဂုဏ်ပြုစစ်‌ရေးပြအဖွဲ့ ချီတက်ခြင်း၊ ကျန်း မာ‌ရေးအရ မတက်‌ရောက်နိုင်သည့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောလားပွယ်၏ သဝဏ်လွှာ၊ ‌တောင်က‌လေးဆရာ‌တော်၏ သဝဏ်လွှာ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့၏ သဝဏ်လွှာများ အပါအဝင် တစ်ခြား‌ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခြင်းအပြင် ကရင်ဒုံးအက၊ ဝါးညှပ်အကများဖြင့် နှစ်သစ်ကူး ‌ကောက်သစ်စားပွဲ အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

“နှစ်သစ်ကူး‌နေ့နဲ့ DKBA ‌နေ့ တစ်ရက်တည်း ကျင်းပခွင့်ရတာ ဂုဏ်ယူစရာပါ။ ဒီ‌နေ့ ကျ‌နော်‌ပြောချင်တာက လူထုရှိရင် တပ်မ ‌တော်ဆိုတာ ရှိရမှာပဲ။ ပြည်သူက တပ်မ‌တော်ကို ချစ်ရမယ်။ တပ်မ‌တော်က ပြည်သူကို မဆန့်ကျင်ရဘူး။ အမျိုးသားလွတ် ‌မြောက်‌ရေးအတွက် စိတ်သစ်ကိုယ်သစ်နဲ့ နှစ်သစ်မှာ ‌လျှောက်လှမ်းရမယ်”ဟု DKBA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောမို‌ရှေးက ‌ပြောသည်။

၎င်းအပြင် အခမ်းအနား တက်‌ရောက်လာသည့် နိုင်ငံ‌ရေးလှုပ်ရှားသူ ‌နော်အုန်းလှက“ကရင်အမျိုးသားများအားလုံး ဒီ‌နေ့သစ်မှာ ‌ပျော်ရွှင်ချမ်း‌မြေ့ပါ‌စေ။ ဒီ‌နေရာမှာ နှစ်သစ်ကူး လာ‌ရောက်ဆင်နွှဲရတဲ့အတွက် ဒီက ပြည်သူ‌တွေနဲ့ ရင်းနှီးလာတယ်။ ကရင်အမျိုး သား‌တွေရဲ့ စည်းလုံးညီညွတ်‌ရေးအတွက် ကျမတို့ကို ပြတာလည်းပါတယ်။ ကျမတို့ ကရင်အမျိုးသား‌ရှေ့‌ရေးအတွက် ပူး‌ပေါင်း လုပ်‌ဆောင်သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီဇင်ဘာလ ၁၉ရက်‌နေ့ကတည်းက စတင်ကျင်းပလာခဲ့သည့် ကရင်အမျိုးသား နှစ်သစ်ကူး‌နေ့ပွဲ‌တော်နှင့် DKBA ‌နေ့ အထိမ်းအ မှတ်ပွဲ‌တော်တွင် မြန်မာ-ထိုင်း ရိုးရာလက်‌ဝှေ့စိန်‌ခေါ်ပွဲ၊ ကရင်ရိုးရာ ဒုံးအက၊ ကရင်စတိတ်ရှိုး၊ ဇာတ်သဘင်‌ဖျော်‌ဖြေမှု၊ ‌ဘောလုံး၊ ‌ဘော်လီ‌ဘောနှင့် တခြားအားကစားပြိုင်ပွဲအချို့ကိုလည်း ပြုလုပ်ခဲ့သည်။
DKBA တပ်ဖွဲ့သည် KNU မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ၁ဝနှစ်‌ကျော်ကြာ ပူး‌ပေါင်းခဲ့ပြီး အများစုမှာ နယ်ခြား‌စောင့်တပ်(BGF)အ ဖြစ်သို့ ကူး‌ပြောင်းခဲ့ပြီး ဗိုလ်ချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ကလို့ထူး‌ဘောအဖွဲ့ကမူ အစိုးရနှင့် ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခဲ့ပြီး တနှစ်နီးပါးတွင် အပစ်အခတ်ရပ်စဲ‌ရေး ရယူခဲ့ပြန်သည်။