Home သတင်း ၂၀၁၅‌ရွေး‌ကောက်ပွဲပြိုင်မည့် အမျိုးသမီးများအား မဲ‌ပေးနိုင်ရန် ကရင်ပြည်နယ်တွင် စည်းရုံးလှုံ့‌ဆော်

၂၀၁၅‌ရွေး‌ကောက်ပွဲပြိုင်မည့် အမျိုးသမီးများအား မဲ‌ပေးနိုင်ရန် ကရင်ပြည်နယ်တွင် စည်းရုံးလှုံ့‌ဆော်

1627

ဒီဇင်ဘာ ၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွန့်‌သောင်း

လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးများအား မဲဆန္ဒ‌ပေးနိုင်ရန် Vote for Women ‌ခေါင်းစဉ် ဖြင့် ကရင်ပြည်နယ် အမျိုးသမီးကွန်ယက်မှ စည်းရုံးလှုံ့‌ဆော်ပွဲ(campaigning)တစ်ခုကို ဖားအံမြို့၊ အဂ္ဂ‌ပေဘုရား‌ကျောင်း၌ နိုဝင် ဘာ ၂၈ရက်‌နေ့က ပြုလုပ်ကျင်းပခဲ့သည်။

အမျိုးသမီးများ နိုင်ငံ‌ရေးတွင် ဝင်‌ရောက်လုပ်‌ဆောင်နိုင်‌ရေး၊ နိုင်ငံ‌ရေး အသိအမြင်များ တိုးပွားလာ‌စေ‌ရေးနှင့် လာမည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေးခံ၍ လုပ်နိုင်ကိုင်နိုင်သည့် အမျိုးသမီးများအတွက် မည်သို့ မဲ‌ပေးသွားမည် စသည့် အသိအမြင်ကျယ်လာ‌စေရန် ရည်ရွယ်လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်အမျိုးသမီးကွန်ယက်မှ ဒုတိယ ဥက္ကဌ နန်း စန်းစန်းဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်ပြည်နယ်မှာ ကျမတို့အမျိုးသမီးများဟာ နိုင်ငံ‌ရေးနယ်ပယ်မှာ လုပ်နိုင်ကိုင်နိုင်တဲ့ အမျိုးသမီးအများအပြား ရှိပါတယ်။ ဒါ‌ပေမယ့် ‌နေရာမရကြဘူး။ အမျိုးသားနဲ့ ယှဉ်ကြည့်ပါ။ ဒီအမျိုးသမီးကလည်း လုပ်နိုင်ကိုင်နိုင်တယ်ဆိုရင် မဲ‌ပေးကြဖို့ အဓိက ရည်ရွယ်ပြီး ဒီကဲန်ပိန်းကို ကျမတို့ လုပ်တာပါ”ဟု နန်းစန်းစန်းဝင်းက ‌ပြောသည်။
???????????????????????????????
မြန်မာ့နိုင်ငံ‌ရေးတွင် အမျိုးသမီးများ ပါဝင်မှု အလွန်အားနည်း‌သေးသဖြင့် ပြည်‌ထောင်စုလွှတ်‌တော်တွင် နန်းဝါနု၊ နန်း‌စေးအွာ တို့ကဲ့သို့ အမျိုးသမီးပါဝင်မှုမှာ တစ်ဆယ်ရာခိုင်နှုန်းသာသာရှိသည့်အတွက် နိုင်ငံ‌ရေးတွင် အမျိုးသမီးများ ထိုထက်မက ပါဝင်ရန် လိုအပ်သည်ဟု ပွဲစီစဉ်သူလည်းဖြစ်သည့် သူမက ဆက်‌ပြောသည်။

ထို‌နေ့နံနက် ၉နာရီမှ ည‌နေ ၄နာရီအထိ ကျင်းပခဲ့သည့် ယင်းစည်းရုံးလှုံ့‌ဆော်ပွဲတွင် ဖားအံမြို့နယ်ရှိ ‌ဒေသခံလူထုနှင့် အမျိုးသမီး များ စုစု‌ပေါင်း ၅ဝဦး‌ကျော် တက်‌ရောက်ကာ ကရင်ပြည်နယ်အမျိုးသမီးကွန်ရက်မှ အမျိုးသမီးနှင့် နိုင်ငံ‌ရေး၊ လာမည့် ၂၀၁၅ ‌ရွေး ‌ကောက်ပွဲတွင် ပွင့်လင်းမှုနှင့် တရားမျှတမှု ရှိမရှိ အပြန်အလှန်‌ဆွေး‌နွေးခြင်း၊ မဲ‌ပေးပုံ‌ပေးနည်းများ စသည်တို့ကို ‌ဟော‌ပြော‌ဆွေး ‌နွေးခဲ့သည်ဟု သိရသည်။

စည်းရုံးလှုံ့‌ဆော်ပွဲတက်‌ရောက်ခဲ့သည့် ဖားအံမြို့သူ နန်းမြ‌အေးက “အမျိုးသမီးအတွက် ဒီလိုမျိုး အမြင်ဖွင့်တာ‌တွေ များများလုပ် ‌ပေးသင့်တယ်။ နိုင်ငံ‌ရေးမှာ အမျိုးသမီးများအတွက် ဘယ်‌လောက်အ‌ရေးပါသလဲဆိုတာရယ်၊ အမျိုးသမီးများ နိုင်ငံ‌ရေးနယ်ပယ် ‌တွေမှာ ‌ရောက်လာနိုင်ဖို့ ကျမတို့ ဘယ်လိုမဲ‌ပေးကြမလဲဆိုတာ သိခွင့်ရသွားပါတယ်။ ကရင်ပြည်နယ်‌ရော၊ ပြည်မ‌တွေမှာပါ နိုင်ငံ ‌ရေးမှာ အမျိုးသား‌တွေ ဦး‌ဆောင်‌နေသလိုမျိုး အမျိုးသမီး‌တွေလည်း နိုးကြားသင့်ပါပြီ”ဟု ‌ပြောသည်။

ကရင်ပြည်နယ်အမျိုးသမီးကွန်ယက်ကို ‌ကော်မတီဝင် ၁၅ဦးဖြင့် ၂၀၁၃ခုနှစ်က ဖားအံမြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် ‌နော်ခရစ္စတီးနာ၊ ဒုတိယ ဥက္ကဌ နန်းစန်းစန်းဝင်း၊ အတွင်း‌ရေးမှူး ‌ဒေါ်စိုးစိုး‌အေးနှင့် တွဲဖက် အတွင်း‌ရေးမှူး မအိအိထားတို့ ဖြစ် သည်။

၎င်းကွန်ယက်အဖွဲ့သည် ဖားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ သံ‌တောင်ကြီး စသည့်မြို့နယ်များတွင် ‌ဒေသခံအမျိုးသမီးများအား အလားတူ အမြင်ဖွင့် ကဲန်ပိန်း‌ပေါင်း ၁ဝကြိမ်‌ကျော် လိုက်လံလုပ်‌ဆောင်ခဲ့ပြီး ထိုသို့ ကန်ပိန်းများ ပြုလုပ်နိုင်ရန် ရန်ကုန်မြို့ အ‌ခြေ စိုက် Women’s Organizations Network Of Myanmar (WON)နှင့် People in Need(PIN) စသည့်အဖွဲ့တို့မှ ‌ထောက်ပံ့ကူညီ ‌ကြောင်း သိရသည်။