Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် လူမျိုးစုကိုယ်စားလှယ်များ ပါဝင်ခွင့်ပြု‌ရေး ပဲခူးတိုင်း စာယဉ်ထုတ်ပြန်ချက်အ‌ပေါ် လူထု‌ဝေဖန်

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် လူမျိုးစုကိုယ်စားလှယ်များ ပါဝင်ခွင့်ပြု‌ရေး ပဲခူးတိုင်း စာယဉ်ထုတ်ပြန်ချက်အ‌ပေါ် လူထု‌ဝေဖန်

1516

ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

နိုင်ငံ‌ရေးပြဿနာများကို နိုင်ငံ‌တော်အဆင့် ‌ဆွေး‌နွေးပွဲများပြုလုပ်ရာ၌ လူမျိုးစုအလိုက် တိုင်းရင်းသားကိုယ်စားလှယ်များ မဖြစ်မ ‌နေ ပါဝင်ခွင့်ပြု‌ရေးအတွက် ဒီဇင်ဘာ ၂၁ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ၏ ‌ကြေညာချက်အ‌ပေါ် ‌ဒေသခံများက ‌ဝေဖန်မှုများရှိခဲ့သည်။

ယ‌နေ့ဖြစ်‌ပေါ်‌နေ‌သော ပြည်တွင်း‌ရေးရာပြဿနာများ ‌ပြေလည်‌စေ‌ရေးအတွက် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအ‌နေဖြင့် နိုင်ငံ ‌တော်အဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများပြုလုပ်ရာတွင် လူမျိုးစုအလိုက် အဓိကကျသည့် တိုင်းရင်းသားကိုယ်စားလှယ်များ မဖြစ်မ‌နေ ပါဝင်မှသာလျှင် တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးကို ဖြစ်ထွန်းမည်ဟု ယုံကြည်ပါ‌ကြောင်း၊ ပါဝင်နိုင်‌ရေးစီစဉ်‌ပေးရန် တိုက် တွန်း‌ကြောင်း ယင်း‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ကရင်‌ရေးရာဝန်ကြီး ‌စောဂျူပလီစံလှက နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး ‌နွေး‌ရေးအတွက် ‌လေးပွင့်၊ ‌ခြောက်ပွင့်၊ ဆယ့်နှစ်ပွင့်ဆိုင် စသဖြင့် ‌တောင်းဆို‌နေမှုများကို မှတ်ချက် မပြုလို‌သော်လည်း တိုင်းရင်း သားလူမျိုးစုအလိုက် ပါဝင်မှသာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိမည်ဖြစ်သည်ဟု ထင်မြင်သည့်အတွက် သ‌ဘောထားထုတ် ပြန်ကာ ‌တောင်းဆိုရခြင်းဖြစ်သည်ဟု ‌ပြောသည်။

“‌လေးပွင့်၊ ‌ခြောက်ပွင့်၊ ဆယ့်နှစ်ပွင့်တို့ ဘာမှမ‌ပြောလိုဘူး။ တိုင်းရင်းသား‌တွေပါဖို့ ၇မျိုးရှိတာ တစ်ဦးချင်း သ‌ဘောထား ‌ပြောနိုင် ‌အောင်လို့ လမ်းရှိရမှာ‌ပေါ့။ ကိုယ်တို့ စာ‌ပေ‌တွေသင်နိုင်‌အောင် တည်ငြိ်မ်‌အေးချမ်းဖို့ လိုတယ်‌လေ။ အဲ့ဒါ‌တွေ‌ဆွေး‌နွေးရင် ကိုယ် တို့လည်း မပါလို့‌တော့ ပြည့်စုံမှာ မဟုတ်ဘူး‌လေ”ဟု ‌စောဂျူပလီစံလှက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ခေတ်အ‌ခြေအ‌နေအရ လူတိုင်းလွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆိုခွင့်ရှိသည့်အ‌လျောက် ကရင်‌ရေးရာဝန်ကြီးတွင် ထိုအခွင့်အ‌ရေးရှိ ‌သော်လည်း ကရင်လူထုကိုယ်စားဟု သုံးနှုန်းမှုများကို စဉ်းစားချင့်ချိန်သင့်သည်ဟု ယင်းသ‌ဘောထားထုတ်ပြန်ချက်အ‌ပေါ် ပဲခူး တိုင်း‌ဒေသကြီး၊ မင်းလှမြို့နယ်‌ဒေသခံ ‌စောညီညီ‌အောင်က ယခုလို ‌ထောက်ပြ‌ပြောဆိုသည်။

“ပွင့်ပွင့်လင်းလင်း‌ဝေဖန်ရင် ကြိုက်ချင်မှကြိုက်မယ်။ ဒီ‌ခေတ်မှာ ‌ဝေဖန်တာကို‌တော့ လက်ခံရမယ်။ ကိုယ့်လူမျိုးပဲ ဦး‌ဆောင်‌စေ ချင်လို့ သူ့ကို ‌ရွေးချယ်ထားတယ်။ အရိပ်မလွတ်တာ၊ အ‌နှောင်အဖွဲ့ မလွတ်ကင်းတာ၊ အင်အားကြီးတဲ့အဖွဲ့က‌ပြောလို့ အဲ့ဘက်ကို လိုက်တာမျိုး မဖြစ်သင့်ဘူး။ ကိုယ့်မူနဲ့ ကိုယ်သွား‌စေချင်တယ်။ ‌တောင်းဆိုမှု သ‌ဘောထားအမြင်တစ်ခုက တကယ့်ကို သွား‌နေ တဲ့အရှိန်ကို တွန်းအား‌ပေးမှာလား။ ‌နှောင့်‌နှေး‌စေမှာလားဆိုတာကို ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ စဉ်းစား‌စေချင်တယ်”ဟု ၎င်းက ‌ပြောသည်။

ပဲခူးမြို့ခံ ‌စောက‌ပေါ်မူးကလည်း “ပဲခူးမှာက နိုင်ငံ‌ရေးစိတ်ဝင်စားသူ နည်းတယ်။ ပဲခူးတိုင်း ကရင်လူထုကိုယ်စားဆိုရင် ဒါကိုအသိ ‌ပေးပြီး လူထုကို နားလည်‌အောင် ရှင်းပြရမှာ‌ပေါ့။ စာယဉ်က နိုင်ငံ‌ရေးအ‌ကြောင်း ‌ဆွေး‌နွေးမယ်ဆိုရင် နိုင်ငံ‌ရေးပါတီလို ဖြစ်‌နေ လို့‌ပေါ့။ တိုင်းစာယဉ်က စာယဉ်အလုပ်ကိုပဲ ပီပီပြင်ပြင်လုပ်ပါလို့ ‌ပြောချင်တယ်”ဟု ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးက ဦး‌ဆောင်ကာ တိုင်းအဆင့် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီကို ယခုနှစ် ‌မေလအတွင်းက ဖွဲ့စည်းခဲ့ပြီး ပဲခူးတိုင်းအတွင်းရှိ အစိုးရ‌ကျောင်းများ၌ ကရင်စာ‌ပေသင်ကြား‌ရေးကိစ္စရပ်များကို ဦး‌ဆောင်လုပ်ကိုင်လာခဲ့‌သော်လည်း ယခု ပထမဦးဆုံးအကြိမ် သ‌ဘောထားထုတ်ပြန်ခြင်းဖြစ်သည်။